အီရတ် နိုင်ငံ က IS အဖွဲ့ ထိန်းချုပ်ရာ ဒေသမှာ လူသေ အလောင်း ထောင်နဲ့ချီ မြှုပ်ထားတဲ့ နေရာ၂၀၀ ကျော် တွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း စုံစမ်း မယ်

အီရတ် နိုင်ငံက အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ထိန်းချုပ် ခဲ့ရာ နယ်မြေ တွေမှာ လူသေ အလောင်း ထောင်နဲ့ချီ ကို နေရာခွဲခြား မြေမြှုပ်ထားတဲ့ သင်္ချိုင်း ကုန်း ၂၀၀ ကျော် ကို ကုလသမဂ္ဂ စုံစမ်း ရေး အဖွဲ့ က ရှာဖွေ တွေ့ ရှိခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်း နဲ့ အနောက်ပိုင်း က ဒေသ တွေ ဖြစ်တဲ့ နီနာ့ဗာ့၊ ကာကွက်၊ ဆလာဟူဒင် နဲ့ အန်ဘာ ဒေသ တွေမှာ အဲဒီ လူသေ အလောင်း တွေ မြှုပ် ထားတာ ကို ရှာဖွေ တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။

လူသေ အလောင်း အနည်းဆုံး ကုလသမဂ္ဂ တစ်သောင်း နှစ်ထောင် ကျော် ရှိ မယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ က ထုတ်ပြန် တဲ့ အစီရင် ခံစာ ထဲမှာ ဖော်ပြပါတယ်။

IS အဖွဲ့ဟာ အီရတ် နိုင်ငံက ဒေသ အတော်များများ ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက် ခဲ့ပြီး ပြင်းထန် တဲ့ အစ္စလာမစ်မစ် ဥပဒေ တွေနဲ့ အုပ်ချုပ် ခဲ့တာပါ။

သူတို့ရဲ့ ဥပဒေတွေကို မလိုက်နာတဲ့ သူတွေကိုတော့ ကွပ်မျက်မှု တွေ လုပ်ခဲ့တဲ့ အတွက် ဒီလို လူသေ အလောင်းတွေ အများအပြား တွေ့ ရှိ ရတာ လို့ ကုလသမဂ္ဂ အဖွဲ့ကြီး က ပြောပါတယ်။

IS အဖွဲ့ဟာ အမေရိကန် ရဲ့ လေကြောင်း ကနေ ပစ်ကူ ပေးမှု နဲ့ အီရတ် စစ်တပ် ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတွင်း ကနေ ပျောက်ကွယ် ခဲ့ရတယ်လို့ ဆိုပေမယ့် တချို့ ဒေသ တွေမှာတော့ IS အကြွင်းအကျန် အနည်းငယ် ရှိနေပါသေးတယ်။

အခု တွေ့ ရှိရတဲ့ လူသေ အလောင်းတွေဟာ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ကို ဖော်ထုတ် နိုင်မယ့် အပြင် IS အဖွဲ့ ကို စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားမျိုးနွယ် အပေါ် ရက်စက် သတ်ဖြတ် ကျူးလွန် မှု၊ လူမျိုးတုံး သတ်ဖြတ်မှု နဲ့ တွေ နဲ့ အရေးယူ အပြစ်ပေး နိုင်မယ့် အဓိက ကျတဲ့ အထောက် အထားတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီအလောင်းတွေ ကို စစ်ဆေး ရာမှာ အီရတ် အစိုးရ ကို မှုခင်းဆေးပညာ ဆိုင်ရာ အကူအညီ တွေ ပေးကြဖို့ ကုလသမဂ္ဂ အဖွဲ့ က တောင်းဆို ထား

လောလောဆယ်မှာတော့ မြေမြှုပ် ထားတဲ့ သချိၤဳင်း နေရာ ၂၀၂ ခု ကို မှတ်တမ်း တင်ထား နိုင်ခဲ့ပြီး၊ အဲဒါ တွေက တော့ နီနာ့ဗာ့ မှာ ၉၅နေရာ၊ ကာကွတ် ဒေသမှာ ၃၇ နေရာ၊ ဆလာ အယ်လ် အယ်လ်ဒင် မှာ ၃၆ နေရာနဲ့ အန်ဘာ ဒေသမှာတော့ ၂၄ နေရာ ကို ရှာဖွေ တွေ့ ရှိ ထားခဲ့တာပါ။

လက်ရှိ အချိန် အထိ လူသေ အလောင်းပေါင်း ခြောက်ထောင် ကနေ တစ်သောင်း နှစ်ထောင် ကြား ကို မြေမြှုပ် ထားခဲ့ကြပြီး အဲဒီ အထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီး ရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ နိုင်ငံခြားသား အလုပ်သမားတွေ နဲ့ အီရတ် စစ်သား တွေလည်း ပါဝင် တယ်လို့ ဆိုပါတယ်။

ဒီလို လူသေ အမြောက်အများ ကို မြှုပ်နှံ ထားတဲ့ နေရာတွေကို တွေ့ ရှိရတာ ဟာ လူအတော်များများ ရဲ့ ဆုံးရှုံးမှု၊ နာကျင် ခံစား ခဲ့ရမှု နဲ့ ရက်စက်ကြမ်းကြုတ်မှု ကို မှတ်တမ်း တင် လိုက်နိုင်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အီရတ် နိုင်ငံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ယန် ကူးဘစ် ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တစပြင်လို ပျက်စီး ခဲ့ရတဲ့ မိုဆူးလ် မြို့ကြီး

ဒီ လူတွေကို သတ်ဖြတ်ခဲ့သူတွေကို အရေးယူ နိုင်ဖို့ နဲ့ မိသားစုဝင်တွေ အတွက် အဖြစ်မှန် တွေကို သိရှိ နိုင်ဖို့ စုံစမ်း စစ်ဆေးခြင်း ရဲ့ လမ်းစ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အီရတ် နိုင်ငံမှာ IS ထိန်းချုပ်ရာ နေရာ ဒေသ တွေမှာ ပျောက်ဆုံး နေသူ တွေ အများအပြား ရှိပြီး ကျန်ရစ်သူ မိသားစု တွေက သူတို့ တွေရဲ့ ကံကြမ္မာ အတွက် စိုးရိမ် ထိတ်လန့် နေကြပါတယ်။

ဒီလူ တွေကို ပြန်လည် ရှာဖွေ တွေ့ရှိ နိုင်ဖို့ အီရတ် နိုင်ငံ က နေရာ ငါးခုမှာ ဘယ်သူ ဘယ်ဝါ ဖြစ်ပြီး ဘယ်လို ပျောက်ဆုံး ခဲ့တယ်ဆိုတာကို သိရှိ နိုင်ဖို့ စာရင်း မှတ်တမ်း ကောက်ယူ နေပါတယ်။

ကုလသမဂ္ဂ ရဲ့ စုံစမ်း စစ်ဆေးရေး အနေနဲ့ ဒီပျောက်ဆုံးသူများ စာရင်း ကို တစုတစည်း ထဲ လာရောက် ပေးအပ်ဖို့ ကိုလည်း တောင်းဆို ထားပါတယ်။

နောက်ပြီး နိုင်ငံတကာ အဖွဲ့တွေ အနေနဲ့လည်း ဒီအလောင်းတွေ ကို စစ်ဆေး ရာမှာ အီရတ် အစိုးရ ကို မှုခင်းဆေးပညာ ဆိုင်ရာ အကူအညီ တွေ ပေးကြဖို့ ကုလသမဂ္ဂ အဖွဲ့ က တောင်းဆို ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
IS အန္တရာယ် ဆက်ရှိနေတဲ့ အီရတ်

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့မှတ်တမ်း

ဇန်နဝါရီ ၂၀၁၄ - IS အဖွဲ့ ဟာ ဖာလူဂျာ နဲ့ ရာမာဒီ မြို့တွေကို သိမ်းယူ။

ဇွန် ၂၀၁၄ - အီရတ် ရဲ့ ဒုတိယ မြို့တော် မိုဆူးလ် ကို သိမ်းယူ။

၂၉ ဇွန် ၂၀၁၄ - IS အဖွဲ့ ဟာ အဘူ ဘာကာ အယ်လ် ဘဂ်ဂါဒီလို့ နာမည်ပြောင်း။

ဩဂုတ် ၂၀၁၄- IS အဖွဲ့ဟာ စင်ဟာ ဒေသ ကို သိမ်းယူ၊ ယာဇီဒီ လူမျိုး ၂ သိန်း ဟာ အဲဒီဒေသ က ထွက်ပြေးရ။

မတ် ၂၀၁၅ - အီရတ် စစ်တပ်နဲ့ ရှီအာ လက်နက်ကိုင် အဖွဲ့ ဟာ IS လက်ထဲ က တီကရစ် မြို့ကို ပြန်သိမ်း။

ဒီဇင်ဘာ ၂၀၁၅ - ရာမာဒီ မြို့ကို IS လက်က အီရတ် စစ်တပ် ပြန်သိမ်း။

ဇွန် ၂၀၁၆ - ဖာလူဂျာ မြို့ ကို IS လက် က အီရတ် စစ်တပ် ပြန်သိမ်း။

အောက်တိုဘာ ၂၀၁၆ - IS ထိန်းချုပ် ထားတဲ့ မိုဆူး မြို့ကို အီရတ်စစ်တပ်၊ ရှီအာ လက်နက်ကိုင်၊ ကာ့ဒ် လက်နက် ကိုင်နဲ့ နိုင်ငံတကာ မဟာမိတ် အဖွဲ့တွေ ပြန်သိမ်းဖို့ ကြိုးပမ်း။

ဇူလိုင် ၂၀၁၇ - မိုဆူး မြို့ကို IS လက်က ပြန်သိမ်း နိုင်။

ဒီဇင်ဘာ ၂၀၁၇ - IS ကို ချေမှုန်း နိုင်ပြီလို့ အီရတ် ဝန်ကြီးချုပ် ကြေညာ။