မီးစွဲလောင်ခဲ့တဲ့ နော်တရာဒမ် ဘုရားကျောင်းကြီးရဲ့ ပျက်စီးဆုံးရှုံးမှုများ

နော်တရာဒမ် ဘုရားကျောင်း၊ ပြင်သစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မီးစွဲလောင်အပြီး နော်တရာဒမ် ဘုရားကျောင်းကြီးရဲ့ ပျက်စီး ဆုံးရှုံးမှု မြင်ကွင်း

နော်တရာဒမ် ဘုရားကျောင်း၊ ပြင်သစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မီးစွဲလောင်အပြီး နော်တရာဒမ် ဘုရားကျောင်းကြီးရဲ့ ပျက်စီး ဆုံးရှုံးမှု မြင်ကွင်း

မီးလောင် ပျက်စီးခဲ့တဲ့ နော်တရာဒမ် ဘုရားကျောင်းကြီးကို ပြန်လည် ပြုပြင်ဖို့ ယူရိုငွေ သန်း ရာနဲ့ချီ သုံးဖို့ ကတိပြုထားပါတယ်။

ယူနက်စကိုက ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားတဲ့ နော်တရာဒမ် ဘုရားကျောင်းကြီးကို ပိုလှပအောင် ပြုပြင် တည်ဆောက်သွားမယ်လို့ ပြင်သစ် သမ္မတ အီမန်ဝဲ မက်ခရွန်းက ကတိပြု ပြောခဲ့ပါတယ်။ ဒါပေမယ့် ပြုပြင်တည်ဆောက်ဖို့ အချိန် ဆယ်စုနှစ်နဲ့ချီ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က သတိပေးထားပါတယ်။

နော်တရာဒမ် ဘုရားကျောင်းကြီးရဲ့ အတွင်းပိုင်းမှာ ဘယ်လောက်တောင် ပျက်စီးသွားသလဲ ဆိုတာ ဒီဓါတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဂေါ့သစ်ပုံစံ ရှေးဟောင်း ဗိသုကာလက်ရာ ဘုရားကျောင်းကြီးမှာ ထိခိုက်ပျက်စီးခဲ့မှု ပမာဏကို ဒရုန်းတခုနဲ့ မီးသတ်သမားတွေ စစ်ဆေးကြည့်ရှုခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မီးသတ်သမားတွေ မတားဆီးနိုင်ခင် ဘုရားကျောင်း အမိုးကို တမဟုတ်ချင်း မီးစွဲလောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ,

မီးလောင်မှုအတွင်း ဘုရားကျောင်း ထိပ်ချွန် ခေါင်ပိုင်း ပြိုကျပျက်စီးသွား

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ,

ပျက်စီးမှု ပမာဏကို ခန့်မှန်းဖို့ ဘုရားကျောင်းတွင်းကို ကျွမ်းကျင်သူတွေ ဝင်ခွင့် မရသေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဘုရားကျောင်းကြီးရဲ့ ဖွဲ့စည်း တည်ဆောက်မှုအပိုင်း တခုလုံးမှာ မီးဒဏ် အရမ်းကြီး မသင့်ခဲ့ပေမဲ့ တချို့နေရာတွေမှာတော့ အတော် ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေး ဒုတိယ ဝန်ကြီးပြော

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ,

အနည်းဆုံး ရောင်စုံမှန်ပြတင်းပေါက် တစ်ခုနဲ့ ၁၈ ရာစု အော်ဂင်ကြီး မီးဘေးက လွတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

နော်တရာဒမ် ဘုရားကျောင်း ပြန်လည်ပြုပြင်နေလို့ မီးမလောင်ခင် ရက်ပိုင်းကတည်းက ရုပ်တု အတော်များများကို ရွှေ့ပြောင်းထားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဘုရားကျောင်းထဲက သမိုင်းဝင် ဘာသာရေး အမွေအနှစ်ပစ္စည်း အတော်များများကို မီးဘေးကနေ အချိန်မီ ထိန်းသိမ်းလိုက်နိုင်ပြီး အခုအခါ လုဗ် ပြတိုက်ဆီ ပို့ထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

နော်တရာဒမ်ဘုရားကျောင်း အပြင်ဖက်မှာ ချထားတဲ့ ပန်းစည်း