ဘဏ်မှာ ငွေဝင်လုပြီး ပျော်ရွှင်ဖွယ် ခရစ္စမတ်လို့ အော်ပြီး ကြဲချသူ

ပျော်ရွှင်ဖွယ် ခရစ္စမတ်လို့ အော်ပြီး ငွေတွေ ကြဲချသူ ဓာတ်ပုံ မူပိုင် Colorado Springs Police
Image caption ပျော်ရွှင်ဖွယ် ခရစ္စမတ်လို့ အော်ပြီး ငွေတွေ ကြဲချသူ

အမေရိကန်က ဘဏ်တစ်ခုကို ခရစ္စမတ်မတိုင်ခင် နှစ်ရက်အလိုမှာ မုတ်ဆိတ်ဖြူနဲ့ အမျိုးသားကြီးတစ်ယောက်က ငွေတွေ ဝင်လုခဲ့ပါတယ်။ အဲဒီနောက် လမ်းမပေါ်ထွက်ကာ ပိုက်ဆံတွေကို ကြဲချလိုက်ပြီး ဖြတ်သွားဖြတ်လာတွေကို ပျော်ရွှင်ဖွယ် ခရစ္စမတ် ဖြစ်ပါစေဆိုပြီး လှိုက်လှိုက်လှဲလှဲ ဆုတွေ တောင်းပေးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီလို ဘဏ်က ငွေတွေ ဝင်လုတာ ကော်လိုရာဒို ပြည်နယ်က အကယ်ဒမီဘဏ်မှာ ဖြစ်ခဲ့ပြီး အသက်ကြီးကြီး လူဖြူ အမျိုးသားတစ်ယောက်က ဝင်လုခဲ့တယ်လို့ ရဲက ပြောပါတယ်။

"သူက ဘဏ်ကို ဝင်ပြီး ငွေလုတယ်၊ ပြန်ထွက်လာတယ်။ နောက်ပိုက်ဆံတွေ လျှောက်ကြဲခဲ့တယ်" လို့ မျက်မြင်သက်သေတစ်ယောက်က Colorado's 11 News ကို ပြောပါတယ်။

ပိုက်ဆံတွေကို အိတ်ထဲကထုတ် ကြဲချလိုက်ပြီး ပျော်ရွှင်ဖွယ် ခရစ္စမတ်ပါလို့ သူက ဆုတွေတောင်းပေးခဲ့တာလို့ ပြောပါတယ်။

နောက်တော့ အဲဒီအမျိုးသားက အနီးအနားက စတားဘတ်ကော်ဖီဆိုင်ထဲဝင်သွားပြီး သူ့ကို ရဲတွေ လာဖမ်းတာကို ထိုင်စောင့်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ခရစ္စမတ် ကာလမှာ ကြက်ဆင်သား ဘာလို့စား

သူခရစ္စမတ်လက်ဆောင်အဖြစ်ပေးတဲ့ ပိုက်ဆံတွေကိုတော့ ဖြတ်သွားဖြတ်လာတွေက လမ်းပေါ်ကနေ သိမ်းကြုံးကောက်ပြီး ဘဏ်ကို ပြန်သွားပေးခဲ့ကြပါတယ်။

အဲဒီလို ငွေတွေကြဲချသူဟာ အသက် ၆၅ နှစ်အရွယ် ဒေးဗစ် ဝိန်း အော်လစ်ဗာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီအမှုမှာ သူ့နဲ့အတူ ကြံရာပါတွေ ရှိပုံမရဘူးလို့လည်း ယူဆရပါတယ်။

ဆက်စပ် အကြောင်းအရာများ