အဆိုတော် ဘိုနို အသံဝင်လို့ ဘာလင် ရှိုးပွဲ ရပ်လိုက်ရ

ဓာတ်ပုံ မူပိုင် EPA
Image caption U2အဖွဲ့က အဆိုတော် ဘိုနို

U2အဖွဲ့က အဆိုတော် ဘိုနို အသံဝင်သွားလို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ စတိတ်ရှိုးကို ရပ်လိုက်ရပါတယ်။ ဒါကြောင့် ဒီစတိတ်ရှိုးကို ကြည့်တဲ့ U2အဖွဲ့ရဲ့ ပရိသတ်တွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

စတိတ်ရှိုးမှာ သီချင်းတချို့ကို ဆိုခဲ့ပြီးတဲ့နောက်မှာ အဆိုတော် ဘိုနိုက သီချင်းကို ဆက်ဆိုနိုင်မှာ မဟုတ်ဘူးလို့ ကြေညာ လိုက်ပါတယ်။

ဒီနောက်ပွဲကို ခဏနားခဲ့ပေမယ့် နောက်ပိုင်းမှာ စတိတ်ရှိုးကို ဖျက်သိမ်းလိုက်တယ်လို့ ကြေညာခဲ့သလို နောက်ထပ် စတိတ်ရှိုး တွေ ထပ်စီစဉ်ပေးမယ်လို့ ဘိုနိုက ကတိပေးခဲ့ပါတယ်။

အခိုးအငွေ့တွေ ထုတ်တဲ့ စက်က သူရဲ့အသံကို ထိခိုက်ခဲ့တယ်လို့ ဘိုနိုက ကြေညာခဲ့တယ်လို့ တချို့ပရိသတ်တွေက ပြောပါတယ်။

စတိတ်ရှိုးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေပေါ် တင်လာတဲ့ ဗွီဒီယိုဖိုင်မှာ ဘိုနိုက ချောင်းဆိုးပြီး ပရိသတ်တွေကို တောင်းပန်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA

ဒီပွဲမတိုင်ခင်မှာ ဘိုနိုရဲ့ အသံက အကောင်းဆုံးအခြေအနေမှာ ရှိနေတာကြောင့် ဘာလင်မှာ ဒုတိယပွဲကို စီစဉ်ခဲ့ပေမယ့် သီချင်း တချို့ဆိုပြီး သူ့အသံဝင်သွားတယ်လို့ U2 အဖွဲ့က ထုတ်ပြန်ပါတယ်။

ဘာဖြစ်သွားသလဲဆိုတာ မသိသေးပေမယ့် ဆရာဝန်တွေရဲ့ အကြံဉာဏ်ကို ရယူရမယ်လို့လည်း ဆိုပါတယ်။ Red Flag Dayဆိုတဲ့ သီချင်းကို ဆိုနေစဉ်မှာ ဘိုနို အသံဝင်သွားတာလို့လည်း ပွဲကြည့် ပရိသတ်တွေက ပြောပါတယ်။

စတိတ်ရှိုးပွဲကို ကြည့်နေတဲ့ အမေရိကန် မင်းသမီး Ashley Juddက ပရိသတ်က ဘိုနိုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါဟာ U2အဖွဲ့ရဲ့ Experience + Innocence ခရီးစဉ်ရဲ့ ဒုတိယညမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ