သီတင်းကျွတ်လပြည့်ည ကျိုက်ထီးရိုးဘုရား ပုံတော် အပါအဝင် တစ်ပတ်အတွင်း ကမ္ဘာတစ်ဝန်းက မြင်ကွင်းစုံ ဓာတ်ပုံများ
သီတင်းကျွတ် လပြည့်ညမှာ ကျိုက်ထီးရိုး ဘုရားကို ဆီးမီး ပူဇော်ထားတဲ့ မြင်ကွင်း၊ ဗီယက်နမ် ဟနွိုင်းက တိရစ္ဆာန်ရုံ အလုပ်သမားက ရေမြင်းကို အစာကျွေး၊ ဘရာဇီးက ဖက်ရှင် ရက်သတ္တပတ်၊ စပိန် မက်ဒရစ်မြို့က တိရစ္ဆာန်တွေ မြို့တွင်း လှည့်လည်ပွဲ စတဲ့ ပုံရိပ် တွေကို ရှုစားနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, ANN WANG / REUTERS
သီတင်းကျွတ်လပြည့်ညမှာ ဘုရားဖူးတွေက ကျိုက်ထီးရိုးဘုရားကို ဆီမီးတွေနဲ့ ပူဇော်ထားစဉ်။
ဓာတ်ပုံ ရင်းမြစ်, SUSANA VERA / REUTERS
စပိန်နိုင်ငံ မက်ဒရစ်မြို့ထဲ နှစ်စဉ် တိရစ္ဆာန်တွေ စီတန်းလှည့်လည်နေရာမှာ သိုးအုပ်နဲ့ Selfie ရိုက်နေတဲ့ အမျိုးသမီး နှစ်ဦး။
ဓာတ်ပုံ ရင်းမြစ်, JANE BARLOW / PA
စကော့တလန်က စိန့်အန်ဒရှုး တက္ကသိုလ်မှာ ရိုးရာပွဲတော်တခုမှာ အမြှုပ်တွေနဲ့ ပစ်ပေါက် ကစားတဲ့ပွဲတော်ကို ရာနဲ့ချီတဲ့ ကျောင်းသားတွေ ပါဝင်ဆင်နွှဲနေစဉ်။
ဓာတ်ပုံ ရင်းမြစ်, LUONG THAI LINH / EPA
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က တိရစ္ဆာန်ရုံမှာ ရေမြင်းကို အလုပ်သမားတဦးက အစာကျွေးနေစဉ်။ ဒီတိရစ္ဆာန်ရုံမှာ တိရစ္ဆာန် အမျိုးအစား ၈၀ဝ ကျော်ရှိပြီး ဒီအထဲမှာ ရေမြင်း ၃ ကောင်လည်း ပါဝင်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, NELSON ALMEIDA / AFP
ဘရားဇီးနိုင်ငံ Sao Pauloမြို့တော်က ဖက်ရှင် သီတင်းပတ်မှာ ဒီဇိုင်နာ Patricia Viera ဖန်တီးထားတဲ့ ဝတ်စုံကို ဝတ်ဆင်လာတဲ့ မော်ဒယ်။
ဓာတ်ပုံ ရင်းမြစ်, SERGEI GAPON / AFP
ဘီလာရုစ်နိုင်ငံ ပြည်ထဲရေး တပ်ဖွဲ့ဝင်များ အရည်အချင်းစစ် စာမေးပွဲတွင် ပါဝင် စမ်းသပ်ခံနေစဉ်။