စံချိန်သစ်ထပ်တင်တဲ့ မြန်မာ့ ရွှေဈေး

အခုရက်ပိုင်းတစ်ကျပ်သားကို ကျပ်လေးသောင်းလောက် ခုန်တက် သွားပါတယ်။ ဓာတ်ပုံ မူပိုင် Huw Evans picture agency
Image caption အခုရက်ပိုင်းတစ်ကျပ်သားကို ကျပ်လေးသောင်းလောက် ခုန်တက် သွားပါတယ်။

ဇွန်လ ၂၁ ရက်နေ့ မနက်ကရန်ကုန် ရွှေဈေး ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်၁၁ သိန်း ၁ သောင်းအထိရောက် သွားခဲ့ပါတယ်။

ဒါဟာ မြန်မာ့ ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဝင်သွားတဲ့စျေးလည်းဖြစ်ပါတယ် ။

သို့သော်သိပ်မကြာလှပါ ၊ညနေပိုင်းတွင်း၁၁ သိန်းအောက် ကိုပြန်ဆင်းကာ ၁၀ သိန်း ကိုးသောင်း ကိုးထောင်ဖြစ်သွားခဲ့ ပါတယ်။

ဒါပေမယ့်တက်ရိပ်ရှိနေဆဲလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်တဲ့သတင်းတွေအရ တော့ရွှေဈေးဟာ တစ်ရက်ထဲမှာ အတက် အကျမငြိမ်တာကိုတွေ့ရပါတယ် ။

အခုနှစ် ဦးပိုင်းမှာစလို့ ရွှေဈေးက ဆယ်သိန်းကျော်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YGEA
Image caption မြန်မာနိုင်ငံမှာ ရွှေကို စုတဲ့ သူတွေက အတုံးလိုက် ဝယ်ကြတာပါ။

ပုံမှန်အားဖြင့်တော့ရွှေဈေးနူန်းဟာ တနှစ် ကို ၅ ရာခိုင်နူန်းကနေ ၆ ရာခိုင်နူန်းလောက်တက်လေ့ ရှိပါတယ်။တစ်နှစ် ကို ကျပ်ငွေလေးငါးသောင်းလောက် တော့ နှစ်စဉ် တက်တယ် ပြောရမှာပါလို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ကဒေါ်ဟန်နီမြင့်ဆွေ က ဘီဘီစီကိုပြောပါတယ်။

၂၀၁၉ နှစ်စက ပြန်တွက်ရင် တော့ ဇွန်လဆန်းအထိ ကျပ် ၅သောင်းလောက်တက်သွားတယ် လို့ လည်းရွှေလုပ်ငန်းရှင် တစ်ဦးကပြောပါတယ် ။

အခုရက်ပိုင်းတစ်ကျပ်သားကို ကျပ်လေးသောင်းလောက် ခုန်တက် သွားတာက တော့ ကမ္ဘာ ရွှေဈေးကြောင့်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းကပြောပါတယ် ။

ကမ္ဘာ ရွှေဈေးကတော့ တစ်အောင် စကို ဒေါ်လာ ၁၃၆၀ လောက် ကနေဒေါ်လာ ၁၄၀၅ လောက်ကိုလည်းတက်သွားပါတယ်။

ဒါ့အပြင် ရွှေဈေးတက်တာဟာ ရာသီချိန်နဲ့လည်းဆက်စပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွေတွင်းတွေဟာ မိုးတွင်းကာလ နားတာကြောင့် ရွှေဈေးတွေတက်လေ့ရှိပါတယ် ။

မြန်မာနိုင်ငံ ကရွေအဓိကထုတ်လုပ်တဲ့ ရွေတွင်းတွေဟာ မိုးတွင်းကာလ နားတာကြောင့်မို့ လို အခုလို မိုးရာသီကာလတွေမှာ ရွှေဈေးတွေတက်လေ့ရှိပါတယ် ။

"မိုးတွင်းကတော့ တက်လေ့ရှိပါတယ် ၊ ရွှေတွင်းတွေပိတ်သလို စီးပွားရေးလုပ်တဲသူတွေ ကလည်း ရွှေဝယ်စုတာကြောင့် လည်းတက်ပါတယ် အခု ဟာကတော့ ကမ္ဘာ ရွှေဈေး တက်တာကြောင့်လည်းပါတယ် "လို့လည်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းကပြောပါတယ်။

ဒါပေမဲ့ လက်ရှိစျေးကွက်ထဲက အများစုဟာ ရွှေတွင်းတွေကလာပြီး အဟောင်းချွှတ်ပြန်သန့်တာနဲ့ လည်ပတ်နေကြပါတာ လို့လည်းဒေါ်ဟန်နီမြင့်ဆွေ က ဘီဘီစီကိုပြောပါတယ်။ ကမ္ဘာ ရွှေဈေး နဲ့မြန်မာရွှေဈေးဘယ်လိုဆက်စပ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောမသွားပါဘူး။

မြန်မာနိုင်ငံမှာ ရွှေကို စုတဲ့ သူတွေက အတုံးလိုက် ဝယ်ကြတာပါ။ ၁၀ သားတုံးလေးတွေ ကို ပြည်တွင်းကရွှေသန့်တဲ့ လုပ်ငန်းတွေက ထုတ်ပါတယ်၊ အကယ်ဒမီ ဘသန်းစတဲ့ ရေွှသန်စင် လုပ်ငန်း ကရွှေတွေက ရေွှစုသူတွေကြားမှာ နာမည် ကြီးပါတယ်။ အရင်ကတော့ ရွှေစျေးတွေတက်ရင် အစိုးရ က ခေါ်ယူမေးမြန်းတာတွေလုပ်ပြီး မသိမသာ ထိန်းလေ့ရှိပါတယ် အခုတော့ ဈေးကစားတာ တွေရှိ၇င် မြန်မာနိုင်ရွေလုပ်ငန်းရှင် အသင်းနဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့ ကခေါ်ယူသတိပေးတာတွေရှိပါတယ်လို့ ဒေါ်ဟန်နီမြင့်ဆွေ က ဘီဘီစီကိုပြောပါတယ်။

လကိရှိမြန်မာရွေဈေးဟာ စံချိန်တင် သွားပေမဲ့ မြန်မာစီးပွားရေးနဲ့အခြားဈေးကွက် တွေကို ထိခိုက်စရာမရှိဘူးလို့ လည်းမြန်မာနိုင်ရွေလုပ်ငန်းရှင် အသင်းပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရွှေဈေးတွေ ခုန်တက်သွားတာ ဘာကြောင့်လဲ

ဆက်စပ် အကြောင်းအရာများ