ဂရိ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်

ဓာတ်ပုံ မူပိုင် AFP
Image caption ဝန်ကြီးချုပ်သစ် Antonis Samaras

ဂရိနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီခေါင်းဆောင်က ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

ဒါကြောင့် ယူရိုဇုန်ထဲမှာ ဂရိ ပါဝင်နေမှုကြောင့် ခြိမ်းခြောက် အန္တရယ်ပေးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ကမောက်ကမ ဖြစ်နေမှုတွေ အဆုံးသတ်တော့မှာလား ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ် လာနေပါတယ်။

အနိုင်ရ ဗဟို လက်ကျာယိမ်း နယူး ဒီမိုကရေစီ ပါတီက Antonis Samaras ကတော့ စီးပွားရေး အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ ဘာဘဲဖြစ်ဖြစ် လုပ်ဆောင်မယ် လို့ ကတိပေးခဲ့ ပါတယ်။

သူ့ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ ဆိုရှယ်လစ် ပါဆော့ ပါတီနဲ့ လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီလို ပါတီလေးတွေလည်း ပါဝင်ပြီး နိုင်ငံတကာ မြီရှင်တွေရဲ့ ယုံကြည်မှု ပြန်ရဖို့ မျှော်လင့် နေကြပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် ကတော့ ဂရိ ဝန်ကြီးချုပ်သစ် Antonis Samaras နဲ့ ညှိနှိုင်း ဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။