ဘင်္ဂလားဒေ့ရှ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပ၊ရုန်းရင်းဆန်ခတ်မှုကြောင့် လူသေဆုံးမှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ
အထွေထွေရွေးကောက်ပွဲရှိတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အင်အား ၆ သိန်းလောက် ချထားတဲ့ကြားက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အနည်းဆုံးလူ ၇ ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ကောလာဟလတွေ ဝါဒဖြန့်ဝေမှုတွေကနေ ဆူပူအုံကြွတာတွေဖြစ်မလာစေဖို့ မြန်နှုန်းမြင့်မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေကို ရွေးကောက်ပွဲပြီးတဲ့အထိ ဖြတ်တောက်ထားမယ်လို့ အာဏာပိုင်တွေကပြောထားပါတယ်။
ဒီလို လုံခြုံရေးအင်အားတင်းကျပ်ထားတဲ့ကြားက ရွေးကောက်ပွဲ ပြုလုပ်နေစဉ်မှာပဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးသွား ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထား
ရွေးကောက်ပွဲမတိုင်ခင်ကလည်း နိုင်ငံရေးအုပ်စုတွေကြားပဋိပက္ခတွေကြောင့် လူ ၁၂ ယောက်ကျော် သေဆုံးခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွက် သူမရဲ့ပါတီမှာတာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက လက်မခံဘဲပယ်ချခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေက အဲဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒီမိုကရေစီလုပ်ငန်းစဉ်တွေထိခိုက်မယ့်အပေါ် စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
မဲပေးခွင့်ရှိသူဦးရေ သန်း ၁၀၀ ကျော်ရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူဦးရေ သန်း၁၀၀ ကျော်ရှိပါတယ်။
ဒီရွေးကောက်ပွဲကို လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာကလည်းသူ့ရဲ့ တတိယသက်တမ်းအတွက် ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။
သူမရဲ့အဓိကပြိုင်ဘက်ဖြစ်သူက လာဘ်စားမှုကြောင့် အကျဉ်းကျနေတာကြောင့် သူမပဲဆက်လက် အနိုင်ရ မယ်လို့ မျှော်လင့်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲရှိလို့ အင်တာနက်ပိတ်
လက်ရှိ ၀န်ကြီးချုပ် ရှိတ်ဟာစီနာက နောက်သက်တမ်း အတွက် ၀င်ပြိုင်မယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။