ဆီးရီးယား ရန်စမှု တူရကီ တုံ့ပြန်မယ်

ဓာတ်ပုံ မူပိုင် AP
Image caption တူရကီ ကင်းထောက် ဂျက်လေယာဉ် ပစ်ချခံရ

တူရကီ ကင်းထောက် ဂျက်လေယာဉ် ဆီးရီးယား က ပစ်ချ ခဲ့မှုကို အမြင့်ဆုံး ရန်စမှု အဖြစ် တူရကီ ဘက်က သတ်မှတ် လိုက်ပါတယ်။

ဒီ ကိစ္စ ကြောင့် စစ်ဖြစ်တဲ့ အထိ မသွားဘူး လို့တော့ ဆိုပါတယ်။

တူရကီ ဘက်က ဘယ်လို တုံ့ပြန် ဆောင်ရွက်မယ် ဆိုတာနဲ့ ပတ်သက်ပြီး အရေးပေါ် အစိုးရ အစည်းအဝေး ခေါ်အပြီးမှာ ဒုဝန်ကြီးချုပ် ဘူးလန့် အာရွန့်က ဒီလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

သောကြာ နေ့က လေယာဉ် ပျက်ကျမှုမှာ ပျောက်ဆုံးနေတဲ့ အဖွဲ့ဝင် တွေကို လိုက်ရှာတဲ့ ကယ်ဆယ်ရေး လေယာဉ် ကိုလဲ ဆီးရီးယား တပ်က လှမ်းပစ် တယ်လို့ မစ္စတာ အာရွန့်က အတည်ပြု ပြောဆို ပါတယ်။

တူရကီ အနေနဲ့ လက်တုံ့ပြန် တိုက်ခိုက် ပိုင်ခွင့် ရှိတယ်လို့ လဲ သူက ဆိုပါတယ်။

နိုင်ငံတကာ ဥပဒေ နဲ့ အညီ တူရကီရဲ့ အခွင့်အရေး ကို ကာကွယ် ခုခံ သွားမယ်လို့ ပြောပါတယ်။

တူရကီရဲ့ တောင်းဆိုမှုနဲ့ အင်္ဂါ နေ့မှာ နေတိုး အရေးပေါ် အစည်းအဝေး ခေါ်ဖို့ ရှိပါတယ်။

ဆီးရီးယား အပြုအမူဟာ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ပြင်းပြင်း ထန်ထန် ခြိမ်းခြောက် နေကြောင်း လုံခြုံရေး ကောင်စီကို တူရကီ က စာရေးသား တိုင်ကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ