စတိဗ်ဂျော့စ်လိုတော့ ဖြစ်လာမှာမဟုတ်လို့ တင်မ်ကွတ်ခ်ပြော

Apple head Tim Cook ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာ တင်မ် ကွတ်ခ်

အက်ပဲလ် ကွန်ပျူတာ ကုမ္ပဏီကို လက်ရှိ ဦးဆောင်နေတဲ့ တင်မ် ကွတ်ခ်က သူဟာ စတိဗ် ဂျော့စ် လက်သစ် မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

စတိဗ်က ရှေ့ကို အများကြီး ကြိုမြင်တဲ့ တကယ့်ဆရာကြီးပါ၊ စတိဗ်နေရာကို သူဝင် မယူနိုင်ပါဘူးလို့ ကွတ်ခ်က သူ့ရဲ့ ပထမဆုံး မီဒီယာ အင်တာဗျူးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

အက်ပဲလ်ဟာ ကမ္ဘာကြီး လိုချင်နေတာတွေကို လုပ်ပေးနေတာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ဆိုလိုတာက အက်ပဲလ်က ရှေ့ကထွင်လိုက် သူများတွေက နောက်က လိုက်ပြီး လုပ်စားလိုက် ဖြစ်သွားတာမျိုးကို အဖြစ် မခံနိုင်ဘူးလို့ သူက သုံးသပ် ပြောသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption နည်းပညာ တခေတ်ဆန်းစေခဲ့သူ စတိဗ်ဂျော့စ်

ဒီစကားတွေကို ကမ္ဘာကျော် ဝေါစထရိ သတင်းစာကြီးက နှစ်စဉ် ပြုလုပ်နေကြ 'အရာအားလုံး ဒစ်ဂျစ်တယ်' ဆိုတဲ့ ကယ်လီဖိုးနီးယားက ညီလာခံမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လို့ ကွတ်ခ်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ တယောက်ဖြစ်တယ်လို့ အက်ပဲလ် ကုမ္ပဏီအကြောင်း စာအုပ် ရေးသားခဲ့သူ အက်ဒမ် လာရှင် စကီး က ပြောပါတယ်။

ကွတ်ခ်ဟာ စတိဗ် မဟုတ်လို့ စတိဗ်မှာ ရှိခဲ့တဲ့ ရည်မှန်းချက် မျှော်မှန်းချက်တွေကို သူ့ဆီက မမျှော်ပါနဲ့လို့ ပြောတယ်လို့ အက်ဒမ် လာရှင် စကီး က ပြောပါတယ်။