အတင်းအကျပ် အိမ်ထောင်ချပေးမှုဟာ ရာဇဝတ်မှု မြောက်

အတင်းအကျပ် အိမ်ထောင်ချပေးမှုဟာ ရာဇဝတ်မှု မြောက် တယ်ဆိုတဲ့ ဥပဒေ တရပ်ကို အင်္ဂလန်၊ ဝေးလ်စ် နဲ့ မြောက်အိုင်ယာလန် နိုင်ငံတွေမှာ ပြဌာန်းလိုက်ပြီ ဖြစ်တယ်ဆိုတာကို ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကြေညာ ပြောဆိုလိုက် ပါတယ်။

တစုံတဦးကို သူ့ရဲ့ စိတ်ဆန္ဒမပါပဲ အတင်းအကျပ် အိမ်ထောင်ချထားပေးမယ်ဆိုရင် ကျွန်အဖြစ်ခိုင်းစေတာထက်ကို ပိုဆိုးပြီး၊ ရာဇဝတ်မှုမြောက် တာကြောင့် ဒါကို ကာကွယ်တားဆီးရမယ်လို့ မစ္စတာကင်မရွန်းက ပြောပါတယ်။

ဗြိတိန် နိုင်ငံမှာ ခန့်မှန်းချေ အရဆိုရင်၊ မိန်းကလေး အများစု ဖြစ်တဲ့ လူငယ် ၈ ထောင်လောက် ဟာ နှစ်စဉ်ဆိုသလို အတင်းအကျပ် အိမ်ထောင်ပြုခံ နေရတယ်လို့ ဆိုပါတယ်။

တခြားမသိရတဲ့ အတင်းအကျပ် အိမ်ထာင်ပြုခံရတာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါ တယ်။

တချို့ဆိုရင် ဗြိတိန် ဥပဒေက သတ်မှတ်ထားတဲ့ အသက်အရွယ် ထက် ငယ်ပြီး ၁၆ နှစ်အောက် လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိသားစု အများစုဟာ ပါကစ္စတန်၊ ဘင်ဂလားဒေ့ရှ် အိန္ဒိယ လူမှု အသိုင်းအဝိုင်းက ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ