တူရကီ စစ်လေယာဉ် ဆီးရီးယား ပစ်ချ

turkey ဓာတ်ပုံ မူပိုင် BBC World Service
Image caption တူရကီ စစ်လေယာဉ် ပစ်ချမိကြောင်း ဆီးရီးယား ဝန်ခံ

ဆီးရီးယား တူရကီ နယ်စပ်မှာ တူရကီ စစ်လေယာဉ် တစင်းကို ပစ်ချ ခဲ့တယ်လို့ ဆီးရီးယားက ဝန်ခံ လိုက်ပါပြီ။

သောကြာ နေ့က ဆီးရီးယား လေပိုင်နက်ထဲ ဝင်လာတဲ့ ပစ်မှတ် တခုကို လေကြောင်း ခံစစ် အနေနဲ့ ပစ်ချ ခဲ့တယ်လို့ ဆီးရီးယား စစ်ဘက်က ဆိုပါတယ်။

နောက်မှ တူရကီ တိုက်လေယာဉ် ဖြစ်နေမှန်း သိရတယ်လို့ သူတို့က ဆိုပါတယ်။

ပစ်ချ ခံရစဉ်က လေယာဉ် ဘယ်နေရာ ရောက်နေတယ် ဆိုတာ အပါအဝင် ဖြစ်ရပ် နောက်ခံ အသေးစိတ် ကို အားလုံး စဉ်းစား ပြီးမှ တုံ့ပြန်ဖို့ ဆုံးဖြတ်မယ်လို့ တူရကီ ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန်က အရေးပေါ် အစည်း အဝေး အပြီးမှာ ပြောကြား ခဲ့ပါတယ်။

ဘယ်လို တုံ့ပြန်မှာလဲ မရှင်းလင်းဘူးလို့ သတင်းထောက် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ