အမျိုးသား ထက် မ ဟော်မုန်းကြောင့် အမျိုးသမီးတွေက အသက်ရာကျော် နေနိုင်

နီပေါနိုင်ငံမှာလည်း အမျိုးသမီး ပျမ်းမျှ သက်တမ်း က ပိုရှည်တာ တွေ့ရ ဓာတ်ပုံ မူပိုင် Google
Image caption နီပေါနိုင်ငံမှာလည်း အမျိုးသမီး ပျမ်းမျှ သက်တမ်း က ပိုရှည်တာ တွေ့ရ

ကမ္ဘာပေါ်မှာ အမျိုသားတွေထက် အမျိုးသမီးတွေက ပိုမို အသက်ရှည် ကြပါတယ်။

ပျမ်းမျှ လူ့သက်တမ်း က ၇၂ နှစ် ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း ကြီး WHO က ၂၀၁၆ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်း မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ကျားမ အချိုးအစား ခွဲခြား လိုက်တဲ့ အခါမှာ တော့ အမျိုးသမီး တွေက ၇၄ နှစ်နဲ့ ၂ လ ပျမ်းမျှ သက်တမ်း ရှိပြီး အမျိုးသား တွေကတော့ ၆၉ နှစ် နဲ့ ၈ လ ပျမ်းမျှ လူ့သက်တမ်း ပဲ ရှိကြောင်း WHO ရဲ့ စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီး တွေက အသက်တရာ ထိ နေရဖို့ ပိုများ

၂၀၁၀ ခုနှစ် က ပြုစု ခဲ့တဲ့ စစ်တမ်း တွေ အရ အမေရိကန် နိုင်ငံမှာ အသက် ရာကျော် သက်တမ်း ရှိတဲ့ သူ ငါးသောင်းကျော် ရှိပြီး အဲဒီ အထိ အယောက် ငါးထောင် ကသာ အမျိုးသားများ ဖြစ်ပါတယ်။

ကျန် အယောက် လေးသောင်း ကျော် ကတော့ အမျိုးသမီး ဦးရေ ဖြစ်ပါတယ်။

ဆိုတော့ ဘာ့ကြောင့် အမျိုးသမီး တွေက ပျမ်းမျှ သက်တမ်း ပိုရှည် တာပါလဲ။ အချက် ၃ ချက် ရှိပါတယ်။

၁။ မျိုးဗီဇ

ကမ္ဘာပေါ်မှာ နိုင်ငံ ၄၀ လောက်ပဲ လူ့အသေအပျောက် စာရင်း ကို အသေအချာ ပြုစု ထားပါတယ်။

ဆွီဒင် နဲ့ ပြင်သစ် နိုင်ငံတွေ ဆိုရင် ၁၇၅၁ ကနေ ၁၈၆၁ ခုနှစ်တုန်း က ဖွားသေ စာရင်း တွေကို အသေအချာ ပြုစု ထားတာပါ။

ဒါပေမယ့် ဂျပန် နဲ့ ရုရှား နိုင်ငံ တို့ကတော့ အဲဒီ ဖွားသေ စာရင်း ကို ၂၀ ရာစု အလယ်ပိုင်း လောက်မှာမှ စတင် ပြုစု နိုင်ခဲ့တာပါ။

ဒါကြောင့် ကမ္ဘာ့ နိုင်ငံ အတော်များများ ရဲ့ ဖွားသေ စာရင်း ကို ကောက်ယူ တဲ့ အခါမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။

အကြောင်းကြောင်းတွေအရ နိုင်ငံတိုင်း နိုင်ငံတိုင်း က နှစ်စဉ် ပြုစု တဲ့စာရင်း အချက်အလက် တွေ မှာ အမျိုးသမီး တွေဟာ လူ့သက်တမ်း ရှည်ရှည် နေကြရတယ် ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။

ဆိုတော့ အမျိုးသမီး တွေဟာ မွေးရာပါ မျိုးစေ့ ဗီဇ ကြောင့် အမျိုးသား တွေ ထက် ကို အသက် ပိုရှည် တာ ဖြစ်ပါတယ်။

ကိုယ်ဝန် တည်စမှာ အမ မျိုးစေ့ ထက် အဖို မျိုးစေ့ ဟာ သေဆုံး ဖို့ အခွင့်အရေး ပိုများ တယ်လို့ လန်ဒန် တက္ကသိုလ် ကောလိပ် က ပါမောက္ခ ဒေးဗစ် ဂျမ် က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီး တွေက အရန် X ခရိုမိုဆုမ်း တွေ ရှိ

အဲဒီ လို ဖြစ်တာ က ခရိုမိုဆုမ်း လို့ ခေါ်တဲ့ သက်ရှိ ကလာပ်စည်း တွေ ရဲ့ ဗီဇမျှင် တွေကြောင့် လို့ သူက ဆိုပါတယ်။ အဲဒါတွေက သန္ဓေသားလောင်း ကျားမ ခွဲခြား တည်ရှိဖို့ အဓိက အကြောင်းအရာပါ။

ကျား မျိုးစေ့ က XY ခရိုမိုဆုမ်း ကို သယ်ဆောင်ပြီး မ မျိုးစေ့ ကတော့ XX ခရိုမိုဆုမ်း ကို သယ်ဆောင်ပါတယ်။ X ခရိုမိုဆုမ်း က မ မျိုးစေ့ ပိုများ တာကြောင့် အသက်ရှည်စေတဲ့ အခွင့်အလမ်း ပိုများပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ငှက်ဖို တွေမှာကျတော့ X ခရိုမိုဆုမ်း ၂ ဆ ရှိ

လူတွေမှာ မျိုးဗီဇ ချွတ်ယွင်းချက် ရှိခဲ့မယ် ဆိုရင် အမျိုးသမီး တွေက အရန် X ခရိုမိုဆုမ်း တွေ ရှိပါတယ်။ အမျိုးသားတွေမှာတော့ မရှိပါဘူး။ ဒါကြောင့် အမျိုးသမီးတွေက သက်တမ်း ပိုရှည် တာ ဖြစ်နိုင်တယ်လို့ ပါမောက္ခ ဒေးဗစ် ဂျမ် က ဆိုပါတယ်။

ကိုယ်ဝန် ဆောင်စ မှာလည်း မိန်းခလေး ထက် ယောက်ျား လေး ကိုယ်ဝန် က ပျက်ကျ နိုင်ခြေ ရာခိုင်နှုန်း ပိုများပါတယ်။ နောက်ပြီး ယောက်ျားလေး ကိုယ်ဝန် က အချိန် မတိုင်ခင် မွေးဖွားမှု ဖြစ်ဖို့ လည်း ပိုများ ပါတယ်။

ယောက်ျား လေး ကိုယ်ဝန်က အရွယ်အစား ပိုကြီးပြီး ကိုယ်ဝန်ဆောင်စဉ် ကာလမှာ အနာတရ ဖြစ်ဖို့ အခွင့်အရေး ပိုများတယ်လို့ အိတ်စစ်တာ တက္ကသိုလ် က လော်နာ ဟားရစ် က ဆိုပါတယ်။

ကိုယ်ဝန်ဆောင် စဉ် ကာလမှာ ယောက်ျားလေး တွေက X ခရိုမိုဆုမ်း ၂ ခုပဲ ပါရှိပြီး သူတို့က မိန်းခလေး တွေရဲ့ X ခရိုမိုဆုမ်း ထက် အသက် ပိုရှည် ပါတယ်။

၂။ ဟော်မုန်း ကွဲပြားမှု

ဆယ်ကျော်သက် အရွယ်မှာ ဟော်မုန်း ပြောင်းလဲမှုကြောင့် ယောက်ျား လေး က အမျိုးသား အဖြစ် အသွင်ပြောင်း သလို မိန်းခလေး ငယ် ဟာလည်း အမျိုသမီး အဖြစ် အသွင်အပြင်၊ အပြောအဆို၊ အမူအရာတွေ ပြောင်းလဲ ပါတယ်။

အမျိုးသားတွေမှာ တက်စတိုစတီရုန်း ကျားဟော်မုန်း ပိုမို များပြား လာလေလေ ကိုယ်ခန္ဓာ ကြီးထွားမှု နဲ့ အဖို ပုရိသ အဖြစ် ပြောင်းလဲမှု က ပိုများလေလေပါ။

ဥပမာ အနေနဲ့ အသံ ပြောင်းလဲမှု နဲ့ အမွေးအမျှင် ထူပြောမှုတွေက ကျား ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။

ဆယ်ကျော် သက်အရွယ်မှာ ဟော်မုန်း ပြောင်းလဲ နဲ့ တခြား အကျိုးဆက် တွေကြောင့်လည်း အမျိုးသားတွေ ရဲ့ အသေ အပျောက် စာရင်း က ပိုများ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်ပွဲတွေမှာ အမျိုးသား သေဆုံးမှု က ပိုများ

အမျိုးသား တွေဟာ ဟော်မုန်း ပြောင်းလဲမှုကြောင့် စွန့်စားရတဲ့ အလုပ်တွေ ဖြစ်တဲ့ အတိုက်အခိုက်၊ အထိုး အပုတ်၊ မြန်နှုန်းမြင့်တင် ကားမောင်း တာတွေ၊ မော်တော်ဆိုင်ကယ် မောင်းတာတွေ ကို ပိုလုပ်ကြတယ် လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်း က တောင်ကိုရီးယား သုတေသီ ဟန် နန် ပတ် ဟာ ၁၉ ရာစု ချိုဆမ် မင်းဆက် မှာ တာဝန် ထမ်းဆောင် ခဲ့တဲ့ နန်းတွင်း အမျိုးသား အမှုထမ်းတွေ အကြောင်း ကို လေ့လာ ခဲ့ပါတယ်။

သူ့ရဲ့ လေ့လာမှုမှာ သင်းကွပ် ခံထား ရတဲ့ အမျိုးသား အမှုထမ်း ၈၁ ယောက် ဟာ ပျမ်းမျှ နှစ် ၇၀ လူ့သက်တမ်း နေထိုင် ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ အချိန်တုန်း က အမျိုးသား တွေရဲ့ ပျမ်းမျှ သက်တမ်း ဟာ နှစ် ၅၀ ပဲ ရှိတယ်လို့ သူ့ရဲ့ စစ်တမ်း မှာ ရေးသား ခဲ့ပါတယ်။ နောက်ထပ် အမှုထမ်း ၃ ယောက် ကတော့ အသက် ရာကျော် နေထိုင် ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုတော့ သူ့ရဲ့ လေ့လာမှု အရ သင်းကွပ် ခံထားရတဲ့ အမျိုးသား တွေဟာ အသက်ရှည်ရှည် နေနိုင်ကြတယ်လို့ ကောက်ချက် ချရမှာပါ။

အမျိုးသမီး တွေမှာပဲ ရှိတဲ့ အီစထရိုဂျင် မ ဟော်မုန်း ကတော့ Antioxidant ဖြစ်ပါတယ်။ သူက ဓာတု ကလာပ်စည်း အဆိပ်အတောက် တွေကို ဖယ်ရှား ပေး နိုင်ပါတယ်။

တိရစ္ဆာန်တွေကို စမ်းသပ်ခဲ့ရာမှာတော့ မဟော်မုန်း နည်းပါးတဲ့ အမ တွေဟာ အသက်ရှည်ဖို့ ခဲယဉ်းကြောင်းလည်း တွေ့ ရှိခဲ့ရပါတယ်။ ဒီ အချက်တွေ ကြောင့် အမျိုးသား တွေထက် အမျိုးသမီးတွေက ပိုမို အသက်ရှည် တာ ဖြစ်ကြောင်း ယေဘုယျ ကောက်ချက် ချနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မဟော်မုန်း က ကိုလက်စရောကို တိုက်ဖျက်နိုင်

၃။ အလုပ်အကိုင် နှင့် အပြုအမူ

အနာရောဂါ အဖြစ်များတဲ့ ဒေသ တွေမှာလည်း ပျမ်းမျှ လူ့သက်တမ်း က အမျိုးသမီးတွေ ထက် အမျိုးသားတွေက သက်တမ်းတိုတယ် လို့ လေ့လာ ချက် တွေမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ကျန်းမာရေး စောင့်ရှောက်မှု နည်းတဲ့ နေရာ ဒေသ တွေမှာတော့ အမျိုးသမီး တွေဟာ မီးဖွားခြင်း ဆိုင်ရာ ပြဿနာ တွေကြောင့် အသက် တိုတို နေကြရပါတယ်။

ဒါပေမယ့် ဆေးလိပ်သောက်သုံးမှု၊ အရက်သေစာ သောက်သုံးမှု နဲ့ လွန်လွန်ကဲကဲ စားသုံးမှု တွေကြောင့် အမျိုးသမီး ထက် အမျိုးသား တွေဟာ အသက်ပိုတိုတာလည်း ဖြစ်ပါတယ်။

ရုရှား နိုင်ငံ မှာ ဆိုရင် အမျိုးသားတွေဟာ အရက်အလွန်အကျွံ သောက်သုံးမှု ကြောင့် ၁၃ နှစ်စောပြီး သေစေ တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေဟာ အသက်ရှည်ရှည် နေကြရတယ် ဆိုပေမယ့် ဆေးရုံ ဆေးခန်းနဲ့ ပြတ်လှတယ်ရယ်လို့တော့ မရှိပါဘူး။ မကျန်းမာမှု ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများပါတယ်။ အထူးသဖြင့် အသက်အရွယ် ရတဲ့ အမျိုး သမီးတွေဟာ ဆရာဝန် နဲ့ ပို ပြကြရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသား ထက် အမျိုးသမီး က ဆေးရုံဆေးခန်း ပိုပြရ

၁၆ နှစ်ကနေ အသက် ၆၀ အထိ အမျိုးသမီးတွေဟာ ဆေးရုံနဲ့ ကင်းတဲ့ အမျိုးသမီး က ခပ်ရှားရှားပဲလို့ အလာဘားမား တက္ကသိုလ် က စတီဗင် ဩစတပ် နဲ့ ကိတ်လင်း ဖစ်ရှာ တို့က ပြောပါတယ်။

အနောက်ကမ္ဘာ မှာတော့ အမျိုးသမီးတွေဟာ ဆရာဝန်နဲ့ ပိုမို ထိတွေ့မှု ရှိပြီး ဆေးတွေလည်း ပိုသောက်ကြတယ်လို့ သူတို့က ဆိုကြပါတယ်။

ကျန်းမာရေး ကြောင့် အလုပ်ကနေ ခွင့်ယူ တဲ့ ရက် ကလည်း ပိုများပြီး ဆေးရုံ၊ ဆေးခန်း တွေမှာ ပိုနေကြရတယ်လို့ ပြောကြပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အီဂျစ်၊ ဂွာတီမာလာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျမေကာ၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ထိုင်း နဲ့ တူနီးရှား နိုင်ငံတွေမှာလည်း သက်ကြီး အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုမို များပြား လာတဲ့ လေ့လာချက်တွေကို တွေ့ ရှိခဲ့ကြရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၃၀ ခုနှစ်ကျရင် ဗြိတိန်မှာ ကျားမ ပျမ်းမျှ သက်တမ်းက ကွာခြားမှု တနှစ်သာ ရှိမယ်

လက်တလောမှာ ပြုလုပ်ခဲ့ကြတဲ့ စစ်တမ်းတွေ အရ အနာဂတ် ကာလမှာ ကျားမ သေဆုံးမှု ပျမ်းမျှ သက်တမ်း က သိပ်အကွာကြီး ရှိနိုင်မှာ မဟုတ်ပါဘူး။

၂၀၃၀ ခုနှစ်ကျရင် ဗြိတိန် နိုင်ငံမှာ ကျားမ ပျမ်းမျှ သက်တမ်း ကွာခြားမှု က တနှစ်နဲ့ ကိုးလပဲ ရှိတော့မယ် လို့ လန်ဒန် အင်ပီးရီးရဲလ် ကောလိပ် ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ယခု အချိန် ဗြိတိန် နိုင်မှာ မွေးဖွားတဲ့ ယောက်ျား လေး တယောက် ရဲ့ သက်တမ်း ဟာ ၇၉ နှစ် နဲ့ ၂ လ အထိ ပျမ်းမျှ ရှိသလို မိန်းကလေး တစ်ယောက်ရဲ့ ပျမ်းမျှ သက်တမ်း က ၈၂ နှစ်နဲ့ ကိုးလ ရှိမှာ ဖြစ်ကြောင်း အမျိုးသား စာရင်းအင်း ဌာန က ထုတ်ပြန်ထားပါတယ်။

နောက်ထပ် လေ့လာမှု တခုမှာတော့ ဗြိတိန် အမျိုးသားတွေ ဟာ အရက်သေစာ သောက်သုံးမှု လျော့နည်းလာပြီး ဆေးလိပ် သောက်ခြင်း ကိုလည်း လျှော့ချ လာနိုင်တာကြောင့် အမျိုးသမီး နဲ့ အမျိုးသား ပျမ်းမျှ သက်တမ်း ဟာ ၂၀၃၀ ကျရင် တနှစ်သာ ကွာခြားမှု ရှိတော့မယ်လို့ ဖော်ပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လေကြောင်းလိုင်းတွေ အမျိုးသမီး လေယာဉ်မှူးတွေ ပိုခန့်ထားလာ