အီတလီက ဗင်းနစ်မြို့ရဲ့ နေရာတော်တော်များများမှာ လေပြင်းကျ မိုးကြီးလို့ ရေမြုပ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption လေဆင်နှာမောင်းတွေ ဖြတ်ဝင်

အီတလီမှာ လေပြင်းမုန်တိုင်းကျပြီး မိုးကြီးခဲ့လို့ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ဘက်နယ်တွေမှာ အနည်းဆုံး လူ ၁ဝ ယောက် သေဆုံး ခဲ့ရပါတယ်။

တာရာချီနာဆိုတဲ့ ကမ်းရိုးတမ်းမြို့မှာဆိုရင် တစ်နာရီကို မိုင် ၁၁ဝ အထိ ပြင်းတဲ့ လေဆင်နှာမောင်း နှစ်ခု ဖြတ်ဝင်သွားတဲ့ အတွက် လူတွေ သေကြေ ဒဏ်ရာ ရခဲ့သလို၊ အပျက်အစီး ကြီးမားခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ အသွားများပြီး တူးမြောင်းမြို့တော်လို့ တင်စားခေါ်ကြတဲ့ ဗင်းနစ်မြို့မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေပြီး မြို့ရဲ့ ၇၅ ရာခိုင်နှုန်း ရေအောက်ရောက်နေတယ်လို့ ဗင်းနစ် အာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဗင်းနစ်ရဲ့ အထင်ကရနေရာတွေ ရေမြုပ်

လူတွေသွားလာဖို့ ရေပေါ်မှာ ယာယီ သစ်သားဘောင်တွေ ထိုးထားတာမျိုး ဗင်းနစ်မှာ တွေ့နေရပါတယ်။

ဗင်းနစ်မြို့လယ်က စိန့်မာ့ခ်ရင်ပြင်မှာ ဆိုရင် ရေအောက် ၅ ပေ စွန်းစွန်း မြုပ်နေပြီး တနင်္လာ နေ့လယ်ပိုင်းကတည်းက လူ အဝင် မခံတော့ပဲ မသွားဖို့ တားမြစ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယာယီသစ်သားဘောင်တွေပေါ် လမ်းလျှောက်နေရ
ဓာတ်ပုံ မူပိုင် EPA
Image caption စျေးဆိုင်တွေထဲလည်း ရေတွေဝင်နေလို့ ခပ်ထုတ်နေရ
Image caption တိုးရစ်တွေ အလာများတဲ့ နေရာတွေ ရေမြုပ်
Image caption ရေမြုပ်လို့ လူမဝင်ရ တားမြစ်ထား

ဗင်းနစ်ရဲ့ မြောက်ဘက်ပိုင်း ဒေသတွေမှာလည်း သစ်ပင်တွေလဲတာ၊ မြေပြိုတာတွေ ဖြစ်ခဲ့ပြီး ဗီနီတိုး ဆိုတဲ့ အရပ်မှာ ဆိုရင် သစ်ပင်ပိလို့ လူတစ်ယောက် သေဆုံးခဲ့ရသလို၊ အရှေ့မြောက်ပိုင်းနယ် အယ်ဒို အယ်ဒီဂျေမှာ ဆိုရင်လည်း အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။

ထရန်တို ဆိုတဲ့ အရပ်မှာတော့ မြေပြိုတာထဲ ပါသွားတဲ့ လူနေအိမ်တစ်လုံးက အမျိုးသမီးတစ်ဦး သေဆုံး ခဲ့ပြီး၊ ထရန်တို ရေအိုင်ထဲမှာလည်း တံငါသည် တစ်ဦးရဲ့ အလောင်း ပေါ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မြေပြိုတာ သစ်ပင်လဲတာတွေလည်းဖြစ်
ဓာတ်ပုံ မူပိုင် EPA
Image caption သစ်ပင်ပိလို့ သေဆုံးရသူတွေလည်းရှိ

အီတလီ နိုင်ငံတလွှားမှာလည်း လူတွေရဲ့ အသက်အန္တရာယ် ဘေးကင်း လုံခြုံစေဖို့ ခရီးသည်တွေ အလာများတဲ့ နေရာတွေ၊ စာသင်ကျောင်းတွေ နေရာ တော်တော်များများမှာ ပိတ်ထားပါတယ်။