မြောက်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ရပ်ပြီး ဒုံးလက်နက် စမ်းတာတွေ ပြန်စဖွယ်ရှိ

ဓာတ်ပုံ မူပိုင် EPA
Image caption ဟနွိုင်း ဆွေးနွေးပွဲတုန်းက တွေ့ရတဲ့ မြောက်ကိုရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ချွေးဆန်ဟီး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ဟာ အမေရိကန်နဲ့ အဏုမြူ လက်နက် လျှော့ချရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းပြီး အဏုမြူနဲ့ ဒုံးလက်နက် စမ်းသပ်တာတွေ ပြန်စနိုင်တယ်လို့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိတယောက်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ' ရွှေရောင် အခွင့်အရေး'ကို လွှင့်ပစ်ခဲ့တယ်လို့ မြောက်ကိုရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ချွေးဆန်ဟီးက နိုင်ငံခြား သံတမန်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ယုံဗြောင်း အဏုမြူ စခန်းကို ဖျက်သိမ်းပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။

ဒါပေမဲ့ အမေရိကန်သမ္မတ ထရမ့်ဘက်က မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးဖို့ ကိစ္စကို ပယ်ချခဲ့ပြီးနောက် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရပါတယ်။

မြောက်ကိုရီးယားက အဏုမြူစခန်းတွေ အားလုံးကို ဖျက်သိမ်းဖို့ အမေရိကန်က လိုလားနေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ဘာပြောသလဲ

အမေရိကန်နဲ့ ဆွေးနွေးပွဲ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့သဘောထားကို ကင်ဂျုံအွန်းက မကြာခင်မှာ တရားဝင် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ချွေးဆန်ဟီးက ပြုံယမ်းမှာ ပြောကြားပါတယ်။

"အမေရိကန် တောင်းဆိုသမျှကို ဘယ်လိုပုံစံနဲ့မှ ကျွန်မတို့ဘက်က လိုက်လျောပေးဖို့ ရည်ရွယ်ချက် မရှိဘူး၊ ဒီလို စေ့စပ်ရေးမျိုးကိုလည်း ဆက်မလုပ်ချင်ဘူး "လို့ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက် တွေကို ပြောကြားကြောင်း ရုရှ အစိုးရရဲ့ တပ်စ်သတင်းဌာနက ရေးသားပါတယ်။

အမေရိကန်ဟာ "လူမိုက်ဂိုဏ်းပုံစံမျိုး" အချိုးချိုးတယ် လို့လည်း သူက စွပ်စွဲကြောင်း တပ်စ် သတင်းဌာနက ရေးပါတယ်။

ဟနွိုင်းဆွေးနွေးပွဲမှာ မြောက်ကိုရီးယားဘက်က အရေးကြီးတဲ့ စီးပွားရေး ပိတ်ဆို့မှု ငါးချက်ကို ရုပ်သိမ်းပေးဖို့ပဲ တောင်းဆိုတယ်၊ ဆွေးနွေးပွဲပျက်အပြီးမှာ ထရမ့်ပြောသလို အားလုံးကို ရုပ်ပေးဖို့ ပြောတာမဟုတ်ဘူးလို့လည်း မစ္စချွေးက ပြောပါတယ်။

ဒီတခါ အမေရိကန်က အခွင့်အရေးကြီးတခုကို ပယ်ချခဲ့တာက ထင်ရှားတယ် လို့လည်း သူက ဆိုပါတယ်။

"အမေရိကန်က ဘာကြောင့် ဒီလိုအချိုးချိုးတယ် ဆိုတာကို သေချာမသိပါဘူး၊ ကျွန်မတို့ဘက်ကလည်း သူတို့ပိတ်ဆို့မှု အားလုံးကို ဖယ်ပေးဖို့ မတောင်းဆိုပါဘူး။ "

အမေရိကန် အနေအထား

မြောက်ကိုရီးယားဘက်က ပိတ်ဆို့မှု အားလုံးကို ရုပ်ပေးဖို့ တောင်းဆိုတယ်လို့ပဲ အမေရိကန်သမ္မတ ထရမ့် နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုတို့က ဖေဖော်ဝါရီလ ဆွေးနွေးပွဲအပြီးမှာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

"သူတို့ဘက်က ပိတ်ဆို့မှုအားလုံး လျှော့ပေးစေချင်တယ်၊ ကျွန်တော်တို့ ဒါမျိုး မလုပ်နိုင်ဘူး" လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

သံတမန်ရေး ဆွေးနွေးမှုတွေ "ဆက်ပြီး အသက်ဝင်နေသေးတယ် " လို့ ဝါရှင်တန်က မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖန်ဘီးဂန်က ဒီတပတ်ထဲမှာ ပြောခဲ့ပါသေးတယ်။

ဆွေးနွေးပွဲ နောက်ပိုင်း ဘာတွေ ထပ်ညှိနှိုင်းတယ်၊ နောက်ထပ် ဆွေးနွေးပွဲတွေ ဘယ်တော့ ထပ်လုပ်မယ် ဆိုတာတွေကိုတော့ သူက တခွန်းမှ မဟခဲ့ပါဘူး။

ဒီခေါင်းဆောင် နှစ်ယောက် မနှစ်က စင်္ကာပူမှာ ပထမဆုံး တွေ့ခဲ့ကြပါတယ်။ ဒီနှစ် ဒုတိယအကြိမ် ဆွေးနွေးပွဲကိုတော့ ဗီယက်နမ်က ဟနွိုင်းမှာ ဖေဖော်ဝါရီလက ကျင်းပခဲ့တာပါ။

တတိယ ထိပ်သီးဆွေးနွေးပွဲအတွက် စီစဉ်ထားတာတော့ မရှိဘူး၊ ဒါပေမဲ့ အနာဂတ်မှာ "ရလဒ်ကောင်း တခု" ထွက်လာနိုင်တယ် လို့ပဲ ဟနွိုင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ထရမ့်က ပြောခဲ့ပါတယ်။

Presentational grey line

သံတမန်နည်းလမ်းကို ဆက်ပြီး ဖွင့်ထားဆဲ

လော်ရာဘစ်ကာ၊ ဘီဘီစီ ဆိုးလ် သတင်းထောက်

အရင်လို ဒေါသ မီးတွေ ဟုန်းဟုန်းတောက်တဲ့ ခေတ်ကို ပြန်သွားတော့မှာလား ဆိုတာကတော့ သိပ်မဖြစ်နိုင်သေးပါဘူး။ အမေရိကန်ဘက်ကနေ တုံ့ပြန်ချက် တခုခုရဖို့လည်း မြောက်ကိုရီးယားဘက်က မျှော်လင့်ထားပုံ ရပါတယ်။ ကင်ဂျုံအွန်း ဘက်က ဒုံးကျည်ပစ်တာတွေ၊ အဏုမြူလက်နက် စမ်းတာတွေ ရပ်သွားအောင် လုပ်နိုင်ခဲ့တယ် ဆိုပြီး ထရမ့်က ကြွားတာကိုလည်း မြောက်ကိုရီးယားက သိနေပါတယ်။

"စမ်းသပ်မှုတွေ ထပ်မလုပ်သရွေ့ အလျင်မလိုဘူး" လို့လည်း ထရမ့်က ပြောပါတယ်။

ခေါင်းဆောင်နှစ်ယောက် ဟနွိုင်းမှာ သဘောတူညီမှု မရဘဲ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်ရှိနေတုန်းမှာ မြောက်ကိုရီးယားဘက်က အမေရိကန်သမ္မတနဲ့ ပြန်ပြီး စေ့စပ်နိုင်ဖို့ တွန်းအားပေးတာလည်း ဖြစ်နိုင်ပါတယ်။

ချွေးဆန်ဟီးက ကင်ဂျုံအွန်းနဲ့ ဒေါ်နယ်ထရမ့်ကြားက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကိုတော့ ဆက်ပြီး ချီးကျူးနေတာကိုလည်း သတိထားရမှာပါ။ ဒါကြောင့် သံတမန်ရေး နည်းလမ်းတွေ ဆက်ရှိနေပါသေးတယ်။ အမေရိကန် သဘောထား တင်းမာတာနဲ့ ပတ်သက်ပြီး မိုက် ပွန်ပေယိုနဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျွန် ဘိုလ်တန်ကိုပဲ သူက အပြစ်တင်ခဲ့ပါတယ်။

မြောက်ကိုရီးယားမှာလည်း သဘောထား ပြင်းထန်သူတွေ ရှိကြပြီး ကင်ဂျုံအွန်းရဲ့ ဟနွိုင်းနဲ့ အသွားအပြန် ငါးရက်ကြာတဲ့ ရထားခရီးစဉ်ကို အရှုံးသက်သက်လို့ သူတို့က မြင်ကြပါတယ်။ အခု နောက်ဆုံးထွက်လာတဲ့ ထုတ်ပြန်ချက်က ကင်ဂျုံအွန်းရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို သူတို့ကိုရော ထရမ့်တို့ဘက်ကိုပါ အသိပေးလိုက်တာ ဖြစ်ပါတယ်။

North Korean Vice Minister of Foreign Affairs Choe Son Hui (C) arrives for a press conference at the Melia hotel, following the second US-North Korea summit, in Hanoi, Vietnam, 01 March 2019. EPA/STR ဓာတ်ပုံ မူပိုင် EPA
Image caption ဟနွိုင်း ဆွေးနွေးပွဲတုန်းက တွေ့ရတဲ့ မြောက်ကိုရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ချွေးဆန်ဟီး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ဟာ အမေရိကန်နဲ့ အဏုမြူ လက်နက် လျှော့ချရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းပြီး အဏုမြူနဲ့ ဒုံးလက်နက် စမ်းသပ်တာတွေ ပြန်စနိုင်တယ်လို့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိတယောက်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ 'ရွှေရောင် အခွင့်အရေး'ကို လွှင့်ပစ်ခဲ့တယ်လို့ မြောက်ကိုရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ချွေးဆန်ဟီးက နိုင်ငံခြား သံတမန်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ယုံဗြောင်း အဏုမြူ စခန်းကို ဖျက်သိမ်းပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။

ဒါပေမဲ့ အမေရိကန်သမ္မတ ထရမ့်ဘက်က မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးဖို့ ကိစ္စကို ပယ်ချခဲ့ပြီးနောက် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရပါတယ်။

မြောက်ကိုရီးယားက အဏုမြူစခန်းတွေ အားလုံးကို ဖျက်သိမ်းဖို့ အမေရိကန်က လိုလားနေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ဘာပြောသလဲ

အမေရိကန်နဲ့ ဆွေးနွေးပွဲ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့သဘောထားကို ကင်ဂျုံအွန်းက မကြာခင်မှာ တရားဝင် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ချွေးဆန်ဟီးက ပြုံယမ်းမှာ ပြောကြားပါတယ်။

"အမေရိကန် တောင်းဆိုသမျှကို ဘယ်လိုပုံစံနဲ့မှ ကျွန်မတို့ဘက်က လိုက်လျောပေးဖို့ ရည်ရွယ်ချက် မရှိဘူး၊ ဒီလို စေ့စပ်ရေးမျိုးကိုလည်း ဆက်မလုပ်ချင်ဘူး "လို့ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက် တွေကို ပြောကြားကြောင်း ရုရှား အစိုးရရဲ့ တပ်စ်သတင်းဌာနက ရေးသားပါတယ်။