သီရိလင်္ကာအရှေ့ပိုင်းမှာ ပစ်ခတ်မှုအပြီး အလောင်း ၁၅ လောင်း တွေ့ရှိ

သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့တွေက နောက်ထပ်တိုက်ခိုက် ဗုံးကွဲမှုမလုပ်နိုင်အောင် နိုင်ငံတ၀န်းမှာ စီးနင်းထားနိုင်ပါတယ် ဓာတ်ပုံ မူပိုင် EPA
Image caption သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့တွေက နောက်ထပ်တိုက်ခိုက် ဗုံးကွဲမှုမလုပ်နိုင်အောင် နိုင်ငံတ၀န်းမှာ စီးနင်းထားနိုင်ပါတယ်

သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းမှာ၊ ရဲတပ်ဖွဲ့နဲ့ အစ္စလာမ်စစ်သွေးကြွလို့ ယူဆရသူတွေအကြားပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြီး သေဆုံးနေသူ အလောင်း ၁၅ လောင်း ကိုတွေ့ရှိခဲ့ပါတယ်။

အဲဒီထိတွေ့တိုက်ခိုက်မှုက သီရိလင်္ကာအရှေ့ပိုင်း ဘက်ဒိကလိုဝှာမြို့ တောင်ပိုင်း၊ စိန့်သာမရုသူမြို့မှာ ဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်မှုအပြီး တွေ့ရှိခဲ့တဲ့ အလောင်းတွေက ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းမျိုးက ဆိုတာကိုတော့ အာဏာပိုင်တွေက ပြောကြားတာမရှိသေးပါဘူး။

အဲဒီနေရာဟာ ဧပြီလ ၂၁ရက်၊ တနင်္ဂနွေနေ့က နိုင်ငံအတွင်း ဗုံးခွဲတိုက်ခိုက်မှုမှာ အဓိကပါဝင်တဲ့ ခေါင်းဆောင် လို့ယူဆရသူ နေထိုင်တဲ့ နေရာနဲ့အနီးနားမှာဖြစ်ပါတယ်။

သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့တွေက နောက်ထပ်တိုက်ခိုက် ဗုံးကွဲမှုမလုပ်နိုင်အောင် နိုင်ငံတဝန်းမှာ စီးနင်းထားနိုင်ပါတယ်။

အီစတာနေ့ ဝတ်ပြုချိန်အတွင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက်မှာတော့ သီရိလင်္ကာနိုင်ငံရဲ့အခြား ကက်သလစ်ဘာသာဝင် ဘုရားရှိခိုးကျောင်း အများအပြားမှာတော့ တနင်္ဂနွေ ဝတ်ပြုအစီအစဉ်တွေကို ဖျက်သိမ်းထားပါတယ်။

ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကိုလံဘိုမန်ဂိုမန်ဂျင်ကတော့ နောက်ထပ်ဖောက်ခွဲမှုတွေ ပြုလုပ်မယ့် နေရာ စာရွက်စာတမ်းတွေပေါက်ကြားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အစိုးရကတော့ နောက်ဆက်တွဲ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နိုင်တဲ့သတင်းတွေကို သတိပေးဖို့ ပျက်ကွက်ခဲ့လို့ သစ္စာဖောက်သလို ခံစားနေရတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုလံဘိုမန်ဂိုမန်ဂျင်ကတော့ နောက်ထပ်ဖောက်ခွဲမှုတွေပြုလုပ်မယ့် နေရာ စာရွက်စာတမ်းတွေပေါက်ကြားတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေ အီတာပွဲတော်ကျင်းပချိန်အတွင်း ဟိုတယ်သုံးခုနဲ့ ခရစ်ယာန်ဝတ်ပြုကျောင်း ၃ခုတို့မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၂၅၀ သေဆုံးခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ အဲဒီဖောက်ခွဲမှုတွေက အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့၊ ထိုဟီဂျေမတ် အဖွဲ့ကလုပ်တာလို့ အပြစ်တင်ထားပါတယ်။ ဒါပေမယ့်လည်း အိုင်အက်စ်အဖွဲ့ကတော့ တိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ