အာရှ အလယ်ပိုင်း နိုင်ငံ သုံးခုနဲ့ နေတိုး သဘောတူချက်ရ

Image caption နေတိုး အဖွဲ့ အကြီးအကဲ အန်ဒါးစ်ဖို့ဂ် ရပ်စမူဆန်

နေတိုး တပ်ဖွဲ့တွေရဲ့ စစ်ယာဉ်တွေနဲ့ လက်နက်ပစ္စည်းတွေ ဖယ်ရှားပစ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အာရှ အလယ်ပိုင်း နိုင်ငံ သုံးခုနဲ့ နေတိုးတို့ အပေးအယူ သဘောတူညီချက် ရလိုက်ပါပြီ။

ဒီသဘောတူညီချက်တွေ အရ နေတိုး တပ်တွေ အပြီး ရုတ်သိမ်းပေး ရမယ့် ၂ဝ၁၄ မတိုင်ခင် Uzbekistan ၊ Kyrgyzstan နဲ့ Kazakhstan က နယ်မြေတွေကို နေတိုး တပ်ရုတ်တဲ့နေရာ အဖြစ်သုံးခွင့်ရမှာ ဖြစ်ပါတယ်။

အရင်ကတော့ ပါကစ္စတန်ဟာ နေတိုး တပ်ဖွဲ့တွေ အတွက် အဓိက အဝင်အထွက် လမ်းပေါက် ဖြစ်ပေမယ့် ပါကစ္စတန် စစ်သား ၂၄ယောက်ကို လွန်ခဲ့တဲ့ ခြောက်လတုန်းက အမေရိကန် လေတပ်က မတော်တဆ သတ်ဖြတ်မိခဲ့တာကြောင့် အဲဒီလမ်းကြောင်း သုံးခွင့်မရတော့တာ ဖြစ်ပါတယ်။

အခု ဒီနိုင်ငံ သုံးခုနဲ့ သဘောတူညီချက်ဟာ နေတိုးအတွက် ရွေးစရာ လမ်းသစ်တွေ ရလိုက်တာဘဲလို့ နေတိုး အကြီးအကဲ အန်းဒါးစ်ဖို့ဂ် ရပ်စမူဆန်က ပြောပါတယ်။