ဖိလစ်ပိုင်မှာလည်း အင်အားပြင်း တိုင်ဖွန်း မုန်တိုင်း ဝင်ရောက်

ဓာတ်ပုံ မူပိုင် EPA
Image caption မုန်တိုင်း ဒဏ်ကြောင့် ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်း တွေလည်း ပြတ်တောက် လျှက် ရှိနေ

ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်းမှာ တိုင်ဖွန်း မုန်တိုင်း မန်ကွတ် ကြောင့် မိုး အဆက်မပြတ် ရွာသွန်း နေပြီး လေပြင်း တိုက်ခတ် မှုတွေကြောင့် ပျက်စီး ဆုံးရှုံး မှုတွေ ရှိခဲ့ပါတယ်။

တူဂါဂရောင်း မြို့က နေအိမ် အားလုံး နီးပါး ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း အစိုး ရ တာဝန် ရှိသူ က ပြောပါတယ်။ နောက်ပြီး မုန်တိုင်း ဒဏ်ကြောင့် ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်း တွေလည်း ပြတ်တောက် လျှက် ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလော အချိန် အထိတော့ မုန်တိုင်း ကြောင့် လူ ထိခိုက် သေဆုံး တဲ့ သတင်း တွေကို တော့ မရရှိသေးပါဘူး။

တိုင်ဖွန်း မန်ကွက် ဟာ လေတိုက် နှုန်း တနာရီကို ၁၁၅မိုင် ရှိပြီး လူ ပေါင်း ၄ သန်း လောက် ဟာ မုန်တိုင်း ဒဏ် ကို ခံစား နေရပါတယ်။

မုန်းတိုင်း လမ်းကြောင်း ထဲ က ပင်လယ်နဲ့ နီးစပ်တဲ့ ဒေသ တွေမှာ လှိုင်း လေ ပြင်းထန် ပြီး ရေကြီးမြင့်မှု တွေ ဖြစ်ပေါ် နိုင်တဲ့ အတွက် အဲဒီမှာ နေထိုင် တဲ့ ထောင် နဲ့ ချီ တဲ့ လူတွေကိုလည်း အရေးပေါ် ပြောင်းရွှေ့ ပေးထားရပါတယ်။

တိုင်ဖွန်း မန်ကွတ် ဟာ တရုတ် နိုင်ငံ တောင်ပိုင်း ဆီကိုလည်း ဦးတည် နေပြီး လူဦးရေ ထူထပ် စွာ နေထိုင်တဲ့ ကမ်းရိုးတန်း ဒေသ တွေဆီ ကို အခု လာမယ့် ရက်ပိုင်းမှာ ဝင်ရောက် တိုက်ခတ် နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လူ ပေါင်း ၄ သန်း လောက် ဟာ မုန်တိုင်း ဒဏ် ကို ခံစား နေရ

ဖိလစ်ပိုင် နိုင်ငံမှာ ၂၀၁၃ ခုနှစ် တုန်း က လည်း အင်အား ပြင်းထန်တဲ့ စူပါ တိုင်ဖွန်း ဟိုင်ယန် ဝင်ရောက် ခဲ့ဖူးပြီး လူ ခုနှစ်ထောင် လောက် သေကြေ ခဲ့ပါတယ်။

ကနဦးတုန်းက တိုင်ဖွန်း မန်ကွတ် ကိုလည်း စူပါ တိုင်ဖွန်း အဆင့်သတ်မှတ် ခဲ့ပေမယ့် စက်တင် ဘာလ ၁၅ ၇က် ဒီကနေ့ မနက်ပိုင်းမှာတော့ အင်အား ပြင်းထန်မှု အဆင့် ကို လျော့ချ ပြီး တိုင်ဖွန်း အမျိုးအစား အဆင့် ၄ ကို ပြောင်းလဲ သတ်မှတ် ခဲ့ပါတယ်။

ပစိဖိတ် သမုဒ္ဒရာ ထဲမှာ စတင် ခဲ့တဲ့ တိုင်ဖွန်း မန်ကွတ် ရဲ့ အကျယ်အဝန်း ပမာဏ က ကီလိုမီတာ ကိုးရာကျော် ရှိပြီး ဖိလစ်ပိုင် နိုင်ငံ ဘက်ကို ဦးတည် နေတာ ဖြစ်ပါတယ်။

Image caption မန်ကွတ် တိုင်ဖွန်း မုန်တိုင်း ဟာ မနက်ဖန် တနင်္ဂနွေ နေ့မှာ ဟောင်ကောင် ဘက် ကို ဝင်ရောက်မှာ ဖြစ်

ကမ္ဘာမှာ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ တိုင်ဖွန်း မုန်တိုင်း အမျိုးအစား တွေထဲက အင်အား အပြင်းထန် ဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်ကြောင်း ကမ္ဘာ့ မိုးလေဝသ အဖွဲ့အစည်း WMO ကလည်း ကြေညာ ထားပါတယ်။

ဖိလစ်ပိုင် ကြက်ခြေနီ အသင်း က လူမှုကွန်ရက် ပေါ်မှာ တိုင်ဖွန်း မုန်တိုင်း စတင် ဝင်ရောက် လျှက် ရှိနေတာ ကို တင်ထားပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီး ပြိုကျ မှုတွေ ဖြစ်ပေါ် နေတာ ကို မြင်တွေ့ ရပါတယ်။

အဲဒီ ဒေသ က လူတွေ အနေနဲ့ မုန်တိုင်း ကျရောက်စဉ်မှာ အိမ်တွင်း မှာသာ နေထိုင် ကြဖို့ တာဝန် ရှိသူတွေ က တိုက်တွန်း နေပါတယ်။ မန်ကွတ် တိုင်ဖွန်း မုန်တိုင်း ဟာ မနက်ဖန် တနင်္ဂနွေ နေ့မှာ ဟောင်ကောင် ဘက် ကို ဝင်ရောက်မှာ ဖြစ်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူ တွေက ပြောဆို နေပါတယ်။