နယူးဇီလန်မှာ ဝေလငါး ၁၄၅ ကောင် သောင်တင် သေဆုံး

နယူးဇီလန်မှာ ဝေလငါးတွေ သောင်တင်လာတဲ့ ဖြစ်ရပ်မျိုးဟာ ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် အကြောင်းရင်းကိုတော့ အတိအကျ မသိနိုင် ဓာတ်ပုံ မူပိုင် NEW ZEALAND DEPARTMENT OF CONSERVATION
Image caption နယူးဇီလန်မှာ ဝေလငါးတွေ သောင်တင်လာတဲ့ ဖြစ်ရပ်မျိုးဟာ ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် အကြောင်းရင်းကိုတော့ အတိအကျ မသိနိုင်

နယူးဇီလန်နိုင်ငံ စတီးဝပ်ကျွန်း ပင်လယ်ကမ်းခြေမှာ ပိုင်းလော့ ဝေလငါး အကောင်ရေ ၁၄၅ ကောင်ဟာ သောင်တင်ပြီး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ (၂၄ ရက် နိုဝင်ဘာ) နှောင်းပိုင်းတုန်းက မေဆင် ကမ်းခြေတလျှောက်မှာ ဝေလငါးတွေ ပြန့်ကျဲ သောင်တင်နေတာကို လမ်းလျှောက်သူတွေက စတင် တွေ့ရှိခဲ့တာပါ။

အဲဒီ အချိန်ကတည်းက သောင်တင်နေတဲ့ ဝေလငါးအုပ်စုထဲက တစ်ဝက်လောက်ဟာ အသက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်တဲ့ တစ်ဝက်ကိုလည်း ပင်လယ်ထဲ ပြန်ရောက်အောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အနောက်သြစတြးလျမှာ ဝေလငါး ၁၅၀ သောင်တင်ခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲ

ရင်ကွဲပက်လက် ဖြစ်ရတဲ့ ဆုံးဖြတ်ချက်

နယူးဇီလန် တောင်ပိုင်း ကမ်းရိုးတန်းရှိ ရကီရူရာ (ခေါ်) စတီးဝပ် ကမ်းခြေမှာ ပိုင်းလော့ ဝေလငါး အုပ်စု ၂ စု ဟာ ၁.၂ မိုင် အကွာအဝေး ခြားပြီး သောင်တင်ခဲ့ပါတယ်။

လူသူအရောက်အပေါက်နည်းတဲ့ နေရာမှာ စခန်းချ ပြီး အပျော် ခြေလျင် ခရီးထွက်နေသူ တစ်ဦးက သောင်တင်နေတဲ့ ဝေလငါးတွေကို အရင်ဦးဆုံး စတင်တွေ့ရှိခဲ့ပါတယ်။

"ဝမ်းနည်းဖွယ်ပါ၊ ကမ်းခြေမှာ အသက်ရှင်နေသေးတဲ့ ဝေလငါးတွေကို အောင်အောင်မြင်မြင်နဲ့ ပင်လယ်ထဲ ပြန်လွှတ်ဖို့ ဖြစ်နိုင်ချေက အင်မတန်နည်းတယ်" လို့ ဒေသခံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနက ရန်လက်ပန်က ပြောပါတယ်။

"ဖြစ်တဲ့ နေရာက သွားလာဖို့ ခက်ခဲတယ်၊ အနီးအနားမှာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေလည်း မရှိဘူး၊ ဝေလငါးတွေရဲ့ ကျန်းမာရေး အနေအထားကလည်း ဆိုးရွားနေတယ်၊ ဒီအနေအထားမှာ လူသား အဆန်ဆုံး လုပ်နိုင်တာ တစ်ခုကတော့ သူတို့ကို ညင်ညင်သာသာနဲ့ အသက်သေဆုံးနိုင်ဖို့ ကူညီပေးတာပဲ" လို့ သူက ဆိုပါတယ်။

"ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်မျိုးက အမြဲတမ်း ရင်ကွဲပက်လက် စိတ်ထိခိုက် ကြေကွဲရပါတယ်..။"

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဝေလ ငါးမန်းတွေကို ကယ်တင်သူ

နယူးဇီလန်မှာ ဝေလငါးတွေ သောင်တင်လာတဲ့ ဖြစ်ရပ်မျိုးဟာ ဖြစ်လေ့ဖြစ်ထ ရှိပြီး ၁ နှစ် အတွင်းမှာ အကြိမ်ရေ ၈၅ ကြိမ် လောက် ဖြစ်တတ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါပေမယ့် ဖြစ်စဉ် အများစုမှာတော့ ဝေလငါး တစ်ကောင်ချင်းစီ သောင်တင်တာသာ များပြီး အခုလုံး အုပ်စုကြီး တစ်စုလုံး သောင်တင် သေဆုံးရတာမျိုးမဟုတ်ဘူး ဆိုပါတယ်။

ဝေလငါးတွေ၊ လင်းပိုင်တွေ ဘာကြောင့် သောင်တင်ရသလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနက ပြောပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့ နေမကောင်းဖြစ်တာ၊ လမ်းပြအချက်ပေး စနစ်တွေ ချို့ယွင်းသွားတာ၊ ဒီရေ ကျတာနဲ့ ရန်ပြုမယ့် သူရဲ့ လက်ကနေ လွတ်အောင် ပြေးရင်းနဲ့ သောင်တင်လာတာမျိုးတွေ ကြောင့်လို့ ယူဆကြပါတယ်။

သီတင်းပတ်ကုန်ရက်တွေ အတွင်း နယူးဇီလန်ကျွန်းမြောက်ပိုင်း အငူထိပ်မှာ ပစ်ဂမီ အမျိုးအစား ဝေလငါး ၁၀ ကောင် သောင်တင်ခဲ့တဲ့ သီးခြား ဖြစ်ရပ် တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲက ၂ ကောင် သေဆုံးခဲ့ပြီး ကျန်တဲ့ ၈ ကောင်ကိုတော့ ကယ်တင်ပြီး ပင်လယ်ထဲ ပြန်လွှတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မနက်ပိုင်းတုန်းကလည်း ကျွန်းမြောက်ပိုင်း ကမ်းခြေမှာ ၄၉ ပေ အရှည် ရှိတဲ့ စပမ်း အမျိုးအစား ဝေလငါး ၁ ကောင် ကမ်းတင် သေဆုံးခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ