စစ်သွေးကြွတွေကို အရေးမယူလို့ ပါကစ္စတန်ကို အကူငွေ အမေရိကန် ဖြတ်

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရ Koné Faulknerက ဒီငွေကြေး တွေကို တခြား အရေးပေါ် သုံးရမယ့် နေရာမှာ သုံးမယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရ Koné Faulknerက ဒီငွေကြေး တွေကို တခြား အရေးပေါ် သုံးရမယ့် နေရာမှာ သုံးမယ်လို့ဆိုပါတယ်။

စစ်သွေးကြွတွေကို အရေးမယူလို့ ပါကစ္စတန် နိုင်ငံကို ပေးနေတဲ့ အကူငွေ ဒေါ်လာ သန်း ၃၀ဝကို အမေရိကန် ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပါတယ်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရ Koné Faulknerက ဒီငွေကြေး တွေကို တခြား အရေးပေါ် သုံးရမယ့် နေရာမှာ သုံးမယ်လို့ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့တွေကို ပစ်မှတ်ထားဆောင်ရွက်ဖို့ ပါကစ္စတန်ကို ဆက် ဖိအားပေးသွားမယ်လို့လည်း သူက ပြောပါတယ်။ အခုလို ရပ်ဆိုင်းလိုက်တာကို ကွန်ဂရက်ရဲ့ အတည်ပြုချက်ကို ရယူဖို့ လိုနေပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeoက ပါကစ္စတန်ကို သွားရောက်ပြီး ဝန်ကြီးချုပ် အင်မရန်ခန်းနဲ့ မတွေ့ဆုံမီမှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီလို အကူအညီတွေ ဖြတ်တောက်တာနဲ့ ပတ်သက်ပြီး ပါကစ္စတန်ဘက်ကတော့ တစုံတရာ ပြောဆိုတာ မရှိပါဘူး။

ပါကစ္စတန်ဟာ အကြမ်းဖက်သမား ကွန်ရက်တွေကို ခိုလှုံခွင့်ပေးထားပြီး အာဖဂန် နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဖြစ်အောင် ခွင့်ပြုထားတယ်လို့ အမေရိကန်နဲ့ တခြား နိုင်ငံတွေက စွပ်စွဲလေ့ ရှိပါတယ်။ ဒီစွပ်စွဲချက်ကို ပါကစ္စတန်ဘက်ကတော့ ငြင်းဆန် ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeoက ပါကစ္စတန်ကို သွားရောက်ပြီး ဝန်ကြီးချုပ် အင်မရန်ခန်းနဲ့ မတွေ့ဆုံမီမှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ လှုပ်ရှားနေပြီး အာဖဂန်မှာ တိုက်ခိုက်ရေးတွေ လုပ်နေတယ် ဆိုတဲ့ စစ်သွေးကြွ အဖွဲ့တွေထဲမှာ Haqqani ကွန်ရက်လည်း ပါဝင်ပါတယ်။

ဒီကွန်ရက်ဟာ အာဖဂန်အစိုးရကို အဓိက ခြိမ်းခြောက်နေတဲ့ အာဖဂန် တာလီဘန် တွေနဲ့ ချိတ်ဆက်မှု ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီအဖွဲ့နဲ့ ချိတ်ဆက်နေတဲ့ ပါကစ္စတန် နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ကလည်း ရှိနေပါတယ်။

Haqqani ကွန်ရက်နဲ့ အာဖဂန် တာလီဘန်တွေရဲ့ အာဖဂန်နစ္စတန်မှာ လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန် အရာရှိတွေ၊ တပ်ဖွဲ့တွေ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ,

အာဖဂန် တာလီဘန်အဖွဲ့ကို အသုံးပြုပြီး နိုင်ငံခြားရေး မူဝါဒ အကျိုးရှိအောင် အသုံးချနေတယ်လို့ ပါကစ္စတန်က စွပ်စွဲခံနေရ ပါတယ်။

အာဖဂန် တာလီဘန်အဖွဲ့ကို အသုံးပြုပြီး နိုင်ငံခြားရေး မူဝါဒ အကျိုးရှိအောင် အသုံးချနေတယ်လို့ ပါကစ္စတန်က စွပ်စွဲခံနေရ ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မဟာမိတ် ပါကစ္စတန် နိုင်ငံဟာ အကြမ်းဖက်သမား ကွန်ရက်ကို အရေးယူ ဆောင်ရွက်ခြင်းမရှိဘူးဆိုပြီး အမြဲ ဝေဖန်လေ့ရှိပါတယ်။

ဒါ့အပြင် ဒေါ်လာ ဘီလီယံနဲ့ချီ ရယူပြီး အမေရိကန်ကို လိမ်လည်ဖို့ ကြိုးစားတယ်လို့ ပါကစ္စတန်ကို အမေရိကန်သမ္မတ ထရမ့်က အစောပိုင်းက စွပ်စွဲလိုက်ပါတယ်။

ပါကစ္စတန်ကို ပေးနေတဲ့ လုံခြုံရေး အကူအညီတွေကို ရပ်တန့်မယ်လို့ ဇန်နဝါရီလမှာ အမေရိကန်က ကြေညာခဲ့ပါတယ်။