အမေရိကန် အလုပ်လက်မဲ့နှုန်း စတော့စျေးကွက်ကို ရိုက်ခတ်

ဓာတ်ပုံ မူပိုင် AP
Image caption အစုရှယ်ယာစျေး ကမောက်ကမ ဖြစ်

အမေရိကန် ၊ ဥရောပနဲ့ တရုတ် တို့ရဲ့ စီးပွားရေး အခြေအနေ အားလျော့ လာနေတဲ့ သတင်းတွေ မနေ့က ပေါ်ထွက်လာရာမှာ အမေရိကန်နဲ့ ဥရောပမှာ အစုရှယ်ယာ စျေးတွေ သိသိသာသာ ကျဆင်း သွားခဲ့ပါတယ်။

New York မြို့က ဒေါင်းဂျုံး အညွန်းကိန်းဟာ နှစ်ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး မြို့မှာလည်း အဓိက အစုရှယ်ယာ အညွန်းကိန်းတွေ သုံးရာခိုင်နှုန်းကျော် ကျသွားခဲ့ပါတယ်။

အမေရိကန်မှာ ဆိုရင်လည်း အလုပ်အကိုင်သစ်တွေ အတန်အသင့် ဖန်တီး နိုင်ခဲ့ပေမယ့် တကယ်မှန်းထားတဲ့ အရေအတွက်ထက် နည်းနေသေးတာကို တွေ့ရပါတယ်။

ယူရိုငွေကြေးသုံး နိုင်ငံတွေမှာလည်း အလုပ်လက်မဲ့နှုန်းက ဆက်လက် မြင့်မား နေသလို ပြီးခဲ့တဲ့ နှစ်လ အတွင်း ပျှမ်းမျှ အလုပ်လက်မဲ့နှုန်းဟာ ၁၁ ရာခိုင်နှုန်းထိ ရှိနေပါတယ်။

တရုတ်နိုင်ငံက ကုန်ထုတ်လုပ်မှု ကဏ္ဍနှေးကွေး နေတဲ့ အထောက်အထားတွေ့ ရှိခဲ့တယ်လို့ စစ်တမ်းတခုမှာ အစောပိုင်းတုန်းက ဖော်ပြခဲ့ပါတယ်။