မိုးခေါင်မှုဒဏ်ခံရတဲ့ အိန္ဒိယလယ်သမားတွေအကြောင်း ဓာတ်ပုံက အကောင်းဆုံး ဓာတ်ပုံဆု ဆွတ်ခူး

၂၀၁၉ ခုနှစ် ဆိုနီ ကမ္ဘာ့ ဓါတ်ပုံဆု ရသူတွေ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာမှာ မိုးခေါင်ရေရှားဒဏ် ခံရတဲ့ တမီလ် နာဒူးပြည်နယ်က အိန္ဒိယ လယ်သမားတွေရဲ့ ဓါတ်ပုံနဲ့ Federico Borella က အကောင်းဆုံး ဓါတ်ပုံဆရာဆုကို ဆွတ်ခူး ရသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Federico Borella
Image caption တမီလ်နာဒူးပြည်နယ်မှာ မိုးခေါင်ရေရှားဒဏ်ကြောင့် တနေ့ ရူပီး ၄၀၀ နဲ့ ဆောက်လုပ်ရေး အလုပ်သမား ပြောင်းလုပ်ခဲ့ရတဲ့ လယ်သမားကြီး ကာပူလီရဲ့ ဓါတ်ပုံ
ဓာတ်ပုံ မူပိုင် Federico Borella
Image caption မိုးခေါင်ရေရှားမှုဒဏ်ကြောင့် လယ်တွေပျက် ကြွေးတွေတင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ လယ်သမား ပယ်လီချမ် ရဲ့ ဇနီးသည် မုဆိုးမရဲ့ ဓါတ်ပုံ

Five Degrees အမည်ရတဲ့ ဓာတ်ပုံတွေနဲ့ အကောင်းဆုံး မှတ်တမ်း ဓါတ်ပုံဆုကို အီတာလျံ ဓာတ်ပုံဆရာ Federico Borella ဆွတ်ခူး ရခဲ့ပါတယ်။

အိန္ဒိယ လယ်သမား အတော်များများ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာဟာ ရာသီဥတု ပြောင်းလဲလာမှု၊ အပူချိန် တိုးမြင့်လာမှုတွေနဲ့ ဆက်နွယ်နေသလား ဆိုတာ Federico Borella ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး မေးခွန်း ထုတ်စရာတွေ ပေါ်လာပါတယ်။

၂၀၁၆- ၁၇ ခုနှစ် တုန်းက နှစ်ပေါင်း ၁၄၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံ တောင်ဘက်ဖျားစွန်းက တမီလ် နာဒူးပြည်နယ်မှာ ဒီဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာပါ။

ဆုရခဲ့တဲ့ တခြား ဓာတ်ပုံဆရာတွေရဲ့ ပုံတွေထဲမှာ အများပြည်သူ သွားလာတဲ့ နေရာတွေ၊ နိုင်ငံရေး ပွဲတွေနဲ့ အားကစား အောင်မြင်မှု ပုံတွေ ပါဝင်ပါတယ်။

အောက်က ပုံတွေကတော့ ဆုဆွတ်ခူးရတဲ့ ပုံတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Stephan Zirwes
Image caption ဂျာမနီနိုင်ငံက အများသုံး ရေကူးကန်တွေရဲ့ ဓာတ်ပုံတွေနဲ့ အကောင်းဆုံး ဗိသုကာလက်ရာ ဓါတ်ပုံဆုကို ဓာတ်ပုံဆရာ Stephan Zirwes ဆွတ်ခူးရသွား
ဓာတ်ပုံ မူပိုင် Alessandro Grassani
Image caption အကောင်းဆုံး အားကစား ဓာတ်ပုံဆုကို 'အကြမ်းဖက်မှု ဆန့်ကျင်တဲ့ လက်ဝှေ့'ဆိုတဲ့ ဓာတ်ပုံတွေနဲ့ ဓာတ်ပုံဆရာ Alessandro Grassani ဆွတ်ခူး ရခဲ့
ဓာတ်ပုံ မူပိုင် Marinka Masséus
Image caption အကောင်းဆုံး ဖန်တီးရိုက်ကူးမှု ဓာတ်ပုံဆုကိုတော့ Down syndrome ဝေဒနာသည်တွေကို အမြင်အာရုံခံစားမှု အနုပညာမှာ နေရာပေးဖို့ ရည်ရွယ်တဲ့ အစွန်းရောက် အလှလို့ အမည်ပေးထားတဲ့ ဓာတ်ပုံတွေနဲ့ ဓာတ်ပုံဆရာ Marinka Masséus က ဆွတ်ခူးရခဲ့
ဓာတ်ပုံ မူပိုင် Caimi / Piccinni
Image caption ဓာတ်ပုံဆရာ Valentina Piccinni နဲ့ Jean-Marc Caimi တို့ ပူးတွဲ ရိုက်ကူးခဲ့တဲ့ ဂူလေး ဂူလေး အမည်ရ အစ္စတန်ဘူလ်မြို့ မြင်ကွင်း ဓာတ်ပုံတွေ ကတော့ အကောင်းဆုံး စူးစမ်းလေ့လာ ရိုက်ကူးမှု ဓာတ်ပုံဆုကို ဆွတ်ခူးခဲ့
ဓာတ်ပုံ မူပိုင် Yan Wang Preston
Image caption ဓာတ်ပုံဆရာ Yan Wang Preston ရဲ့ ယူနန်ပြည်နယ် ဒါလီမြို့က ဟိုင်ဒေါင် ဖွံ့ဖြိုးရေးဇုန်က မြင်ကွင်း ဓာတ်ပုံတွေက အကောင်းဆုံး ရှုခင်း ဓာတ်ပုံဆု ဆွတ်ခူးခဲ့
ဓာတ်ပုံ မူပိုင် Jasper Doest
Image caption အကောင်းဆုံး သဘာဝ တောရိုင်း ဓာတ်ပုံဆုကိုတော့ နယ်သာလန်နိုင်ငံပိုင် ကူရာဆောင်းကျွန်းက ဘော့ဘ် ဆိုတဲ့ ကယ်ရီဘီယန် ကြိုးကြာငှက် တစ်ကောင်ရဲ့ ပုံတွေနဲ့ ဓာတ်ပုံဆရာ Jasper Doest က ဆွတ်ခူးရသွား



ဓာတ်ပုံ မူပိုင် Álvaro Laiz
Image caption ရုရှားနိုင်ငံ ဘဲရင်း ရေလက်ကြားက ချွတ်ခ်ချီ ကျွန်းဆွယ်မှာ နေထိုင်တဲ့ ချွတ်ခ်ချီ လူမျိုးတွေရဲ့ အဖြူအမည်း ပုံတွေနဲ့ Álvaro Laiz က အကောင်းဆုံး ရုပ်ပုံလွှာဓာတ်ပုံဆုကို ဆွတ်ခူးခဲ့
ဓာတ်ပုံ မူပိုင် Nicolas Gaspardel
Image caption အကောင်းဆုံး ရုပ်သေ ဓါတ်ပုံဆုကို ဓာတ်ပုံဆရာ Nicolas Gaspardel နဲ့ Pauline Baert တို့ ဆွတ်ခူးခဲ့ကြ
ဓာတ်ပုံ မူပိုင် Rebecca Fertinel
Image caption ဘယ်လ်ဂျီယမ်မှာ နေထိုင်နေတဲ့ ကွန်ဂိုလူမျိုးတွေရဲ့ အကြောင်း ဓာတ်ပုံတွေနဲ့ ဓာတ်ပုံဆရာမ Rebecca Fertinelက သတင်းအကျဉ်းချုပ် ဓာတ်ပုံဆု ဆွတ်ခူးခဲ့

ဆက်စပ် အကြောင်းအရာများ