အမေရိကန်က ပိတ်ထားပေမယ့် ဟွာဝေးကုမ္ပဏီ ဝင်ငွေတိုး

စမတ်ဖုန်းတွေ ပို့ဆောင်ရတာကလည်း ၂၄ ရာခိုင်နှုန်း အထိ တိုးလာတယ် ဓာတ်ပုံ မူပိုင် Getty Images
Image caption စမတ်ဖုန်းတွေ ပို့ဆောင်ရတာကလည်း ၂၄ ရာခိုင်နှုန်း အထိ တိုးလာတယ်။

ကုမ္ပဏီရဲ့ ပထမနှစ်ဝက်မှာ ဝင်ငွေက ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး စမတ်ဖုန်းတွေ ပို့ဆောင်ရတာကလည်း ၂၄ ရာခိုင်နှုန်း အထိ တိုးလာတယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလမှာ အမေရိကန် ကုမ္ပဏီတွေကို ဟွာဝေးနဲ့ ကုန်သွယ်တာတွေမလုပ်ဖို့ ဆိုပြီး အမေရိကန် အစိုးရကဟွာဝေးကုမ္ပဏီကို အမည်ပျက်စာရင်းသွင်း တားမြစ်ခဲ့ ပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ ဟွာဝေးရဲ့ ထုတ်ကုန်တွေကို မဝယ်ယူဖို့လည်း အမေရိကန်ကုမ္ပဏီတွေကိုလည်း ညွှန်ကြားထားပါတယ်။

ဟွာဝေး ထုတ်ကုန်တွေကို တရုတ်အစိုးရက စောင့်ကြည့်တဲ့အနေနဲ့ အသုံးပြု နိုင်တယ်လို့ ယူဆပြီး လုံခြုံရေး အရ ခြိမ်းခြောက်မှု တွေရှိတယ်လို့ အမေရိကန် ဘက်က စွပ်စွဲခဲ့ပေမယ့် ကုမ္ပဏီဘက်ကတော့ ဒါကိုငြင်းဆန်ထား ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟွာဝေးက အမေရိကန် အစိုးရကို တရားစွဲ

အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ ဟွာဝေးဟာ ဓားစာခံ ဖြစ်တယ်လို့ တရုတ် နိုင်ငံသားတွေက မှတ်ယူပြီး ကုမ္ပဏီထုတ် ပစ္စည်းတွေကို ပိုမို ဝယ်ယူ အားပေးလို့ ဒီလို ဝင်ငွေတိုးလာတာလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

တရုတ်နိုင်ငံ ရှန်ကျင့် မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟွာဝေး ကုမ္ပဏီ ဥက္ကဋ္ဌ လျန်ဟွာက အမေရိကန်က အမည်ပျက် စာရင်း သွင်းခဲ့ပေမယ့် ဒါက မထိရောက်ဘူးဆိုတာ သက်သေပြခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

မေလ ၁၆ ရက်က ထုတ်ပြန်ချက်ကြောင့် တရုတ်နိုင်ငံမဟုတ်တဲ့ နိုင်ငံခြား စျေးကွက် တွေမှာ စမတ်ဖုန်း ရောင်းချမှုကို ထိခိုက်သွားပေမယ့် အခုတော့ ၈ဝ ရာခိုင်နှုန်း ပြန်ကောင်းလာပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရှေ့မှာ ကုမ္ပဏီအတွက် အခက်အခဲ တချို့ရှိနေပြီး ကုမ္ပဏီရဲ့ ရေတို တိုးတက်မှု အပေါ် သက်ရောက်မှုရှိတယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟွာဝေးကို အမေရိကန် စွဲချက်တင်လိုက်

ဇွန်လတုန်းကလည်း နိုင်ငံတကာမှာ ဟွာဝေး လက်ကိုင်ဖုန်းတွေ ရောင်းချရမှုက ၄ဝ ရာခိုင်နှုန်းအထိ ကျသွားပြီး ဒါဟာ နှစ်စဉ် ဝင်ငွေကို ထိခိုက်နိုင်တယ်လို့ ဟွာဝေးတည်ထောင်သူ ရန်ကျန့်ဖေးက ပြောဆိုခဲ့ပါတယ်။

အခု နှစ်ဝက်ဝင်ငွေတိုးတက်ခဲ့တဲ့ ရလဒ်ကို ကြည့်ရင် ဟွာဝေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပဉ္စမမျိုးဆက် မိုဘိုင်း ဖုန်းကွန်ရက် (5G) အကောင်ထည်ဖော် လုပ်ဆောင်နေ တာကို မထိခိုင်ဘူးလို့ဆိုပါတယ်။

ပဉ္စမမျိုးဆက် မိုဘိုင်း ဖုန်းကွန်ရက်နဲ့ ပတ်သက်လို့ ကမ္ဘာတဝန်းမှာ ကုမ္ပဏီ ၅ဝ နဲ့ စာချုပ် ချုပ်နိုင်ခဲ့ပြီး အခြေစိုက် စခန်း တသိန်း ငါးသောင်းနီးပါး ဆောက်လုပ်ဖို့ ပစ္စည်းတွေ သယ်ယူပို့ဆောင် ထားတယ်လို့ ဟွာဝေးက ထုတ်ပြန်ထားပါတယ်။