ကမ္ဘာကျော်တဲ့ မက္ကဆီကိုက ကွယ်လွန်သူများနေ့ လှည့်လည်ပွဲ

ဓာတ်ပုံ မူပိုင် AFP

မက္ကဆီကို နိုင်ငံ မက္ကဆီကို မြို့တော်မှာ ကွယ်လွန်သူတွေ အတွက် ရည်စူးပြီး ပွဲလုပ်လေ့ ရှိပါတယ်။

ဒီနှစ်ကတော့ အဲဒီမြို့မှာ တတိယ အကြိမ်မြောက်လုပ်တဲ့ နှစ်လည်း ဖြစ်ပါတယ်။

၂ဝ၁၆ က စတင် ကျင်းပတဲ့ ပွဲဟာ တကယ်တော့ အဲဒီမြို့မှာ ရိုက်တဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကား စပက်ထရာကို အခြေခံပြီး ပေါက်ဖွားလာတာပါ။

ဒီလို ပွဲလုပ်ပြီး ခရီးသွားတွေကို ဆွဲခေါ်မယ်လို့ စီစဉ်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဒီနှစ်မှာတော့ ရွှေ့ပြောင်းဝင်လာသူတွေအတွက် ရည်ရွယ်ပြီး ဆင်နွှဲပါတယ်။

ဒီလို ရွှေ့ပြောင်းရင်း သေဆုံးသူတွေအတွက် ရည်စူးပြီး လုပ်တာပါ။ ဒီချိန်မှာပဲ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေ အမေရိက အလယ်ပိုင်းကို ဖြတ်ပြီး မက္ကဆီကို ထဲ ရောက်နေကြပါတယ်။

ဒီမှာ လူတွေက နယ်စပ် တံတိုင်းကို သယ်ပြီး ချီတက်တဲ့ လှည့်လည်ပွဲတွေလည်း ပါပါတယ်။ "ဒီဘက်မှာလည်း အိပ်မက် ရှိတယ်" လို့ စပိန်လို ရေးထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
ဓာတ်ပုံ မူပိုင် AFP

တကယ်က ဒီပွဲကို ဝိညာဉ်တွေ မိသားစုဆီ ပြန်လာတတ်တဲ့အချိန်လို့ ယုံကြည်ကြတဲ့ နိုဝင်ဘာလ ၂ ရက်မှာ ကျင်းပလေ့ရှိပါတယ်။

မက္ကဆီကို နိုင်ငံတလွှား ဒေသနဲ့ မိသားစုအလိုက် သူ့မူနဲ့သူ ကျင်းပဆင်နွှဲတဲ့ ပွဲတော် ဖြစ်ပါတယ်။

တချို့က သူတို့ချစ်ခင်သူတွေအတွက် ဖယောင်းတိုင်တွေ၊ သူတို့နှစ်သက်တဲ့ အစားအသောက်တွေ၊ ပန်းတွေနဲ့ သုသာန်မှာ သွားပြီး ချကြပါတယ်။ တချို့ကတော့ အိမ်မှာပဲ နတ်စင်လေးတွေလို လုပ်ပြီး ကျင်းပပါတယ်။

ဓာတ်ပုံ မူပိုင် AFP
ဓာတ်ပုံ မူပိုင် AFP

ခေါင်းခွံတွေ၊ ဝတ်စုံဆန်းတွေနဲ့ ခန္ဓာကိုယ်ကို ဆေးခြယ်သတာတွေလည်း ပါပါတယ်။ ဒီပွဲတော်က ပုံတွေကို ကမ္ဘာတလွှားက ဟယ်လိုဝင်းပွဲချိန်မှာ လူတွေက စိတ်ဝင်တစား ကြည့်ရှုကြပါတယ်။

လူထောင်ချီ တက်တဲ့ပွဲကို ရုပ်သံကလည်း တိုက်ရိုက်ပြသပါတယ်။

ဓာတ်ပုံ မူပိုင် AFP
ဓာတ်ပုံ မူပိုင် AFP

မက္ကဆီကိုမှာ အက်ဇ်တက် အင်ပါယာ ခေတ်က လူစတေး ယဇ်ပူဇော်တဲ့ ဓလေ့နဲ့ အမေရိက အလယ်ပိုင်းကို ရှေးခေတ်က ဝင်လာသူတွေ ဘဝကိုလည်း ဒီပွဲတော်က ထင်ဟပ်ပြပါတယ်။

မက္ကဆီကိုက နာမည်ကျော် အဆိုတော် ချာဗေလာ ဗားဂတ်စ်နဲ့ အနုပညာရှင် ဖရီဒါ ခါလိုတို့ကိုလည်း ဒီပွဲမှာ အမှတ်တရ ထည့်သွင်း ဂုဏ်ပြုကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
ဓာတ်ပုံ မူပိုင် AFP

မက္ကဆီကို အနောက်ပိုင်းမှာလည်း ဒီလို ပွဲတော် ကျင်းပပါတယ်။ အဲဒီမှာလည်း ဂီတ ဖျော်ဖြေမှုတွေနဲ့ မျက်လှည့်ပွဲတွေ ပါပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
ဓာတ်ပုံ မူပိုင် Getty Images
ဓာတ်ပုံ မူပိုင် Getty Images

ကယ်လီဖိုးနီးယားက လော့ဆန်းဂျလိစ် မြို့မှာတော့ ဒီပွဲတော်ကို ဟောလီးဝုဒ်က ဖော်အဲဗား ဆိုတဲ့ နာမည်ကြီး သုသာန်မှာ ၁၉ နှစ်မြောက် ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
ဓာတ်ပုံ မူပိုင် Getty Images

ဆက်စပ် အကြောင်းအရာများ