ပေါင် ၁၁၅ သန်း ဥရောပထီ ယူရိုမီလျံ ပေါက်တဲ့သူက ယူကေနိုင်ငံက ဖြစ်

ယူရိုမီလျံ၊ သန်းဆု၊ ဥရောပထီ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗြိတိန်က ပေါက်တဲ့ ယူရိုမီလျံ ဥရောပထီဆုကြီးတွေထဲမှာ ဒီဆုဟာ စတုထ္ထ အများဆုံးဖြစ်

၂၀၁၉ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ ဖွင့်တဲ့ ဥရောပထီ ယူရိုမီလျံ ပေါင် ၁၁၅ သန်းဆုကြီးကို ယူကေမှာ ထိုးတဲ့ လက်မှတ် တစ်စောင်က ပေါက်သွားပါတယ်။

လတ်တလော နှစ်ပိုင်းတွေအတွင်း ယူရိုမီလျံ ဥရောပထီဆုကြီး အတော်များများကို ယူကေက လူတွေ ဆက်တိုက် ပေါက်ခဲ့ကြပြီး အခု ဒီဆုကြေးဟာ ယူကေမှာ ပေါက်ခဲ့သမျှ ဆုကြေးတွေထဲမှာ စတုတ္ထ အများဆုံး ဖြစ်ပါတယ်။

နောက်ထပ် ပေါင် တစ်သန်းတန် ဆုငယ် ၁၀ ခုကိုလည်း ယူကေကပဲ ဆွတ်ခူးခဲ့ပါတယ်။

ယူကေမှာ ပေါက်ခဲ့ဖူးတဲ့ အများဆုံး ယူရိုမီလျံ ဥရောပထီ ဆုကြေးက ပေါင် ၁၆၁ သန်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ကံထူးသူ ဇနီးမောင်နှံ နှစ်ဦး ဆွတ်ခူးသွားခဲ့တာပါ။

ယူရိုမီလျံ ဥရောပထီကို ယူကေ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ လူဇင်ဘတ်၊ ပေါ်တူဂီ၊ စပိန်၊ ဆွစ်ဇာလန်နဲ့ အိုင်ယာလန် သမ္မတနိုင်ငံတွေမှာ ဝယ်လို့ရပြီး ပေါက်တဲ့သူချင်း တိုက်နေရင် ဆုကြေးကို အညီအမျှ ခွဲယူကြရပါတယ်။

ဆက်စပ် အကြောင်းအရာများ