ဟောင်ကောင်အစိုးရ ဒေသခံတွေကို ဒေါ်လာ ၁၂၀၀ စီ ထောက်ပံ့

နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် စီးပွားရေးနှေးကွေးတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကလည်း စျေးကွက်ကို ထိခိုက်ခဲ့ ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် စီးပွားရေးနှေးကွေးတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကလည်း စျေးကွက်ကို ထိခိုက်ခဲ့

ဒေသခံတွေ ငွေကြေးအခက်အခဲ လျော့သွားစေဖို့နဲ့ ဈေးကွက်ထဲ သုံးစွဲနိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ဟောင်ကောင်အစိုးရက လူကြီး တစ်ယောက်တိုင်းကို ဒေါ်လာ တစ်ထောင်ကျော် စီ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒါဟာ အစိုးရရဲ့ နှစ်စဉ် ဘတ်ဂျက် အခြေအနေအရ လုပ်ဆောင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ဒေါ်လာ ၁၂၈၀နဲ့ ညီမျှတဲ့ ဟောင်ကောင် ဒေါ်လာ တစ်သောင်းစီကို လူဦးရေ ခုနစ်သန်းကျော်ထဲက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ လချီဆန္ဒပြမှုတွေရယ် အခု လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အကျိုးဆက်တွေက စီးပွားရေးကို ရိုက်ခတ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ဗိုင်းရပ်စ် ကူးစက်သူ ၈၁ ယောက်ရှိပြီး သေဆုံးသူ နှစ်ဦး ရှိပါပြီ။

အခုလို ထုတ်ပေးတာက ဒေသတွင်း ငွေကြေး သုံးစွဲနိုင်စွမ်း တက်လာအောင်ရယ် လူတွေရဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးလျော့သွားအောင် လုပ်ပေးတာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

အဲဒီလို ခွဲဝေပေးဖို့အတွက် ဟောင်ကောင်ဒေါ်လာ ဘီလျံ ၁၂ဝ ကို သုံးစွဲမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရကို ဆန္ဒပြမှုတွေ လချီဖြစ်ပွားခဲ့

ဒါ့အပြင် ပြည်သူပိုင် အိမ်ရာ ငှားရမ်းခတွေကိုလည်း လျှော့ချပေးမယ်လို့ ဆိုပါတယ်။

အစိုးရက ငွေကြေး အထောက်အပံ့ ပေးနေသူတွေကို တိုးပေးတာနဲ့ အခွန်လျှော့ပေါ့ပေးတာတွေကိုလည်း လုပ်မယ်လို့ ဆိုပါတယ်။

အခုလို ခွဲဝေမပေးခင်ကတည်းက အစိုးရက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ရိုက်ခတ်ခံရတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေအတွက် ရံပုံငွေ ထုတ်ပေးမယ်လို့လည်း ကြေညာထားပါတယ်။

ဟောင်ကောင်ဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ ရိုက်ခတ်မှု ဒဏ်ကိုလည်း ခံခဲ့ရပါသေးတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟောင်ကောင် ချောက်ထဲကျတော့မယ်လို့ တရုတ်ပြော

ဆက်စပ် အကြောင်းအရာများ