ထိုင်းက အာဏာရှင်ဆန့်ကျင်ရေး ပြေးပွဲတွေမှာ လူသောင်းချီပါဝင်

ဘန်ကောက်က ပန်းခြံတစ်ခုမှာ စုဝေးပြီး တာထွက်ကြမယ့် အာဏာရှင်ဆန့်ကျင်ရေး အပြေးသမားတွေ ဓာတ်ပုံ မူပိုင် Reuters
Image caption ဘန်ကောက်က ပန်းခြံတစ်ခုမှာ စုဝေးပြီး တာထွက်ကြမယ့် အာဏာရှင်ဆန့်ကျင်ရေး အပြေးသမားတွေ
Presentational white space

ထိုင်းနိုင်ငံမှာ အာဏာရှင်ကို ဆန့်ကျင်ဖို့ ဆိုပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေ နိုင်ငံအဝန်းက ပန်းခြံတွေမှာ ပတ်ပြီး ပြေးပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ထိုင်းစစ်တပ် ထောက်ခံမှု ရထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ကျန်အိုချာအစိုးရကို ဆန္ဒပြတဲ့ သဘောနဲ့ အနည်းဆုံး လူတသောင်းလောက်က ဘန်ကောက်မြို့တော်က ဒီပြေးပွဲမှာ ပါဖို့ စာရင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေး လွတ်လပ်မှု ပိုရအောင် တောင်းဆိုတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

ဘန်ကောက်က ဒီပြေးပွဲမှာ အစိုးရ ဆန့်ကျင်သူတွေက ပရာယွတ် ထွက်သွား၊ ဒီမိုကရေစီ အဓွန့်ရှည်ပါစေ စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး လုံခြုံရေး အစောင့်တွေ ရှေ့မှာ ပတ်ပြေးကြပါတယ်။

လုံခြုံရေးတွေ အများကြီး ချထားတာမျိုးတော့ မတွေ့ရပါဘူး။

တခြားမြို့ကြီးတွေမှာလည်း အလားတူ ပြေးပွဲတွေ ကျင်းပခဲ့ပါတယ်။

နောက် ပြေးသူအများအပြားက ဟန်းဂါးဂိမ်း ရုပ်ရှင် ဇာတ်လမ်းတွဲထဲကလို လက်သုံးချောင်းထောင်ပြီး အလေးပြုကြပါတယ်။ ဒါကတော့ အခက်အခဲကြားမှာ ညီညွတ်ကြဆိုတဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။

Presentational white space
စုရပ်ကမထွက်ခွာခင် တွေ့ရတဲ့ ပြေးမယ့်သူတွေ ဓာတ်ပုံ မူပိုင် AFP
Image caption ဒီမိုကရေစီကို လူထုက လက်မလွှတ်သေးကြောင်း ပြဖို့ ကြိုးစားတာလို့ ဆိုကြ။
တင့်ကားပုံခေါင်းဆောင်း ဝတ်လာသူလည်းပါ။ ဓာတ်ပုံ မူပိုင် AFP
Image caption လူပေါင်းသောင်းချီပါဝင်ခဲ့ကြပါတယ်။
Presentational white space

ဒီမှာ ဝင်ပြေးတဲ့အထဲက အတိုက်အခံ အမျိုးသမီးအမတ် ပန်နစ်ကာ ဝါနစ် က

"နိုင်ငံရေးသမားတွေနဲ့ပါတီတွေကို လူတွေက မျှော်လင့်ကြတယ်ဆိုတာ လုံးဝမမှန်တော့ပါဘူး။ နိုင်ငံအတွက် မျှော်လင့်ချက်အစစ်က လူတွေ ကိုယ်တိုင် သူတို့လွတ်လပ်ခွင့်အတွက် အခုလို ထပြီး တိုက်ယူကြတာပါ" လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲဟာ အရင်လက အတိုက်အခံ ဘီလျံနာသူဌေး တနာထုံ ခေါင်းဆောင်ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲကြီးနောက်မှာ ကျင်းပတာ ဖြစ်ပြီး အကြီးဆုံး အတိုက်အခံ အင်အားပြပွဲလည်း ဖြစ်ပါတယ်။

Presentational white space
ဘန်ကောက်က ပန်းခြံထဲ ပြေးနေကြသူတွေ ဓာတ်ပုံ မူပိုင် Reuters
Image caption ဘန်ကောက်က ပန်းခြံထဲ ပြေးနေကြသူတွေက လက်သုံးချောင်းထောင်လို့ ညီညွတ်မှုသင်္ကေတ ပြခဲ့ကြ။
လက်သုံးချောင်းသင်္ကေတဟာ ပြေးပွဲတွေရဲ့ အမှတ်အသား ဖြစ်လာ ဓာတ်ပုံ မူပိုင် AFP
Image caption လက်သုံးချောင်းသင်္ကေတဟာ အခက်အခဲကြားက ညီညွတ်ကြဆိုတဲ့ သတင်းစကားလို့ ဆို
Presentational white space

တချိန်ထဲမှာပဲ သုံးထောင်လောက်ရှိတဲ့သူတွေကလည်း ဘန်ကောက်က တခြားပန်းခြံတခုမှာ ပရာယွတ် ကျန်အိုချာ အစိုးရကို ထောက်ခံတဲ့ပွဲ ကျင်းပခဲ့ပါတယ်။

ဒီအုပ်စုကတော့ အန်ကယ်ကို ဂုဏ်ပြုဖို့ လမ်းလျှောက်စို့ဆိုပြီး ဝန်ကြီးချုပ် ပရာယွတ်ကို ထောက်ခံသူတွေ စုစည်းတဲ့ပွဲ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ကို အန်ကယ်တူဆိုပြီး ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က ဝင်ပြီး အာဏာသိမ်းတာ ၁၂ ခါ ရှိခဲ့ပြီး အခုလည်း ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲမှာ နိုင်ပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Presentational white space
ဝန်ကြီးချုပ် ပရာယွတ်ကို ထောက်ခံသူတွေ ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ် ပရာယွတ်ကို ထောက်ခံသူတွေကလည်း ပန်းခြံထဲမှာ တန်ပြန် လမ်းလျှောက်ပွဲ လုပ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ကို ထောက်ခံသူတွေ ဓာတ်ပုံ မူပိုင် EPA
Image caption ဝန်ကြီးချုပ်ကို ထောက်ခံသူတွေကတော့ သူ့ကို ဂုဏ်ပြုကြွေးကြော်ခဲ့ကြပါတယ်။

.

ဆက်စပ် အကြောင်းအရာများ