အာဖရိက ကိုရိုနာဗဟိုချက် ဖြစ်လာနိုင်

အာဖရိကမှာ ထိထိရောက်ရောက်မကုသနိုင်လို့ ကာကွယ်ရေးကိုသာ ပိုပြီး အာရုံစိုက်နေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အာဖရိကမှာ ထိထိရောက်ရောက်မကုသနိုင်လို့ ကာကွယ်ရေးကိုသာ ပိုပြီး အာရုံစိုက်နေရ

အာဖရိကဟာ နောက်တဆင့်မှာ ကိုရိုနာဗဟိုချက်ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ကူးစက်သူအရေအတွက် ထိုးတက်သွားခဲ့ပါတယ်။ အခုချိန်ထိတော့ အာဖရိကမှာ ရောဂါကူးစက်သူအရေအတွက်ဟာ ၁၈၀၀၀ ရှိပြီး သေဆုံးသူ ၁၀၀၀ သာ ရှိပါသေးတယ်။

ဒီအရေအတွက်ဟာ ဥရောပ၊ အမေရိကန်တို့နဲ့ နှိုင်းစာရင်တော်တော်နည်းပါသေးတယ်။

ဒါပေမယ့် အာဖရိကမှာ ဗိုင်းရပ်စ်ဟာ မြို့ကနေတောကို ခရီးဆက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကသတိပေးပါတယ်။

ကပ်ရောဂါဖြစ်လာရင် ရင်ဆိုင်ဖို့ရာ အာဖရိကတိုက်မှာ အသက်ရှူစက် ဗန်တီလေတာလည်း အလုံအလောက်မရှိဘူးလို့ WHO ကဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်၊ ကင်မရွန်း၊ ဂါနာတိုင်းပြည်တွေမှာ မြို့ကြီးတွေဆီကနေ ကျေးလက်ဒေသတွေဆီကို ကူးစက်ပြန့်ပွားနေတာ WHO ကိုယ်တိုင်ကြုံတွေ့သိရှိနေကြောင်း WHO ရဲ့ အာဖရိက ညွှန်ကြားရေးမှူး ဒေါက်တာမတ်ရှီဒီဆိုမိုတီက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဧပြီလ ၁၆ ရက်က အိုင်ဗရီကို့စ်မြို့တော်မှာ ဘတ်စ်ကားတန်းစီ စောင့်ဆိုင်းနေကြသူတွေ

သူတို့ဟာကုသရေးထက် ကာကွယ်ရေးကိုပဲ စူးစိုက် လုပ်ဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အာဖရိကမှာ ကိုရိုနာကူးစက်တဲ့ရောဂါသည် အများအပြားကို ကုသနိုင်စွမ်း မရှိတဲ့ အတွက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

“ကျွန်မတို့က အရေးပေါ်ကုသကြပ်မတ်ဆောင် အိုင်စီယူရောက်မယ့် အရေးကြီးလူနာ နည်းနိုင်သမျှ အနည်းဆုံးဖြစ်ချင်နေကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အာဖရိကတိုင်းပြည်အများစုမှာအဲသလို အရေးပေါ်ကုသဆောင် များများစားစား လုံလုံလောက်လောက် မရှိဘူးဆိုတာ သိနေလို့ပါ။” လို့လည်း သူက ဆိုပါတယ်။

“အသက်ရှူစက် ဗန်တီလေတာ မရှိတဲ့ ပြဿနာကလည်း အာဖရိကနိုင်ငံတွေ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကြီးစားကြီးတခုပဲလို့ ဆိုရပါမယ်။ ကိုဗစ်-၁၉ ကြောင့် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ လူနာအတွက် အသက်ရှူစက် ဗန်တီလေတာ ရှိ၊မရှိဆိုတာဟာ သေရေးရှင်ရေး အဆုံးအဖြတ်တခု ဖြစ်ပါတယ်။”

အသက်ရှူစက် ဗန်တီလေတာဟာ အဆုတ်ထဲကို အောက်ဆီဂျင်ဖြည့်ပေးပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်ပေးပါတယ်။ ကိုဗစ်ကြောင့် အပြင်းအထန် နာမကျန်းတဲ့သူတွေဟာ အဲဒီအလုပ်ကိုသူတို့ ဘာသာ မလုပ်နိုင်ကြတော့ပါဘူး။ အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးခဲ့သူက မတ်လမှာတုန်းက ကွယ်လွန်ခဲ့တဲ့ ဇင်ဘာဘွေ သတင်းသမား ဇိုရိုရို မာကမ်ဘာ ဖြစ်ပါတယ်။

ဇင်ဘာဘွေမြို့တော် အာဏာပိုင်တွေက သူတို့မှာ ဇိုရိုရိုမာကမ်ဘာကို ကုသမှုပေးဖို့ အသက်ရှူစက် ဗန်တီလေတာမရှိဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။

အခုအခါမှာ ဗိုင်းရပ်စ်ဟာ လူချင်း အလှမ်းခွာနေထိုင်ဖို့ မဖြစ်နိုင်တဲ့ အာဖရိကရဲ့ လူနေအထူထပ်အကျပ်တည်းဆုံး ဆင်းရဲသားရပ်ကွက်တွေဆီကို မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားသွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီနေရာတွေမှာ လက်ဆေးဖို့ ရေသန့်နဲ့ဆပ်ပြာလည်း အလုံအလောက်မရှိကြပါဘူး။