ဆန္ဒပြ လယ်သမားတွေက လယ်ထွန်စက်တွေနဲ့ ဒေလီမြို့က ခံတပ်နီဝင်းကြီးထဲ ဝင်ရောက်လာ

ခံတပ်နီအမိုးခုံးပေါ်ကို လယ်သမားတချို့ အလံတက်ထောင်ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ခံတပ်နီအမိုးခုံးပေါ်ကို လယ်သမားတချို့ အလံတက်ထောင်ကြ

အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒေါသထွက် ကန့်ကွက်နေကြတဲ့ လယ်သမား ထောင်ပေါင်းများစွာဟာ ရဲတွေက အတားအဆီးတွေချ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပိတ်ဆို့ထားတဲ့ကြားက ဒေလီမြို့က သမိုင်းဝင် ခံတပ်နီဝင်းကြီးထဲ ချီတက် ဝင်ရောက်လာခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အမျိုးသားနေ့နဲ့ ချိန်ကိုက်ပြီး စုဝေးဆန္ဒပြကြဖို့ စီစဉ်ထားတဲ့အတိုင်း လယ်သမားတွေ တချို့က ခြေလျင်၊ တချို့က လယ်ထွန်စက်တွေနဲ့ ချီတက်လာခဲ့ကြပါတယ်။

ဆန္ဒပြသူအတော်များများဟာ အစိုးရက သဘောတူ ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေကနေ သွေဖည်ချီတက် ဆန္ဒပြခဲ့ကြတဲ့အတွက် ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရာမှာ ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီပြုပြင်ပြောင်းလဲမှုတွေဟာ စိုက်ပျိုးရေးကဏ္ဍ ပိုလွတ်လပ်မှု ရှိလာအောင် လုပ်တာလို့ အစိုးရက ပြောနေပေမဲ့ လယ်သမားတွေကတော့ သူတို့ရဲ့ ဝင်ငွေတွေ ဆုံးရှုံးဖို့ ရှိတယ် ဆိုပြီး ကန့်ကွက်နေကြတာပါ။

ဆန္ဒပြလယ်သမားတွေထဲက ထောင်သောင်းပေါင်းများစွာဟာ ဒီဥပဒေ ပြင်ဆင်မှုတွေကို ဖျက်သိမ်းပေးဖို့ နိုဝင်ဘာလကတည်းက ဒေလီမြို့ပြင်မှာ ကန့်ကွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစိုးရက ဒီဥပဒေတွေကို ယာယီ ဆိုင်းငံ့ပေးပါ့မယ် ဆိုပြီး ကမ်းလှမ်းချက်လာတာကို သူတို့က လက်မခံဘဲ ပယ်ချခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဒေလီမြို့ရဲ့ သမိုင်းဝင် ခံတပ်နီဝင်းကြီးထဲ ဆန္ဒပြ လယ်သမားတွေ ချီတက် ဝင်ရောက်လာကြ

အစိုးရနဲ့ လယ်သမားတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ပေါင်းများစွာ လုပ်ခဲ့အပြီးမှာ ဒေလီမြို့လယ်မှာ နှစ်စဉ် ပြုလုပ်နေကျ အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားကို မထိခိုက်စေရဘူး ဆိုတဲ့ ကန့်သတ်ချက်နဲ့ အင်္ဂါနေ့မှာ လယ်သမားတွေကို ချီတက်ဆန္ဒပြဖို့ ရဲတွေက သဘောတူခဲ့ပြီး မြို့ပြင် ဆင်ခြေဖုံးက သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေမှာ ဆန္ဒပြကြဖို့ ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ လယ်သမားတွေက ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေကို သွေဖည်ပြီး သမိုင်းဝင် ၁၆ ရာစု ခံတပ်နီဝင်းကြီးထဲ ဝင်ရောက်လာခဲ့ကြပါတယ်။ လယ်သမားတွေက လုံခြုံရေး အတားအဆီးတွေကို ချိုးဖောက်ပြီး ခံတပ်ဝန်း တံတိုင်းတွေ၊ အမိုးတွေပေါ် ကျော်တက်ခဲ့ကြသလို သူတို့ရဲ့ အလံတွေကိုတောင် နိုင်ငံတော်အလံနဲ့အတူ ဘေးချင်းတိုက် လွှင့်ထူခဲ့ကြပါတယ်။

ဒေလီမြို့ အဝင် ဂိတ်စခန်း အတော်များများကနေ ဝင်လာကြတဲ့ ဆန္ဒပြ လယ်သမားတွေဟာ ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေအတိုင်း စည်းကမ်းတကျ ချီတက်လာခဲ့ကြပေမဲ့ အဓိက ဂိတ်စခန်းကြီး ၆ ခုထဲက ၃ ခု ဖြစ်တဲ့ ဂါဇီပူရ်၊ ဆင်းဂူ နဲ့ တစ်ကရီ နယ်စပ် ဂိတ်စခန်းတွေကနေ ဝင်လာတဲ့ ဆန္ဒပြ လယ်သမားတွေကတော့ မနက်ပိုင်းမှာ ရဲတွေရဲ့ အတားအဆီးကို ချိုးဖောက် ဝင်ခဲ့ကြပါတယ်။

ဂါဇီပူရ် ဂိတ်စခန်းက ဝင်လာတဲ့ ဆန္ဒပြ လယ်သမားတွေဟာ အိန္ဒိယ ပါလီမန် အဆောက်အအုံ ရှိရာ ဒေလီမြို့လယ်ဆီကို စဦးတည် ချီတက်လာခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PTI

ဓာတ်ပုံ ပုံစာ,

ဆန္ဒပြ လယ်သမားတွေကို လူစုခွဲဖို့ ရဲတွေက တချို့နေရာတွေမှာ မျက်ရည်ယိုဗုံးတွေ သုံးခဲ့

"မစ္စတာ မိုဒီအနေနဲ့ ညစ်ထေးတဲ့ ဒီဥပဒေတွေကို ပြန်ပြင်ကို ပြင်ရလိမ့်မယ်"လို့ ဆန္ဒပြသူတစ်ဦးက ဘီဘီစီ သတင်းထောက် ဆာလ်မန် ရာဗီ ကို ပြောခဲ့ပါတယ်။

ဒေလီမြို့လယ်ကို သွားတဲ့ လမ်းကြောင်းပေါ်က ITO မီးရထား လမ်းဆုံနေရာမှာ ဆန္ဒပြ လယ်သမားတွေနဲ့ ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ လက်ကိုင်တုတ်တွေနဲ့ လူစုခွဲနေတဲ့ပုံတွေကို တွေ့ရပါတယ်။ လယ်ထွန်စက်တွေနဲ့ ချီတက်လာတဲ့ လယ်သမားတွေကလည်း ရဲဝန်ထမ်းတွေကို တမင် ဝင်တိုက်ဖို့ ကြိုးစားခဲ့ကြပုံတွေကို တွေ့ရပါတယ်။ နှစ်ဖက်စလုံး ထိခိုက် ဒဏ်ရာရမှုတွေ ရှိတယ်လို့ အဲဒီက လာတဲ့ သတင်းတွေအရ သိရပါတယ်။

အဲဒီ မီးရထားလမ်းဆုံနေရာမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲဖို့ ကြိုးစားစဉ် လယ်ထွန်စက် တိမ်းမှောက်သွားပြီး အဲဒီ လယ်ထွန်စက် မောင်းလာတဲ့ ဆန္ဒပြသူ သေဆုံးခဲ့ပါတယ်။ ITO မီးရထားလမ်းဆုံမှာ ဆန္ဒပြ လယ်သမားတွေက ရဲတွေထက် ပိုများနေပြီး လူအုပ်ကြီးကို ထိန်းနိုင်ဖို့ ရဲတွေ မနည်း ကြိုးစားနေရတယ်လို့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ပါလီမန်အဆောက်အဦဆီ ဦးတည် ချီတက်မယ်လို့ လယ်သမားတွေက ပြော

နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားမှာ အိန္ဒိယ စစ်တပ်က သူတို့ရဲ့ နောက်ဆုံးထုတ် ခေတ်မီ လက်နက်တွေကို ထုတ်ပြလေ့ ရှိသလို ပြည်နယ် အများအပြားက ရိုးရာ ယဉ်ကျေးမှု အလှပြ ဖော်ဖြေမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒီအခမ်းအနားကို တိုတိုပဲ အကျဉ်းရုံး ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ,

နှစ်စဉ်ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားမှာ အိန္ဒိယစစ်တပ်က သူတို့ရဲ့ နောက်ဆုံးထုတ် ခေတ်မီစစ်လက်နက်တွေ ထုတ်ပြလေ့ ရှိ

စိုက်ပျိုးရေး ကဏ္ဍမှာ လွတ်လပ်တဲ့ စျေးကွက်တွေ နောက်ထပ် ပိုဖွင့်ပေးဖို့ဆိုပြီး ပြင်ဆင် ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေတွေကြောင့် ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ရာမှာ စက်တင်ဘာလတုန်းက ပါလီမန်အထိ ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီနဲ့ သူ့ရဲ့ BJP ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့က ဒီပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ ကာကွယ် ပြောခဲ့ကြပေမဲ့ လယ်သမားတွေကတော့ ဒီဥပဒေတွေဟာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ပိုမျက်နှာသာ ပေးနေပြီး လယ်သမားတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်လာစေမယ့် သေဒဏ် တစ်ခုအဖြစ် ဖော်ညွှန်း ပြောနေကြပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက ဒေလီမြို့ကို ချီတက် လာခဲ့ကြတဲ့ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်နဲ့ ဟာယာနာ ပြည်နယ်တွေက လယ်သမား သောင်းပေါင်းများစွာဟာ မြို့ထဲကို ဝင်ခွင့် မရခဲ့တဲ့အတွက် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ ထိုင် ဆန္ဒပြနေကြပြီး အတော်များများက ခုချိန်ထိ ဆက် ထိုင်ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အခြေအတင် အငြင်းပွားစရာ ဥပဒေ ပြင်ဆင်မှုတွေကို ပြန်ပယ်ဖျက်ပေးဖို့ အစိုးရကို လယ်သမားတွေက တောင်းဆိုနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဒေလီမြို့ အဝင် ဂိတ်တွေကို လယ်သမားတွေ ရောက်လာခဲ့ကြ

အခုပြင်ဆင်လိုက်တဲ့ ဥပဒေတွေက ဘာအတွက်လဲ

စိုက်ပျိုးရေး ထုတ်ကုန်တွေ ရောင်းဝယ်ခွင့်၊ စျေးနှုန်းသတ်မှတ်ခွင့်၊ သိုလှောင်ခွင့်တွေနဲ့ ပတ်သက်လို့ အိန္ဒိယ လယ်သမားတွေကို ဆယ်စုနှစ်ပေါင်း များစွာ အကာအကွယ်ပေးခဲ့တဲ့ ဥပဒေတွေကို အစိုးရက ပြင်ဆင် ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကြီးမားဆုံး ပြင်ဆင်မှုတွေထဲက တစ်ခုကတော့ လယ်သမားတွေအနေနဲ့ သူတို့ရဲ့ ထွက်ကုန်တွေကို ပေါက်စျေးအတိုင်း ပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်တဲ့ စိုက်ပျိုးရေး ကုမ္ပဏီတွေ၊ ဆူပါမားကက် ဆိုင်ခွဲတွေနဲ့ အွန်လိုင်း ရောင်းဝယ်သူတွေထံ တိုက်ရိုက် ရောင်းချခွင့် ရမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက လယ်သမား စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ ထွက်ကုန်တွေကို စျေးကွက်မှာ ရောင်းချကြတာ ဖြစ်ပြီး အဲဒီထဲက ၆ ရာခိုင်နှုန်းလောက်ကသာ အစိုးရ သတ်မှတ်ပေးထားတဲ့ စျေးနှုန်းကို ရကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လယ်သမားအတော်များများဟာ သူတို့ရဲ့ ထွက်ကုန်တွေကို မန်ဒစ်စ် လို့ ခေါ်တဲ့ လက်ကားစျေးကြီးတွေမှာ ရောင်းချလေ့ ရှိ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒါပေမဲ့ လယ်သမားတွေ အဓိက စိုးရိမ်နေကြတာက ဒီဥပဒေတွေ ပြင်ဆင်လိုက်တဲ့အတွက် လက်ကားစျေးကြီးတွေမှာ အစိုးရက စျေးနှုန်း သတ်မှတ် ထိန်းချုပ်ပေးနေမှုတွေ အဆုံးသတ်သွားပြီး သူတို့မှာ ရွေးစရာ လမ်း မရှိတော့မှာကို ဖြစ်ပါတယ်။ တကယ်လို့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပေးတဲ့ စျေးကို သူတို့ မကြိုက်ရင် အဲဒီ လက်ကားစျေးကြီးတွေမှာ သွားရောင်းဖို့ စျေးညှိလို့ မရတော့မယ့် သဘော ဖြစ်ပါတယ်။

ဆန္ဒပြနေကြတဲ့ လယ်သမား အများစုဟာ ဆန်စပါး၊ ဂျုံပြောင်း အထွက်များတဲ့ ပြည်နယ်ကြီး နှစ်ခု ဖြစ်တဲ့ ပန်ဂျပ်နဲ့ ဟာယာနာ ပြည်နယ်တွေက ဖြစ်ပြီး သူတို့ရဲ့ ထွက်ကုန်တွေကို မန်ဒစ်စ် လက်ကားစျေးကြီးတွေမှာ ခုချိန်ထိ ရောင်းချနေကြဆဲ ဖြစ်ပါတယ်။

ဥပဒေ ပြင်ဆင်ဖို့ မလုပ်မဖြစ် လိုအပ်သလား

အိန္ဒိယ စိုက်ပျိုးရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတာကို စီးပွားရေးပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက သဘောတူ လက်ခံထားပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ညှိနှိုင်းပြီး လုပ်ဖို့ ပျက်ကွက်ခဲ့ပြီး ဥပဒေပြင်ဆင် အတည်မပြုခင် လယ်သမား သမဂ္ဂတွေ ယုံကြည်စိတ်ချမှု ရှိအောင် ရှင်းပြတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။

ဒါ့အပြင် ဒီဥပဒေတွေကို ပါလီမန်မှာ တက်သုတ်ရိုက် တင်ပြခဲ့ပြီး အချေအတင် ဆွေးနွေးဖို့ အချိန် မပေးခဲ့တာကြောင့် အတိုက်အခံတွေဘက်က အကြီးအကျယ် ဒေါသထွက်ခဲ့ရပါတယ်။ ဒီလို ဥပဒေမျိုးကို အတည်ပြုရာမှာ အရေးပါတဲ့ ကဏ္ဍက ပါတဲ့ ပြည်နယ်အစိုးရတွေကိုလည်း တိုင်ပင် ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အမျိုးသမီး လယ်သမားတွေလည်း ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့