ဘီယွန်းဆေး ကို ဂီတလောကရဲ့ အင်အားအကြီးဆုံး အမျိုးသမီးအဖြစ် ဘီဘီစီ အမျိုးသမီး အစီအစဉ်က သတ်မှတ်

Beyonce ဓာတ်ပုံ မူပိုင် Getty Images
Image caption ဣတ္ထိယ ဝါဒ၊ လှုပ်ရှား တက်ကြွမှု၊ စီးပွားရေး ဆုံးဖြတ်ချက်ကောင်းမှုနဲ့ ဂီတစာသားတွေ အားကောင်းမှုကြောင့် ရှေ့ကပြေး

သူ့ကိုယ်သူ လူမည်းထဲက ဘီလ်ဂိတ် လို့ ပြောတတ်တဲ့ ဘီယွန်းဆေးပါ။

ဣတ္ထိယ ဝါဒ၊ လှုပ်ရှား တက်ကြွမှုနဲ့ ဂီတစာသားတွေ အားကောင်းမှုကြောင့် ဘီယွန်းဆေးကို ဘီဘီစီက ဂီတလောကရဲ့ သြဇာအကြီးဆုံး အမျိုးသမီး ၄ဝ စာရင်းမှာ ထိပ်က ထည့်ထားပါတယ်။

တေလာဆွတ်ဖ်၊ အက်ဒီလီနဲ့ ဒူယာလီပါ တို့လည်း ဒီစာရင်းမှာ ပါပါတယ်။ ဘီဘီစီရဲ့ တေးဂီတနေ့ အဖြစ် ထုတ်ပြန်လိုက်တဲ့ စာရင်း ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိပ်ဆုံး ၁ဝ စာရင်းရွေး

ဒီစာရင်းမှာ ရောင်းအကောင်းဆုံးနဲ့ ကမ္ဘာကျော် အဆိုတော်တွေသာ မက နောက်ကနေ သူတို့ကို ကမ္ဘာကျော်အောင် လုပ်ပေးသူတွေကိုပါ ထည့်ထားပါတယ်။

တတိယ ဆု ချိတ်သူက ဗနက်ဆာ ရိဒ်ပါ။ သူထောင်တဲ့ ပီအာရ်အက်စ် ဖောင်ဒေးရှင်းကနေ ဂီတပွဲတော်တွေမှာ ကျားမ ဖျော်ဖြေသူ အချိုးအစားညီစေဖို့ စည်းရုံးခဲ့သူ ဖြစ်ပါတယ်။

ဒီစာရင်းမှာ ၂ဝ၁၃ က ဘီဘီစီ သံစုံတီးဝိုင်း ပွဲကြီးတွေမှာ အမျိုးသမီး ဂီတမှူး ပထမဆုံး စဖြစ်ခဲ့တဲ့ မာရင် အယ်လ်ဆော့ပ်လည်း ပါပါတယ်။ နောက် ဥရောပရဲ့ ပထမဆုံး လူမည်းနဲ့ လူနည်းစု သံစုံတီးဝိုင်း ကို တည်ထောင်သူ ချစ်ချီ နွားနကူ လည်း ပါပါတယ်။

ဂီတလောကမှာ ကျားမ အချိုး မညီမှုက ဆိုးပါတယ်။ အင်ဂျင်နီယာပိုင်းနဲ့ ထုတ်လုပ်ရေးလို နည်းပညာပိုင်းဆိုင်ရာ အလုပ်တွေမှာပေါ့။ ကာဒီဘီ၊ အက်ဒီလီနဲ့ ဒူယာလီပါ တို့လို နာမည်ကြီးတွေ ရှိတာတောင်မှ ရောင်းအကောင်းဆုံး ဆင်ဂယ် ဓာတ်ပြားစာရင်းမှာ အမျိုးသား အဆိုတော်က ၇၈ ရာခိုင်နှုန်း ရှိပါတယ်။

ဘီဘီစီ အမျိုးသမီး ကဏ္ဍရဲ့ ထိပ်ဆုံး ၁ဝ စာရင်း

၁။ ဘီယွန်းဆေး

၂။ တေလာဆွတ်ဖ်

၃။ ဗနက်ဆာ ရိဒ်၊ ပီအာရ်အက်စ် ဖောင်ဒေးရှင်း

၄။ အက်ဒီလီ

၅။ စတေစီ တန်၊ အာစီအေ ဓာတ်ပြားတိုက် အုပ်ချုပ်ရေး ဒါရိုက်တာ

၆။ ဂျီလီယန် မိုး၊ လန်ဒန် ဆောက်ဘင့်စင်တာ ဂီတ ဒါရိုက်တာ

၇။ ရီဘက်ကာ အယ်လန်၊ ဒက်ကာ ဓာတ်ပြားတိုက် ဥက္ကဋ္ဌ

၈။ မာရင် အယ်လ်ဆော့ပ်

၉။ ချစ်ချီ နွားနကူ

၁ဝ။ မက်ဂီ ခရိုး၊ ဘီပီအိုင်ဓာတ်ပြား အစီအစဉ် ဒါရိုက်တာ

ပြီးခဲ့တဲ့ တနှစ်အတွင်း သူတို့ရဲ့ ဂီတလောကမှာ လှုပ်ရှားမှုတွေကို ကြည့်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။

ဘီယွန်းဆေးဟာ အမေရိကန်က လူမည်းတွေကို အားပေးတယ်၊ မတရားတာတွေကို ထိပ်တိုက်တွေ့တယ် ပြီးတော့ အမျိုးသမီးတွေ အကျိုး သယ်ပိုးတယ်လို့ အကဲဖြတ် တယောက်က ဆိုပါတယ်။

ဂီတစာသားတွေနဲ့တင် လှုပ်ရှားတက်ကြွတာ မဟုတ်ဘဲ ရတဲ့ ငွေကြေးနဲ့ လူမည်းတွေ အရေး၊ ကက်ထရီနာ မုန်တိုင်းက ဒုက္ခသည်တွေ ကိစ္စစတာတွေမှာလည်း ဒီအမျိုးသမီးက ကူညီတယ်လို့ ဆိုပါတယ်။

Image caption သုံးလ အစမ်းကာလမှာ အသုံးပြုသူတွေဆီက အခကြေးငွေရရေး ကုမ္ပဏီတွေကို စည်းရုံးနိုင်တဲ့ တေလာဆွတ်ဖ်

တေလာဆွတ်ဖ် ကိုတော့ ဒီဂျေဟောင်း တယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲပြီး တရားရုံးမှာ အမှုကို အနိုင်ယူနိုင်တာ၊ အက်ပဲနဲ့ စပိုတီဖိုင်းတို့လို ကုမ္ပဏီကြီးတွေဆီက မူပိုင်ခွင့် ကိစ္စတွေမှာ တခြား အနုပညာသည်တွေအတွက် ရပ်ခံ ခဲ့တာကို ချီးကျူးကြပါတယ်။

အမျိုးသမီးကလေးတွေကို ကြံ့ခိုင်တဲ့ မိန်းမတွေ ဖြစ်လာအောင် သူက ပုံသွင်း ပေးခဲ့တယ်၊ သူ့ရဲ့ သြဇာဟာ အနာဂတ်မှာလည်း ဆက်ရှိနေလိမ့်မယ်လို့ ကိုယ်တိုင် ဂီတ ရုပ်သံ ထုတ်လုပ်သူ ဖြစ်တဲ့ ဂျပ်စမင် ဒိုတီဝါလားက ပြောပါတယ်။

၁၈ နှစ် အရွယ်မှာ အိုးအိမ်မဲ့ လင်သားမရှိတဲ့ ကလေးအမေ ဘဝရောက်ပေမယ့် ဂီတပွဲတော် တခုကို စီမံနေတဲ့ ဖီယိုနာ စတီးဝပ်ဆိုတဲ့ မိန်းကလေးကိုလည်း အကဲဖြတ်တွေက သဘောကျကြပါတယ်။

ကုမ္ပဏီကြီးတွေက ပေးတဲ့ စပွန်ဆာကို ငြင်းပြီး ဗီအိုင်ပီ နေရာတွေ မစီစဉ်တဲ့သူ ၊ ဒီစာရင်းမှာ အောက်ရောက်ပေမယ့် ချီးကျူးစရာ ကောင်းတယ်လို့ ဆိုကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အောင်မြင်နေတဲ့ ထိုင်း ဒီဂျေ
ဓာတ်ပုံ မူပိုင် BBC / Press release
Image caption ရီဘက်ကာ အယ်လန်၊ ချစ်ချီ နွားနကူနဲ့ ဂရေစ့်လာဒိုဂျာ

ကျွန်မရဲ့ လိင်ကြောင့် ကျွန်မကို ကန့်သတ်ချုပ်ချယ်စရာ ရှိလိမ့်မယ်လို့ မထင်ခဲ့ကြောင်း First Access Entertainment ရဲ့ အမှုဆောင် အရာရှိချုပ် စတန်းနက် က ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ကြီးစိုးတဲ့ ဖျော်ဖြေရေးလောကမှာ ရှင်သန်အောင် ကြိုးစားရတာ မလွယ်ဘူးလို့လည်း ပြောပါတယ်။

သူ့သမီးရေးတဲ့ စာစီစာကုံးမှာ ဖခင်ရဲ့ မသိစိတ်က လွှမ်းမိုးမှုကို ခံရတဲ့ အမျိုးသမီးတွေ အကြောင်း ဖတ်ရမှပဲ ကျွန်မကို ဒီစာရင်းမှာ ပါအောင်၊ မကျဆုံးရအောင် နောက်က တွန်းနေတဲ့ အားက ဒါပဲလား ဆိုတာ သိရတယ်လို့လည်း စတန်းနက် က မှတ်ချက်ချပါတယ်။

သူ့ရဲ့ အောင်မြင်မှုက စီးပွားရေးလောကမှာ ရှိတဲ့ ကျားမ မညီမျှမှုကို တံတားခင်းပေးရာ ရောက်မယ်၊ တခြားအမျိုးသမီးတွေအတွက် အကူအညီ ဖြစ်မယ်လို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။