ဘောရစ်ဂျွန်ဆင် သားကလေး ရပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ စေ့စပ်ထားသူ ကယ်ရီဆင်းမွန်းတို့ရဲ့ သားလေးကို လန်ဒန်ဆေးရုံမှာ ဒီကနေ့ မွေးဖွားခဲ့တယ်လို့ ကြေညာပါတယ်။
ဝန်ကြီးချုပ်မိသားစု ပြောခွင့်ရသူက မိခင်ရော ကလေးပါ ကျန်းမာရေး ကောင်းကြပါတယ်လို့ ပြောပါတယ်။
သားလေး ကျန်းကျန်းမာမာနဲ့ ဒီနေ့မနက်ပိုင်းမှာ လန်ဒန်ဆေးရုံမှာ မွေးလာတဲ့အကြောင်း ဝန်ကြီးချုပ်ရော မစ္စ ဆင်းမွန်းရော ဝမ်းမြောက်ဝမ်းသာ ကြေညာချင်နေကြတယ်လို့ သူက ပြောပါတယ်။
မွေးဖွားပေးခဲ့တဲ့ NHS က ကျန်းမာရေးအဖွဲ့ကိုလည်း သူတို့က ကျေးဇူးတင်ကြောင်း ပြောပါတယ်။
အသက် ၅၅ နှစ် အရွယ် မစ္စတာ ဂျွန်ဆင်နဲ့ အသက် ၃၂ နှစ်အရွယ် မစ္စ ဆင်းမွန်းတို့က သူတို့ ရဲ့ ကလေး မကြာခင်မွေးဖွားမယ့်အကြောင်း မတ်လတုန်းက ကြေညာခဲ့ပါတယ်။
သူတို့က မနှစ်က နှစ်ကုန်ပိုင်းမှာ စေ့စပ်ထားခဲ့ကြပါတယ်။