ထောင်ဒဏ်ချမှတ်ဖို့ ဘရေးဗစ် လျှောက်လဲ

Breivik ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံရေး အတွက် တမင် ရည်ရွယ်ပြီး လူသတ်ခဲ့တာ လို့ ဘရေးဗစ် ကဆို

နော်ဝေ နိုင်ငံမှာ Anders Behring Breivik ရဲ့ အမှုကို ရက်သတ္တ ဆယ်ပတ်ကြာ စစ်ဆေး ပြီးတဲ့ နောက်ပိုင်းမှာ သူ့ရှေ့ နေ တွေက သူဟာ စိတ်မနှံ့သူ တဦး မဟုတ်ကြောင်း နဲ့ သူ့ကို ထောင်ဒဏ် အပြစ်ပေးဖို့ လျှောက်လဲ ခဲ့ကြ ပါတယ်။

Anders Breivik က နောက်ဆုံး ထွက်ဆိုချက် ပေးတဲ့ အချိန်မှာ အသတ်ခံ ရသူ တွေရဲ့ မိသားစု တွေနဲ့၊ မသေဘဲ လွတ်မြောက် ခဲ့သူတွေ အများ အပြား ဟာ တရားခွင် ကနေ ထွက်သွား ခဲ့ကြ ပါတယ်။

သူက မနှစ် တုန်းက တိုက်ခိုက်မှု နှစ်ခုမှာ ဆယ်ကျော်သက် အရွယ် လူငယ် အများအပြား ပါဝင်တဲ့ လူ ၇၇ ဦးကို သတ်ဖြတ် ခဲ့တယ်လို့ ဝန်ခံ ထားပါတယ်။

သူ့ကိုယ်သူ နိုင်ငံရေး အရ အကြမ်းဖက်သူ တဦး ဖြစ်တယ်လို့ ဆိုရင်း လူသတ်တာဟာ မှားမှန်း သိပေမယ့် တမင် အဲဒီ လမ်းကို ရွေးချယ် ခဲ့တာလို့ ဆိုပါတယ်။

တရားစွဲ သူတွေ ဖက်ကတော့ သူဟာ စိတ်မနှံ့သူ တဦး ဖြစ်တယ်လို့ ဆုံးဖြတ် စေချင် နေပြီး သူ့ကို စိတ္တဇ ဆေးရုံကို ပို့စေချင် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ