ဗြိတိန်မှာအသက်ငါးနှစ်ကျော်တဲ့ကိုဗစ်ရောဂါလက္ခဏာရှိသူတိုင်းကိုပိုးစစ်မယ်

အသက်ငါးနှစ်ကျော်တဲ့ကိုဗစ်ရောဂါလက္ခဏာရှိသူတိုင်းကိုပိုးစစ်မယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အသက်ငါးနှစ်ကျော်တဲ့ကိုဗစ်ရောဂါလက္ခဏာရှိသူတိုင်းကိုပိုးစစ်မယ်

ဗြိတိန်မှာအသက်ငါးနှစ်ကျော်တဲ့ကိုဗစ်ရောဂါလက္ခဏာရှိသူတိုင်းကိုပိုးရှိမရှိစစ်သွားမယ်လို့ ကျန်းမာရေး၀န်ကြီး မတ်ဟန်ကော့ကပြောပါတယ်။

ဖျားတာ ချောင်းဆိုး တာအပြင် အနံ့မရတာ နဲ့အရသာမတွေ့တာကိုပါကိုဗစ် ရောဂါလက္ခဏာ တခု အဖြစ်ထည့်သွင်း အပြီး ပါလီမန်မှာသူက အခုလို ကြားခဲ့တာဖြစ်ပါတယ်။

သူတို့အစိုးရဟာ အရင်ကထက်ပိုးစစ်တာကိုတိုးချဲ့လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။

မေလ ၁၇ ရက် နေ့မှာတော့ပိုးစစ်ဆေးမှု ၁၀၀၆၇၈ ခုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

ရောဂါပိုးမရှိစစ်ဆေးမှုကို လက်ရှိမှာ တော့ အဓိကအရေးပါသူ လုပ်သားတွေဖြစ်တဲ့ ဆေးရုံ၀န်ထမ်းတွေ သက်ရွယ်ကြီးစောင့်ရှောက်ရေးဂေဟာမှာနေသူတွေ၊အသက်၆၅နှစ်ကျော်သူတွေနဲ့ အိမ်ကနေအလုပ်ကိုမဖြစ်မနေသွားရသူတွေကိုကန့်သတ်စစ်ဆေးပေးနေတာပါ။

‌ဝေလပြည်နယ်နဲ့ မြောက်ပိုင်းအိုင်ယာလန်မှာတော့ ဆေးရုံ၀န်ထမ်းတွေနဲ့ သက်ရွယ်ကြီးစောင့်ရှောက် ရေးဂေဟာမှာနေသူတွေကိုပဲစစ်ဆေးပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဗြိတိန်မှာ မေလ ၁၇ ရက်နေ့ ညနေငါးနာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူနောက်ထပ်အရေအတွက်၁၆၀ရှိလာတာမို့ သေဆုံးသူပေါင်း၃၄၇၉၆ဦးအထိရှိသွားပါပြီ။ ဒါဟာဥရောပမှာသေဆုံးမှုအများဆုံးအရေအတွက်ဖြစ်ပါတယ်။

နိုင်ငံတ၀န်း ရောဂါကွင်းဆက်ခြေရာခံဖို့အတွက်ကျန်းမာရေး◌န်ထမ်း၇၅၀၀ အပါအ၀င် ၀န်ထမ်း၂၁၀၀၀ကိုခန့်ထားတယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့ကပြောပါတယ်။

ဒါကတော့ရောဂါပိုးရှိသူတွေနဲ့အဆက်အသွယ်ရှိသူတွေကိုခြေရာခံပြီးသူတို့ကို တခြားသူတွေနဲ့သီးခြားနေပေးဖို့တောင်းဆိုရမှာဖြစ်ပါတယ်။

ကွင်းဆက်ရှိသူလူတွေကိုဖော်ထုတ်ဖို့နဲ့ သူတို့ကိုသီးသန့် နေရေးအကြံပေးဖို့အတွက် ဝန်ထမ်းအသစ်တွေကိုလေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

ကမ္ဘာ့ကပ် ရောဂါ အစောပိုင်းကာလတွေအတွင်း ဓာတ်ခွဲခန်းစမ်းသပ်တာကို အကျယ်အပြန့်လုပ်တာ၊ ပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ကွင်းဆက်နောက်ကြောင်းလိုက်ပြီး စီမံပေးတာ စတာတွေကို လုပ်ခဲ့တဲ့ နိုင်ငံတွေကကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးမှာ အောင်မြင်မှု အကောင်းဆုံး ရခဲ့ပါတယ်။

ဂျာမနီနဲ့ တောင်ကိုရီးယားမှာ တခြားအဆိုးဆုံးထိခိုက်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သေဆုံးနှုန်း အင်မတန်ကို နည်းပါတယ်။

လူဦးရေဘယ်လောက်မှာ လူဘယ်လောက်က ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးတာ လုပ်ပြီးပြီလဲ ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်က သေဆုံးနှုန်းနိမ့်မယ် ဆိုတာကို မှန်းဆဖို့အတွက် အသုံးဝင်နိုင်တဲ့ အချက်လို့ တွက်နိုင်ပါတယ်။