ယူကေမှာ ၁၈ နှစ်အောက်ကို အားဖြည့်အချိုရည်ရောင်းခွင့်ပိတ်ဖို့ စီစဉ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အားဖြည့်အချိုရည်တွေကို ကလေးတွေကို ရောင်းချခြင်း မပြုနိုင်ဖို့ ယူကေမှာ စီစဉ်နေ

အင်္ဂလန်မှာ အားဖြည့်အချိုရည်တွေကို ၁၈ နှစ်အောက် ကလေးတွေကို ရောင်းချခွင့် ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီအားဖြည့်အချိုရည်တွေမှာ သကြားနဲ့ ကဖင်းဓာတ် အများအပြား ပါဝင်ပြီး ဒါဟာ အဝလွန်ရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးတွေကို အားဖြည့်အချိုရည် ရောင်းချခွင့်ကို တရားမဝင်တာဖြစ်တယ်ဆိုတာ ပြုလုပ်ဖို့ အများပြည်သူ လူထုနဲ့ တိုင်ပင် နှီးနှော ဆွေးနွေးဖို့ စီစဉ်နေပါတယ်။

Image caption အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းနဲ့ သကြားပမာဏ

ဘယ်အရွယ်ကို ပိတ်ဖို့သင့်တယ်ဆိုတာကို အစိုးရက လူထု အမြင်ကို ပြန်စစ်တမ်းကောက် နေပါတယ်။ အများစုကတော့ အသက် ၁၆ နှစ်အောက်နဲ့ ၁၈ နှစ်အောက်တွေကို ပိတ်သင့်တယ်လို့ ဖြေပါတယ်။

စကော့တလန်၊ မြောက်ပိုင်း အိုင်ယာလန်နဲ့ ဝေလနယ်တွေမှာတော့ ဒီပိတ်ပင်မှုမျိုး လုပ်နိုင်ဖို့ရာ သူတို့ဘာသာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာရှိပါတယ်။

ယူကေ ဆယ်ကျော်သက်တွေဟာ ဥရောပမှာ အားဖြည့်အချိုရည် အများဆုံး ဝယ်သောက်သုံးတဲ့ စားသုံးသူတွေ ဖြစ်တယ်လို့ သုတေသန သမားတွေက ဆိုပါတယ။

ဒီအချိုရည်တွေထဲမှာ ပါဝင်တဲ့ သကြားနဲ့ ကဖိန်းပမာဏဟာ တခြားပုံမှန်ဖျော်ရည်တွေထက် ပိုများပါတယ်။

ဒါကြောင့် အဝလွန်တာတွေ သွားယိုယွင်းပျက်စီးတာတွေ ခေါင်းကိုက်ခြင်းနဲ့ အိပ်မပျော်ခြင်း ပြဿနာတွေ ကို ဆယ်ကျော်သက်တွေ ရင်ဆိုင်နေရပါတယ်။

ဆက်စပ် အကြောင်းအရာများ