ဘီလျံနာသူဌေး ဘီလ်ဂိတ်ရဲ့ ၂ဝ၁၈ အတွင်း အကြိုက်ဆုံး စာအုပ် ၅ အုပ်

bill gates ဓာတ်ပုံ မူပိုင် https://www.linkedin.com/pulse/5-books-i-loved-201
Image caption ဘီလ်ဂိတ်ကြိုက်တဲ့ စာအုပ်တွေ

မိုက်ကရိုဆော့ဖ် ကုမ္ပဏီကို တည်ထောင်တဲ့ ဘီလျံကြွယ် သူဌေး ဘီလ်ဂိတ်က ဒီနှစ်အတွက် သူအကြိုက်ဆုံး စာအုပ် ၅ အုပ်ကို ကြေညာ လိုက်ပါတယ်။ ဒီစာအုပ်တွေဟာ ဘဝမှာ အားကျစရာတွေ ရစေတယ်လို့လည်း ဆိုပါတယ်။

ဒီထဲမှာ ဗုဒ္ဓအတွေးအခေါ် လမ်းကြောင်းကို အခြေခံတဲ့ တရားထိုင်နည်းနဲ့ စိတ်ကိုကြည်လင်အောင် ထားနည်းအတွက် ဦးနှောက်လမ်းညွှန် စာအုပ်လည်းပါပါတယ်။ ဒီစာအုပ်ကို နိုင်ငံ ၂ဝဝ လောက်မှာ အုပ်ရေ ၃၁ သန်းထိ ရောင်းခဲ့ရတာပါ။

"ဒီလို ကြိုက်တဲ့ စာအုပ်မျိုးကို အားလပ်ရက်မှာ ရခဲ့ရင် သူများကို ဖတ်ပြတာက အကောင်းဆုံး လက်ဆောင် "လို့လည်း ဘီလ်ဂိတ်က သူ့ရဲ့ ဂိတ်မှတ်စုဝက်ဆိုက်မှာ ရေးပါတယ်။

သူသာ ၂၅ နှစ်လောက်ဆိုရင် ဒီလိုစာအုပ်မျိုးကို ဟားမိမှာလို့ ဘီလ်ဂိတ်က ဆိုပါတယ်။ ခုတော့ သူနဲ့ ဇနီး မယ်လင်ဒါဂိတ်တို့ တရားထိုင်ရတာကို အင်မတန် စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပက်ဒီကုမ်းရဲ့ ဘဝကို တက္ကသိုလ်ကနေ ဘုန်းကြီးဖြစ်တဲ့အထိ ရေး

ဒီစာအုပ်ရေးသူ အန်ဒီပက်ဒီကုမ်းဟာ ထိုင်းနဲ့ တခြားနိုင်ငံတွေကို ပတ်ပြီး ဓမ္မစာပေတွေ သင်ယူခဲ့သလို ဘုန်းကြီးလည်း ဝတ်ခဲ့ပါတယ်။

ဒီစာအုပ်မှာ ပက်ဒီကုမ်းရဲ့ ဘဝကို တက္ကသိုလ်ကနေ ဘုန်းကြီးဖြစ်တဲ့အထိ ရေးထားတာပါ။

"စိတ်ကိုကြည်လင်အောင် စလေ့ကျင့်ချင်တယ် ဆိုရင် ဒီစာအုပ်က အကောင်းဆုံး မိတ်ဆက်ပဲ "လို့လည်း ဘီလ်ဂိတ်က ရေးပါတယ်။

သူကြိုက်တဲ့ တခြား စာအုပ်တွေထဲက တအုပ်ကတော့ တာရာဝက်ဆိုဗာရဲ့ ပညာတတ်ခြင်း ဆိုတဲ့ စာအုပ်ပါ။ အသက် ၁၇ နှစ်ထိ ဘာမှ မသင်ခဲ့ရတဲ့ အမျိုးသမီးတယောက် ကိန်းဘရစ် တက္ကသိုလ်မှာ ပါရဂူဘွဲ့ရသွားတဲ့ အကြောင်းပါပဲ။

ဓာတ်ပုံ မူပိုင် Lintao Zhang
Image caption ဘီလ်ဂိတ်နဲ့ တရုတ်သူဌေးကြီး ဂျက်မား

ဒီစာအုပ်ဟာ သူ့ရဲ့ ငယ်ဘဝကို ပြန်သတိရစေတယ်လို့ ဂိတ်က စာရေးဆရာမဆီ စာရေးခဲ့ပါတယ်။ စာရေးဆရာမဟာ ၁၇ နှစ်သမီးထိ ကျောင်းလည်းမနေဖူး၊ ဆရာဝန်နဲ့လည်းမပြဖူးတဲ့သူပါ။ ဒါမျိုး တခါမှ မစဉ်းစားမိတဲ့ ဂိတ်က မော်မန် ခရစ်ယာန် မိသားစုမှာ ကြီးပြင်းခဲ့တဲ့ အမျိုးသမီးလေးတယောက်ရဲ့ ဘဝ ဇာတ်လမ်းကို ရေရေလည်လည် သဘောကျပါတယ်။ တာရာဟာ စာရေးဆရာကောင်းပဲလို့လည်း ပြောပါတယ်။

"ကျွန်တော်ရော မယ်လင်ဒါပါ ဒီဇာတ်လမ်းကို တအားကြိုက်ပါတယ်။ ပညာရေးကို လိုလားတဲ့ သူ့ဘဝက တကယ်ကို ပြတ်သားပါတယ် " လို့လည်း ဘီလ်ဂိတ်ကရေးပါတယ်။

ပေါလ်ဆချဲရဲ့ ဘယ်သူ့အတွက်မှမဟုတ်တဲ့ တပ်

ဒီစာအုပ်က အော်တိုမက်တစ် လက်နက်တွေအကြောင်းပဲ မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက်ပြီး အားလပ်ရက်မှာ ဖတ်သင့်တဲ့ စာအုပ်မျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ပွဲမှာ သုံးတဲ့ ဉာဏ်ရည်တု နည်းပညာအကြောင်းက ဖတ်မိရင် လက်ကချဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဒီနည်းပညာသုံး လက်နက်တွေအကြောင်းက အင်မတန် ရှုပ်ထွေးပေမယ့် စာရေးဆရာက ရှင်းရှင်းလင်းလင်းရေးထားပါတယ်။ စာရေးသူဟာ စစ်သားဟောင်းဖြစ်သလို အမေရိကန်အစိုးရရဲ့ အော်တိုမက်တစ် လက်နက်ဆိုင်ရာ မူဝါဒဆွဲရာမှာလည်း ကူခဲ့သူမို့ သူ့ရဲ့ ဗဟုသုတအစွမ်းကို မအံ့သြဘူးလို့လည်း ဂိတ်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် monsitj
Image caption ကမ္ဘာမှာ ရှေ့ရောက်လာတဲ့ ဉာဏ်ရည်တု နည်းပညာ

ဂျွန်ကာရီရူးရဲ့ သွေးဆိုး

အဲလစ်ဇဘက် ဟုမ်းစ်ဆိုတဲ့ ၁၉ နှစ်သမီးထောင်တဲ့ ဆေးပညာ စမ်းသပ်တဲ့ ကုမ္ပဏီတခု အကြောင်း အရှုပ်တော်ပုံ စာအုပ် ဖြစ်ပါတယ်။

လူတွေ သွေးဖောက်စစ်ကြည့်ရုံနဲ့ ကိုယ့်ကျန်းမာရေးအခြေအနေကို ခန့်မှန်းလို့ ရတယ်ဆိုတဲ့ နည်းပညာကို ရောင်းဖို့ ကြိုးစားတဲ့အကြောင်း ဝတ္ထုပါ။ ဒီနည်းကို ထွင်သူ အဲလစ်ဇဘက်ဟုမ်းစ်ကို သူရဲကောင်းလို့ ချီးကျူးခံရပေမယ့် နောက်မှ လိမ်ညာမှုနဲ့ တရားစွဲခံရတဲ့အကြောင်း ဖြစ်ပါတယ်။

ဒီစာအုပ်ကို သူငယ်ချင်းတွေ ညွှန်းလို့ ဖတ်ရတယ်လို့ ဂိတ်က ရေးပါတယ်။ ဒီစာအုပ်က ထင်တာထက်ပိုရှုပ်တယ်၊ လက်က မချနိုင်အောင် ဖတ်လို့ကောင်းတယ်လို့လည်း ဆိုပါတယ်။ ၊ တချိန်က ဒေါ်လာ ၁ဝ ဘီလျံလောက်တန်တဲ့ ကုမ္ပဏီတခု ပျက်စီးသွားရတဲ့အကြောင်းကို စီးပွားရေး အရှုပ်တော်ပုံတွေ၊ မဂ္ဂဇင်းဇာတ်လမ်းတွေ၊ မိသားစုဆက်ဆံရေးတွေ ပျက်ကုန်တာတွေနဲ့ ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။

ယူဗယ်နိုဝါဟာရယ်ရဲ့ ၂၁ ရာစု အတွက် သင်ခန်းစာ ၂၁ ခု

ဂိတ်က ဒီစာအုပ်ဟာ ၂၁ ရာစုကို ရင်ဆိုင်ရာမှာ လမ်းညွှန်လို့ ဆိုပါတယ်။

လူတွေရဲ့စိတ်က ပူပန်စရာကို ရှာတတ်တယ်။ ဒါကလည်း အဆိုးတော့ မဟုတ်ပါဘူး။ ခေတ်သစ်ဘဝမှာ ပူစရာ အကြောင်းတွေက အများကြီးပါ။ အကြမ်းဖက်ဝါဒ၊ ရာသီဥတုအပြောင်းအလဲ၊ ဉာဏ်ရည်တု ဖွံ့ဖြိုးလာမှု၊ တကိုယ်ရေလုံခြုံမှုတွေ ပျောက်ဆုံးလာတာ၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လျော့ပါးလာတာ စသဖြင့် အများကြီးပါပဲ။ ဒီစာအုပ်ကို ရေးသူကလည်း သမိုင်းဆရာပါ။ ဒီစာအုပ်ကနေ ဒီကြောက်စရာ ကိစ္စတွေကို ရင်ဆိုင်နိုင်မယ့် မူဘောင်ကို ပြပါလိမ့်မယ်

ဂိတ်က ဒီစာရေးဆရာကို သဘောကျတယ်။ သူ့အရင်စာအုပ်က အတိတ်နဲ့ အနာဂတ်ကို သုံးသပ်တယ် ဆိုရင် ဒီစာအုပ်က မျက်မှောက် ကမ္ဘာကို ပြောတာလို့လည်း ဆိုပါတယ်။


ဒီနှစ်အတွက် သူ့ရဲ့ အကြိုက်ဆုံးတွေက တရားထိုင်နည်းလက်စွဲကနေ အော်တိုမက်တစ် လက်နက်တွေအထိ ပါပါတယ်။ နောက်ပြီး အရှုပ်တော်ပုံ ဇာတ်လမ်းတွေလည်း ပါပါတယ်။ ဒီနှစ်အတွက် သူ့အကြိုက်စာရင်းကတော့ လူတိုင်းဖတ်ဖို့ပါလို့လည်း ပြောပါတယ်။

" ဒီခရစ္စမတ်မှာ မိတ်ဆွေနဲ့ မိသားစုတွေကို လက်ဆောင်ပေးမယ်ဆိုရင် ဒီစာအုပ်တွေအတွက် စိတ်ပျက်ရမှာ မဟုတ်ဘူး" လို့လည်း ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ