ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ် တရားဝင် ဖြစ်ပြီ

ဘောရစ်ဂျွန်ဆင်

ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ဘောရစ် ဂျွန်ဆင်က သူ့တာဝန်ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

နိုင်ငံကို ပိုကောင်းအောင် ပြောင်းလဲချင်တယ်လို့ အစိုးရသစ် ဖွဲ့ဖို့ ဘုရင်မကြီးနဲ့ တွေ့အပြီး ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် နေအိမ်ရှေ့မှာ ဘောရစ် ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ အီးယူကနေ ယူကေ နုတ်ထွက်မယ်လို့ ပြောပါတယ်။ တာဝန်တွေအကုန် သူ့အ ပေါ်ကျလာပြီလို့လည်း သူက ဆက်ပြီး ပြောပါတယ်။

Image caption ဒေါင်းနင်းလမ်းနေအိမ်မှာ စောင့်နေသူတွေနဲ့အတူ တွေ့ရတဲ့ ဝန်ကြီးချုပ်ရဲ့ ချစ်သူ

ထရီဇာမေက သူ့ရဲ့ ရာထူးကနေ နုတ်ထွက်စာကို ဘုရင်မကြီးဆီ ပေးအပြီးမှာပဲ ဘောရစ် ဂျွန်ဆင်က တာဝန်လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

ပြီးရင်တော့ ဝန်ကြီးချုပ်သစ်ဟာ သူ့ရဲ့ အစိုးရ ဝန်ကြီးအဖွဲ့ ဖွဲ့မှာ ဖြစ်ပါတယ်။ မစ္စမေ လက်ထက်က ဝန်ကြီး တချို့ကတော့ နုတ်ထွက်လိုက်ကြပြီ ဖြစ်ပါတယ်။ သူတို့က ဘောရစ်ဂျွန်ဆင် လက်အောက်မှာတော့ တာဝန် မထမ်းဆောင်နိုင်ဘူးလို့ ပြောထားခဲ့ကြပါတယ်။

ဝန်ကြီးချုပ်တာဝန် သုံးနှစ် ထမ်းဆောင်ခဲ့တဲ့ မစ္စမေကတော့ သူတာဝန်ယူခဲ့ရတာ သူ့အတွက် ဂုဏ်အယူရဆုံးပါပဲ လို့ပြောပြီး သူ့နေရာ ဆက်ခံသူကိုလည်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်ရှေ့မှာ လုပ်တဲ့ နှုတ်ဆက်မိန့်ခွန်းမှာတော့ အစိုးရရဲ့ အောင်မြင်မှုဟာ နိုင်ငံ့အောင်မြင်မှုပဲလို့ ထရီဇာမေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Dan Kitwood
Image caption ထွက်တော်မူနန်းက ခွာကြပြီ

ထရီဇာမေ ဘုရင်မကြီးနဲ့ တွေ့ဆုံပြီး ရာထူးက နှုတ်ထွက်ကြောင်း တရားဝင်အသိပေးပြီးတဲ့နောက်မှာတော့ မစ္စတာ ဂျွန်ဆင်က အဲလစ်ဇဘက် ဘုရင်မကြီးဆီသွားရောက်ပြီး တရားဝင်ရာထူး ခန့်အပ်မှုကို ရယူခဲ့ပါတယ်။ သူတို့တွေ့ဆုံမှုဟာ နာရီဝက်ကျော် ကြာမြင့်ခဲ့ပါတယ်။

ဘပ်ကင်ဟန် နန်းတော်အသွားလမ်းမှာ Greenpeace အဖွဲ့က လူတချို့က အချင်းချင်း လက်ချင်းချိတ် တားဆီးပြီး သူ့ကားကို ခေတ္တ ပိတ်ဆို့ ဆန္ဒပြ ခဲ့ကြပါသေးတယ်။

ဘောရစ်ဂျွန်ဆင်ရဲ့ ချစ်သူ ကယ်ရီ ဆိုင်မန်နဲ့ သူ့ရဲ့ အနီးကပ် ပုဂ္ဂိုလ်တချို့က ဝန်ကြီးချုပ်သစ် ရောက်အလာကို ဒေါင်းနင်းလမ်း နေအိမ်ကနေ စောင့်နေခဲ့ကြပါတယ်။

Image caption ကားကိုပိတ်ဆို့ပြီး ဘောရစ်ဂျွန်ဆင်ကို ဆန္ဒပြခဲ့ကြသူတွေကို ရဲက ဆွဲဖယ်ပြီး ကားကို အမြန်ဖောက်ထွက် မောင်းခဲ့ရ

မစ္စတာ ဂျွန်ဆင်နဲ့ အဲလစ်ဇဘက် ဘုရင်မကြီးတို့ရဲ့ တရားဝင် တွေ့ဆုံမှုဟာ နာရီဝက်ကျော် ကြာမြင့်ခဲ့ပါတယ်။

ဘပ်ကင်ဟန် နန်းတော်အသွားလမ်းမှာ Greenpeace အဖွဲ့က လူတချို့က အချင်းချင်း လက်ချင်းချိတ် တားဆီးပြီး သူ့ကားကို ခေတ္တ ပိတ်ဆို့ ဆန္ဒပြ ခဲ့ကြပါသေးတယ်။

ဘောရစ်ဂျွန်ဆင်ရဲ့ ချစ်သူ ကယ်ရီ ဆိုင်မန်နဲ့ သူ့ရဲ့ အနီးကပ် ပုဂ္ဂိုလ်တချို့က ဝန်ကြီးချုပ်သစ် ရောက်အလာကို ဒေါင်းနင်းလမ်း နေအိမ်ကနေ စောင့်နေခဲ့ကြပါတယ်။