ထိုင်း နိုင်ငံ က အိမ်ခြံ မြေ လုပ်ငန်း မှာ ငါးဦးမြောက် အချမ်းသာ ဆုံး စာရင်းဝင် ဘီလျံနာ တယောက်

ဓာတ်ပုံ မူပိုင် LEICESTER CITY FOOTBALL CLUB
Image caption ထိုင်း ၅ ယောက်မြေက် အချမ်းသာဆုံး အိမ်ခြံမြေ သူဌေး

အောက်တိုဘာလ ၂၇ ရက်နေ့ က လက်စတာစီးတီး ပိုင်ရှင် ထိုင်းဘီလျံနာသူဌေး ရဲ့ရဟတ်ယာဉ် ဟာ လက်စတာစီးတီးဘောလုံးကွင်းမှာ ပျက်ကျခဲ့ပြီး မီးလောင်သွားခဲ့ပါတယ်။

ရဟတ်ယာဉ်ထဲမှာ Mr Vichai Srivaddhanaprab လည်းပါသွားတယ်လို့ သူ့မိသားစုနဲ့ရင်းနှီးသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဒါပေမယ့် လက်ရှိ အချိန် အထိ သူသေဆုံး သွားပြီလား ထိခိုက် ဒဏ်ရာ အနာတရ နဲ့ ဆေးရုံ တင်ထား ရသလား ဆိုတာကို အခု အချိန် အထိ အသင်း ဘက် က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဗီချိုင်း စီဝတ်တနာ ဖရာဖာ ဟာ ထိုင်း နိုင်ငံ က အိမ်ခြံ မြေ လုပ်ငန်း မှာ ငါးဦးမြောက် အချမ်းသာ ဆုံး စာရင်းဝင် ဘီလျံနာ တယောက် ဖြစ် တယ်လို့ Forbes မဂ္ဂဇင်း က သတ်မှတ် ထားပါတယ်။

၂၀၁၈ ခုနှစ်မှာ ထိုင်း အိမ်ခြံမြေ သူဌေး ကြီး ရဲ့ ပိုင်ဆိုင်မှု က ထိုင်းဘတ် ၆၂ ဘီလျံ ရှိကြောင်းလည်း အဲဒီ မဂ္ဂဇင်းမှာ ဖော်ပြ ထားပါတယ်။

ထိုင်း နိုင်ငံ က အကြီးဆုံး King Power အကောက်ခွန်မဲ့ ဈေးဆိုင် လုပ်ငန်း ကို တည်ထောင်သူ ဖြစ်ပြီး အဲဒီ ကုမ္ပဏီ ရဲ့ စုစုပေါင်း ရှယ်ယာ ၃၉ ရာခိုင်နှုန်း ကျော် ကို ပိုင်ဆိုင် ထားသူလည်း ဖြစ်ပါတယ်။

ထိုင်း အဲယား အေးရှား ကုမ္ပဏီ မှာလည်း ရှယ်ယာ အများအပြား ပိုင်ဆိုင် ထားပေမယ့် နောက်ပိုင်းမှာ တခြား သူငယ်ချင်း တဦး ဖြစ်သူ ကို ပြန်ရောင်း လိုက်တယ်လို့ သတင်း တွေမှာ ဖော်ပြပါတယ်။

၂၀၁၀ ခုနှစ် ဩဂုတ်လမှာ အင်္ဂလန် ပထမတန်း က မြေခွေး တွေလို့ လူသိ များတဲ့ လက်စတာ စီးတီး ဘောလုံး အသင်း ကို စတာလင်ပေါင် ၃၉ သန်း နဲ့ ဝယ်ယူ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် PETE WHITE
Image caption Walker ဘောလုံး ကွင်း အစား King Power ဘောလုံး ကွင်း အဖြစ် အမည်ပြောင်းလဲ ခဲ့

၂၀၁၁ ခုနှစ် မှာတော့ လက်စတာစီးတီး ဘောလုံး အသင်းရဲ့ မူလ နာမည် Walker ဘောလုံး ကွင်း အစား King Power ဘောလုံး ကွင်း အဖြစ် အမည်ပြောင်းလဲ ခဲ့ပြီး သားဖြစ်သူ အေရာဝတ် ကို ဒုတိယ ဥက္ကဋ္ဌ ခန့်အပ ခဲ့ပါတယ်။

လက်စတာ စီးတီး အသင်းဟာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ရယူ နိုင်ခဲ့ပြီး ဘောလုံး သမား တွေကို BMW I8 တစ်စီးစီနဲ့ စတာလင် ပေါင် တစ်သိန်း စီ ဆုငွေ ချီးမြှင့် ပေးခဲ့ပါတယ်။

ပရီးမီးယား လိဂ် က လက်စတာ စီးတီး အသင်း ကစား သမားတွေ ကိုလည်း မြန်မာ နိုင်ငံ ရွှေတိဂုံ ဘုရား အောင်မြေ ကို ပို့ဆောင် ပေးခဲ့သူ ထိုင်း လူမျိုး တဦး ဖြစ်တဲ့ အပြင် သူကိုယ်တိုင် ကလည်း မကြာခဏ သွားရောက်လေ့ ရှိသူလို့ ရင်းနှီးသူတွေက ပြောပါတယ်။

သူပိုင်ဆိုင်တဲ့ လက်စတာ စီးတီး ချန်ပီယံ ဖြစ်ခဲ့စဉ် မှာ အသင်း ကို အရှေ့တောင် အာရှမှာ အားပေး တဲ့ သူ အများအပြား တိုးမြင့် ခဲ့တယ်လို့ စစ်တမ်း တွေက ဆိုပါတယ်။

Image caption ထိုင်းနိုင်ငံရောက် ပရီးမီးယားလိဂ် ချန်ပီယံလက်စတာ

၂၀၁၇ ခုနှစ်မှာတော့ ဒုတိယ မြောက် ဘောလုံး အသင်း အဖြစ် ဘယ်လ်ဂျီယံ နိုင်ငံက Oud-Heverlee Leuven ကို ဝယ်ယူ ခဲ့ပါတယ်။

သူဟာ ထိုင်း နိုင်ငံသား တရုတ် လူမျိုး မိဘ များ ကနေ မွေးဖွား ခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထိုင်း ဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒတ် ရဲ့ ဘုရင့် သူရဲ ကောင်း ဘွဲ့ဂုဏ်ပြု ချီးမြှင့် ခံရသူပါ။

ထိုင်း အမည် ဆီဝတ်တနာပရာဖာ ဆိုတဲ့ အဓိပ္ပာယ်က တိုးတက်အောင်မြင်မှု ရဲ့ ဂုဏ် ကျက်သရေ အလင်းရောင် လို့ ဆိုကြပါတယ်။

Image caption မြန်မာ နိုင်ငံရောက် လက်စတာ အသင်းသားများ နဲ့ သူတို့ရဲ့ သူဌေးကို တွေ့ရစဉ်

ဆက်စပ် အကြောင်းအရာများ