မဲတွေ ရေတွက်ပြီးပြီ ဆိုပေမယ့် ထိုင်း မှာ ဘယ်ပါတီ က အစိုးရ ဖွဲ့နိုင်မလဲဆိုတာ မသေချာ

ထိုင်း ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ ဝန်ကြီးချုပ်ပဲ ဆက်လက် အရွေးခံရဖွယ်ရှိ

ထိုင်း ရွေးကောက်ပွဲ ကျင်းပ ပြီးစီး ခဲ့တာ တပတ်ကျော် ကြာမြင့် ခဲ့ပြီ ဖြစ်ပေမယ့် ဘယ်ပါတီ က အစိုးရ ဖွဲ့ နိုင်မလဲ ဆိုတာ လက်ရှိ အချိန် အထိ မသေချာ မရေ ရာဘဲ ရှိနေပါတယ်။

အခု ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ် က တိုင်းပြည် အာဏာ သိမ်းပြီး နောက်မှာ ပထမဆုံး ပြန်လည် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့တုန်း ကတော့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် ဟာ နောက်ဆုံး မဲရလဒ် ကို ထုတ်ဖော် ကြေငြာ ခဲ့ရာမှာ စစ်တပ် က ကျောထောက် နောက်ခံ ပေးထားတဲ့ ပါတီ က မဲအများစု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခု ရွေးကောက်ပွဲဟာ ထိုင်း နိုင်ငံရဲ့ ဒီမိုကရေစီ ကို ပြန်လည် ခြေလှမ်း တဲ့ ဖြစ်ရပ် အဖြစ် လူအများစု က ရှုမြင်ထားကြပေမယ့် မဲ မသမာမှုတွေ ရှိနေတ တယ်လို့ စွပ်စွဲ ကြသူတွေလည်း ရှိပါတယ်။

မေလ ၉ ရက်နေ့မှာတော့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် က တရားဝင် မဲရလဒ် တွေကို ထုတ်ပြန် ကြေညာ မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption Under a new complex system, how many seats each party will end up is still unclear

လက်ရှိ ကျင်းပ ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ ဟာ နိုင်ငံရေး မှာ စစ်တပ် က ပိုမို ပါဝင် ပတ်သက်ခွင့် ရအောင် လုပ်တဲ့ ပွဲ ဖြစ်တယ်ဆိုပြီးတော့လည်း ဝေဖန်မှု တွေက မြင့်တက် ခဲ့တာပါ။

အသစ် ပြင်ဆင်ရေးဆွဲ လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အထက် လွှတ်တော် မှာ အမတ် ၂၅၀ ကို စစ်တပ် ကိုယ်စားလှယ်တွေ က အလို အလျောက် နေရာ ရရှိမှာ ဖြစ်ပါတယ်။

နောက်ပြီး ရှုပ်ထွေးလှတဲ့ ရွေးချယ်ပုံ စနစ် အရ အနိုင် ရရှိတဲ့ ပါတီတွေက လွှတ်တော် ကိုယ်စားလှယ် နေရာ ဘယ်လောက် ရရှိမလဲ ဆိုတာ ကိုလည်း တိတိကျကျ ပြောဆို နိုင်ခြင်း မရှိသေးပါဘူး။

အရင် ရွေးကောက်ပွဲတွေတုန်း က ထိုင်း ကော်မရှင် အနေနဲ့ ရလဒ် တွေကို လျင်လျင်မြန်မြန် ထုတ်ပြန် ကြေညာ နိုင်ခဲ့ပေမယ့် အခု တခေါက်တော့ မဲရလဒ် ကြေညာမှု အပိုင်းမှာ အားနည်း ခဲ့ပါတယ်။

မဲဆန္ဒနယ်ပေါင်း ၃၅၀ က မဲရလဒ်တွေကို ထုတ်ပြန် ကြေညာ ရာမှာ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် မဲပေးခဲ့သူ အရေအတွက်က တနိုင်ငံလုံး အတိုင်းအတာ နဲ့ ၆၅ ရာခိုင်နှုန်း အထိ ရှိခဲ့တယ်လို့တော့ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ကို စောင့်ကြည့်လေ့လာသူတွေ က မဲပေးခဲ့သူ ၆၅ ရာခိုင်နှုန်း ဆိုတာ အင်မတန်မှ နည်းပါးတဲ့ အရေအတွက် ဖြစ်တယ်လို့ ပြောကြ ပါတယ်။

ဓာတ်ပုံ မူပိုင် European Photopress Agency
Image caption ထိုင်း ရွေးကောက်ပွဲ ရလဒ်ကြောင့် စောင့်ကြည့်သူအများ အံ့အားသင့်ခံရ

အဲဒီ အချက်အလက်တွေ ကြေညာပြီး နောက်ပိုင်းမှာ ထိုင်းရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မဲရလဒ် တွေကို ထုတ်ပြန် ကြေညာနေမှု ကို ရပ်တန့် လိုက်ပြီး ရရှိတဲ့ အချက်အလက် တွေနဲ့ ပတ်သက်လို့ သံသယ ရှိတယ်လို့ ဆိုပါတယ်။

နောက်ပြီး မဲရလဒ် တွေကို စောင့်ကြည့် နေတဲ့ သတင်းဌာန တွေကိုလည်း ရလဒ် ထုတ်ပြန် ကြေညာမှု နဲ့ ပတ်သက်လို့ ပြစ်တင် ဝေဖန် ခဲ့ပါတယ်။ ကြသာပတေး နေ့ တုန်း ထုတ်ပြန်တဲ့ မဲရလဒ် မှာတော့ ဆန္ဒမဲ ၁၀၀ ရာခိုင်နှုန်း ကို ရေအတွက် ပြီးစီး ခဲ့ပြီလို့ ပြောပါတယ်။

အဲဒီမှာ စစ်တပ်က ကျောထောက် နောက်ခံ ပေးထားတဲ့ ပလန် ပရာချာ ရက် ပါတီ က ဆန္ဒမဲ ၈.၄ သန်း ရရှိခဲ့ပြီး၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝက် ကို ထောက်ခံ တဲ့ ပျူထိုင်း ပါတီ က ဆန္ဒမဲ စုစုပေါင်း ၇.၉ သန်း ရရှိ ထားပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြင်ဆင်မှု အချိန်ကာလ အတန်ကြာ ရရှိခဲ့ပြီး ရန်ပုံငွေ ရရှိမှုလည်း များပြား ခဲ့တဲ့ ကော်မရှင် အနေနဲ့ အခုလို မတည်ငြိမ်တဲ့ ရလဒ် တွေ ကို ထုတ်ပြန်ခဲ့လို့လည်း ဝေဖန်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

ကော်မရှင် ဘက်ကတော့ မဲရလဒ် ကို ရေတွက် နေတုန်း အချိန်မှာ ကွန်ပြူတာ စနစ် ကို ထိုးဖောက် ဝင်ရောက်မှုတွေကိုလည်း ရင်ဆိုင် ကြုံတွေ့ ခဲ့ရတယ်လို့ အကြောင်းပြပါတယ်။

နောက်ပြီး ရှေ့နောက်မညီ တဲ့ လုပ်ရပ် အဖြစ် မဲပေး ခဲ့သူ အရေအတွက် ဟာ ၇၅ ရာခိုင်နှုန်း နီးပါး အထိ ရှိခဲ့ကြောင်း ကို ပြောင်းလဲပြိး ထုတ်ဖော် ကြေညာ ခဲ့တာကြောင် ဝေဖန် ခံခဲ့ရပါတယ်။

အဆိုပါ ဖြစ်ရပ်ကြောင့် ရွေးကောက်ပွဲဟာ မသမာမှုတွေ ရှိခဲ့ပြီး ကော်မရှင် ကို ဖယ်ရှား ပေးဖို့ လူ ၈ သိန်းကျော်က လက်မှတ် ရေးထိုး တောင်းဆို ခဲ့ကြပါတယ်။

အခု ရွေးကောက်ပွဲ စီမံပုံ ညံ့ဖျင်း လွန်း တာကြောင့် ကော်မရှင် ဟာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့ တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင် ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မဲပေးခဲ့ကြသူတွေ

ဘယ်ပါတီ က အစိုးရ ဖွဲ့နိုင်မလဲ။

မေလ ၉ ရက်နေ့မှာ တရားဝင် မဲရလဒ် တွေကို ထုတ်ပြန် ကြေညာမယ် ဆိုတာ ကြောင့် အဲဒီ အချိန်ကျမှ အစိုးရ အဖွဲ့ ကို ဖွဲ့စည်း နိုင်မှာပါ။ နောက်ပြီး မဲရလဒ် တွေနဲ့ ပတ်သက်လို့ ကော်မရှင် ဘက် က ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင် မှာ ဖြစ်ပြီး မဲ မသမာမှုတွေ၊ ရွေးကောက်ပွဲ ဥပဒေ တွေကို ချိုးဖောက်မှုတွေ ရှိခဲ့ သလား ဆိုတာ ကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။

စစ်ဆေး ပေါ်ပေါက်မှုတွေအရ လိုအပ်ရင် တချို့ ဒေသ တွေမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ကောင်း ကျင်းပ ရနိုင်တာကြောင့် အခုလို အချိန် တစ်လ ကျော် ကြာမှာ ရလဒ် ကို ထုတ်ပြန် ကြေညာမယ်လို့ ပြောဆို တာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် လွှတ်တော် နှစ်ရပ်မှာ ဘယ်သူကို ဝန်ကြီးချုပ် အဖြစ် မဲပေး ရွေးချယ် မှုကိုလည်း မေလ ၉ ရက် နောက်ပိုင်းမှ ပြုလုပ် နိုင်မှာပါ။

ဒါပေမယ့် လက်ရှိ ဝန်ကြီးချုပ် ပရာရွတ် ချောင်အိုချာ ပဲ ဝန်ကြီးချုပ် အဖြစ် ရွေးချယ် ခံရနိုင်ပါတယ်။ လက်ရှိ ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ တပ်မတော် ကိုယ်စားလှယ် ၂၅၀ ရရှိ ထားပြီး အဲဒီလူတွေ အကုန်လုံးက ဗိုလ်ချုပ်ကြီး ဟောင်း ကို ဝန်ကြီးချုပ် အဖြစ် မဲပေးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တရားဝင် မကြေညာ သေးတဲ့ မဲရလဒ်တွေ အရ အောက်လွှတ်တော် မှာ ပျူထိုင်း ပါတီ က ကျန်ပါတီ ၇ ခုနဲ့ ပေါင်းပြီး လွှတ်တော် အမတ် နေရာ အများစု နဲ့ စိုးမိုး နိုင်ပါတယ်။ ဒါကြောင့် အမတ် နေရာ အများစု ရရှိထားခြင်း မရှိတဲ့ ပလန် ပရာချာ အနေနဲ့ ဥပဒေ ပြုရေးမှာ အကျပ်အတည်း ရှိနိုင်ပါတယ်။

Image caption ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်

လွတ်လပ် မျှတတဲ့ ထိုင်းရွေးကောက်ပွဲလား

နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ တခု ဖြစ်တဲ့ ANFREL က ထိုင်း ရွေးကောက်ပွဲဟာ မလွတ်လပ်ဘူး၊ မမျှတဘူး လို့တော့ မပြောဆိုတော့ပါဘူး။ ဒါပေမယ့် မဲပေးသူတွေ အတွက် သတင်းအချက် အလက် စီးဆင်းမှု ကို တင်းကျပ်တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် ကို တားမြစ်တာ စတဲ့ လုပ်ရပ် တွေကိုတော့ စစ်အစိုးရ က လုပ်ဆောင် ခဲ့တယ်လို့ ဆိုပါတယ်။

အခု ရွေးကောက်ပွဲမှာ မသမာ မှုတွေ ရှိခဲ့ကြောင်း ထိုင်း လူမျိုး အတော်များများ က ယုံကြည် ကြပေမယ့် လုံလောက်တဲ့ သက်သေ တော့ ထုတ်မပြ နိုင်ကြပါဘူး။ နည်းလမ်းမကျ တဲ့ လုပ်ရပ် တွေ ရှိကြောင်း လူ အတော်များများ က သတင်း ပေးပို့ ခဲ့ကြပေမယ့် ကော်မရှင် က ထုတ်ပြန်တဲ့ ရလဒ် တွေ ကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲ ကော်မရှင် အပေါ်မှာလည်း လူတွေရဲ့ ယုံကြည်မှု က ကျဆင်း သွားခဲ့ပါတယ်။ လာမယ့် ရက်တွေမှာ ထိုင်း ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို လူတွေက စိတ်ဝင်တစား စောင့်ကြည့် မှုတွေ လုပ်ကြမှာ အသေအချာပါပဲ။

လွတ်တော် ကိုယ်စားလှယ် နေရာ ရွေးချယ်မှု ကို ဘယ်လို ဆောင်ရွက်မှာလဲ ဆိုတာကိုလည်း လူတွေက စိတ်ဝင်စားနေကြတာပါ။ လက်ရှိ ရွေးကောက်ပွဲ နည်လမ်း တွေကို အသုံးမပြုဘဲ အစိုးရ နဲ့ အတိုက်အခံ ကိုပဲ ရွေးချယ်မယ် ဆိုရင်လည်း အမတ် နေရာ ၂ နေရာ သာ ကွာခြား တဲ့ အတွက် ဥပဒေ ပြုရေး ကိစ္စ တွေမှာ နှောင့်နှေးမှုတွေ ရှိလာ နိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ