နို့ထွက်ကောင်းအောင် ရုရှားနွားတွေကို ပုံရိပ်ယောင်မျက်မှန်တပ်ပေး

နွားတွေရဲ့ခေါင်းနဲ့ တော်အောင် မျက်မှန်ခေါင်းဆောင်းတွေကို အထူးပြုလုပ်ပေးထား ဓာတ်ပုံ မူပိုင် Moscow Ministry of Agriculture and Food
Image caption နွားတွေရဲ့ခေါင်းနဲ့ တော်အောင် မျက်မှန်ခေါင်းဆောင်းတွေကို အထူးပြုလုပ်ပေးထား

ရုရှားနိုင်ငံက နွားခြံတစ်ခြံမှာ နွားတွေ စိတ်မတည်မငြိမ် ဖြစ်တာတွေ လျော့နည်းဖို့နဲ့ နို့ထွက်တိုးဖို့အတွက် လိုသလိုဖန်တီးပေးထားတဲ့ ပုံရိပ်ယောင်တွေ မြင်နိုင်စေတဲ့ မျက်မှန်နဲ့ခေါင်းစွပ်တွေ တပ်ပေးထားလိုက်ပါတယ်။

အဲဒီမျက်မှန်တွေကနေ နွားတွေဟာ သေချာသီးသန့် ရွေးချယ်ပေးထားတဲ့ နွေရာသီ လယ်ကွင်းပြင် ရှုခင်းကို မြင်ရမှာ ဖြစ်ပါတယ်။

နွားတွေရဲ့ စိတ်ခံစားမှု အခြေအနေ နဲ့ သူတို့ရဲ့ နို့ထွက်နှုန်းက ဆက်နွှယ်နေတာ တွေ့ရတယ်လို့ သုတေသနအချက်အလက်တွေကို ကိုးကားပြီး ရုရှား လယ်ယာနဲ့ အစားအသောက် ဝန်ကြီးဌာနက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမျိုးသမီး နဲ့ နွား အိန္ဒိယမှာ ဘယ်သူပိုလုံခြုံလဲ

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီစမ်းသပ်မှုကို မော်စကိုမြို့က ရပ်စ်မိုလိုကိုဆိုတဲ့ နွားခြံမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

မတူတဲ့ နိုင်ငံတွေမှာ နမူနာ စမ်းသပ်မှုတွေအရ အေးချမ်းတဲ့ပတ်ဝန်းကျင်မှာဆိုရင် နို့အရည်အသွေးနဲ့ ထွက်နှုန်း တို့ဟာ သိသိသာသာ ကောင်းတယ်လို့ ဆိုပါတယ်။

သုတေသီတွေက ဒီစမ်းသပ်မှုရဲ့ သက်ရောက်မှုကို ကာလရှည် လေ့လာစောင့်ကြည့်မှာ ဖြစ်ပါတယ်။ အဲဒါကနေ ရလဒ်ကောင်းတွေ ထွက်လာမယ်ဆိုရင်တော့ သုတေသီတွေက ဒီသုတေသနကို ဆက်ပြီး တိုးချဲ့ လုပ်ကြမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ