ဟိန္ဒူဘုရားကျောင်းကိစ္စ အိန္ဒိယ အမျိုးသမီးတွေ ဘာကြောင့် သဘောထား ကွဲတာလဲ

Hindu women devotees and activists shout slogans praising the Hindu God Ayyapa during a protest against the Supreme Court verdict revoking a ban on women's entry to the Sabarimala temple. ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘုရားကျောင်းထဲ အမျိုးသမီးတွေကို ဝင်ခွင့်မပြုဖို့ ဆန္ဒပြသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်

အိန္ဒိယနိုင်ငံ တောင်ပိုင်းက ဆဘရီမာလာ ဟိန္ဒူ ဘုရားကျောင်းကို အသက် ၁၀ နှစ်ကနေ ၅၁ နှစ်ကြား အမျိုးသမီးတွေကို ဝင်ခွင့်မပြုတဲ့ ပိတ်ပင်ထားမြစ်ချက်ကို၊ အိန္ဒိယ တရားရုံးချုပ်က ပယ်ဖျက်လိုက်တာ ၁ လ ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ အခု အချိန်အထိ ဝင်လို့ မရသေးပါ။

ကယ်ရာလာ ပြည်နယ်က ဒီ ဆဘရီမာလာ ဘုရာကျောင်း ကို နှစ်စဉ် ဘုရားဖူး ရာသီ အစဖြစ်တဲ့ သောကြာနေ့ ညနေပိုင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အမျိုးသမီး မဝင်ရ အမိန့် ပယ်ဖျက်ချက်ကို တရားရုံးချုပ်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာလည်း ၂ ကြိမ်တိုင် နာရီ အနည်းငယ် ဖွင့်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဲဒီလို တရားရုံး အမိန့် ထုတ်ပြန်ပြီးကတည်းက၊အမျိုးသမီးတွေ အများအပြား အပါအဝင် သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းတွေပိတ်၊ ဘုရားကျောင်းထဲ ဝင်လိုတဲ့ အမျိုးသမီးတွေကို တိုက်ခိုက် နောက်ပြီး အဆောက်အဦးတွေကိုလည်း မီးရှို့တာတွေ လုပ်ခဲ့ကြပါတယ်။

သူတို့က ဘုရား ကျောင်းထဲ အမျိုးသမီးတွေ ဝင်မှာ ကို မလိုလားကြပါဘူး။

ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ နတ်ဘုရားကို ကာကွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်အရွယ် အပိုင်းအခြား အရ ပိတ်ပင်တာ ဟာလည်း အမျိုးသမီး တွေ လစဉ် ဓမ္မတာ လာတဲ့ ကိစ္စက နတ်ဘုရားရဲ့ ဗြဟ္မ စရိယ ကျင့်စဉ်ကို ထိခိုက်စေမှာ ဖြစ်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

အခုလို အမျိုးသမီးတွေ အကြား သဘောထား ကွဲမှုက အိန္ဒိယ နိုင်ငံ တလွှား ငြင်းခုံမှုတွေကို မြင့်တက် လာစေပါတယ်။

ဒီတော့ ဘီဘီစီကနေ အခု ကိစ္စ အပေါ် အမြင် သဘောထား ကွဲလွဲကြတဲ့ စာရေး ဆရာ ၂ ဦးကို မေးမြန်းခဲ့ပါတယ်။


အမျိုးသမီး တန်းတူ အခွင့်အရေး အတွက် ဆုံးဖြတ်ချက်က အမျိုးသမီးတွေကို ဒေါသဖြစ်စေ

ရှမ်း ခရှစ်နာကူးမား -ဝေဖန်သုံးသပ်သူ

တန်းတူ ညီမျှခြင်း ဆိုတာဟာ အတုအယောင် တူညီရေး အတွက် ဆင်ခြေ တခု မဖြစ်သင့်ပါဘူး။ ထုံးတမ်းစဉ်လာ တွေကို အတင်းအကျပ် ပယ်ဖျက် တာမျိုး က ညီညွတ်စွာ လုပ်ဆောင်နေတဲ့ မတူကွဲပြားမှုတွေကို ဖျက်ဆီး သလို ဖြစ်စေပါတယ်။

ရိုးရိုးသားသား သူတို့ဘာသာ ကျင့်သုံး နေတာတွေကို ဘာမှ မလုပ်သင့်ပါဘူး။ ဒီတရားရုံး ဆုံးဖြတ်ချက်က ဘာသာရေးနဲ့ ပြည်နယ် အာဏာပိုင်တွေ အကြား ဆက်ဆံရေး အတွက် အနှောက်အယှက်တွေ အများကြီး ဖြစ်စေပါတယ်။

အစိုးရ အနေနဲ့ က ဘာသာရေး အဖွဲ့အစည်းတွေ အပေါ် ပိုပြီး ကြီးကြပ်မှုတွေ လုပ်လာနေ သလို တရားရေး နယ်ပယ်မှာလည်း ဝင်ရောက် ဆုံးဖြတ်တာ တွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Kaviyoor Santhosh
Image caption ဆဘရီမာလာ ဘုရားကျောင်းဟာ အိန္ဒိယမှာ ထင်ရှား အကျော်ကြားဆုံး ဘုရားကျောင်း တခု ဖြစ်ပါတယ်

ဒီ ဘုရားကျောင်း ကိစ္စက အမျိုးသမီးတွေ လွပ်လပ်ခွင့်အတွက် အောင်ပွဲ ခံကြတဲ့ မြို့ပြ ပညာတတ် အသိုင်းအဝိုင်း က လူတွေနဲ့ တကယ့် အခြေခံ လူတန်းစားတွေ အကြား လုံးဝ သဘောထား ကွဲလွဲမှုတွေကို ဖြစ်စေခဲ့ ပါတယ်။

ကယ်ရာလာ ပြည်နယ်ဟာ အမျိုးသမီးတွေ ပြောရေးဆိုခွင့် မရှိတဲ့ နေရာတော့ မဟုတ်ပါဘူး။ သမိုင်းကြောင်းအရ ရာစုနဲ့ချီ အမျိုးသမီးတွေ ဦးစီး ဦးရွက် ပြုတဲ့ ဒေသဖြစ်ပါတယ်။

အခု ကန့်ကွက် ဆန္ဒပြနေကြတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ အမြင်သဘောထားတွေကို ဘယ်သူမှ အရေး မစိုက်ဘူးဆိုပြီး ခံစားနေကြပါတယ်။ ကျားမ တန်းတူရေး လှုပ်ရှားရေးနေကြသူတွေရဲ့ အသံတွေကသာ ကြီးစိုး နေတယ်လို့ ခံစားနေကြပါတယ်။


အမျိုးသမီးတွေကို ပိတ်ပင်တာဟာ အမျိုးသမီးတွေကို အပြစ်ပုံချ သလို ဖြစ်နေ

ဂျေ ဒီဗိကာ - လူမှုသမိုင်းရေးရာ ကျွမ်းကျင်သူ

မိန်းမ မုန်းတီးသူ တွေဟာ အဆိပ်အတောက် လို ဖြစ်နေတယ် ဆိုတာ ရဲရဲကြီး ပြောနိုင် တယ်လို့ ကာရာလာ ပြည်နယ်မှာ နေထိုင်သူ တဦး အနေနဲ့ သူက ပြောပါတယ်။

ကယ်ရာလာ ဒေသဟာ အမျိုးသမီးတွေ အဓိက ဦးဆောင်တယ်ဆိုတဲ့ အစဉ်အလာ ရှိနေပြီး ဒီအစဉ်အလာတွေက ဆက်ပြီး ရှင်သန် နေတုန်းပါ။ အဲဒီ အစဉ်အလာ တွေ ဘက်ကနေ ရပ်တည် ဝေဖန်သူတွေဟာ သူတို့ရဲ့ အယူအဆတွေ အတွက် မခိုင်လုံတဲ့ အထောက်အထားတွေကို မကြာခဏ ပြကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆန္ဒပြမှုတွေ အကြမ်းဖက် လာတဲ့အခါ ဘီဘီစီ သတင်းသမားတွေကို မောင်းထုတ်ခဲ့

အခုလို သဘောထားတွေ ကွဲလွဲတဲ့ ဖြစ်ရပ်မှာ၊ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေဟာ တန်းတူရေး အတွက် အရမ်းကို တဖက် စောင်းနင်း ဖြစ်နေတယ် ဆိုပြီး ပြောဆိုနေကြပါတယ်။

ဒါပေမယ့် အလွန်အကျွံ သဘောထား ရှိတယ်ပဲ ပြောပြော၊ ၂ ဘက်စလုံးက အမျိုးသမီး ထု အနေနဲ့ ဆဘရီမာလာ ဘုရားကျောင်း နတ်ဘုရားရဲ့ ကျင့်စဉ်ကို ကာကွယ်ဖို့ အမျိုးသမီးတွေ ဝင်ခွင့်မပြုတာကို ဆန့်ကျင် သင့်ပါတယ်။

ကိုယ့် ယုံကြည်မှုကို မိရိုးဖလာ ထုံးတမ်း စဉ်လာ ဖြစ်တယ်ဆိုပြီး ထောက်ခံ စည်းရုံးနေမယ်ဆိုရင် ဒီမိုကရေစီ လူမှု အသိုင်းအဝိုင်း ကနေ ဒါကို အပြင်း အထန် ကန့်ကွက် ရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ