ယူရိုဇုန် နိုင်ငံတွေ ပူးပေါင်းဖို့ မာခဲလ်ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမန် ဝန်ကြီးချုပ် မာခဲလ်နဲ့ ပြင်သစ် သမ္မတ အိုလွန်း

ယူရိုဇုန် ထဲမှာ ပါတဲ့ နိုင်ငံတွေ အနေနဲ့ တင်ရှိနေတဲ့ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ပြဿနာကို ပေါင်းစု ဖြေရှင်းဖို့ မတင်ပြခင် စီးပွားရေးနဲ့ နိုင်ငံရေး အရ ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုနေပြီလို့ ဂျာမန် ဝန်ကြီးချုပ် Angela Merkel က အခိုင်အမာ ပြောကြား လိုက်ပါတယ်။

စံနစ်ကို ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတဲ့ အစား အကြွေးတွေကို ဘယ်လို ဝေမျှ ဖြေရှင်းမလဲဆိုတာကို သိတ်အချိန်ယူ ဆွေးနွေး နေကြမှာ သူမ အနေနဲ့ စိုးရိမ်မိတယ်လို့ ဒီနေ့ ကြာသပတေးနေ့မှာ ကျင်းပမယ့် အီးယူ ထိပ်သီး အစည်းအဝေး မတိုင်ခင် မစ္စက် မာခဲလ်က ဆိုပါတယ်။

ဒီ အီးယူ ညီလာခံ ကျင်းပဖို့ ပြင်ဆင်ရေး ကိစ္စတွေအတွက် ပါရီမြို့မှာ ပြင်သစ် သမ္မတ Francois Hollande နဲ့ မစ္စက် မာခဲလ်တို့ တွေ့ဆုံ နေကြပြီး မစ္စတာ အိုလွန်းက သူ့အနေနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဆိုနေချိန်မှာ မစ္စက် မာခဲလ် ကတော့ စီးပွားရေး တိုးတက်မှုကို တွန်းအားပေးတဲ့ ကိစ္စတွေကို ထောက်ခံဖို့ ပြောနေပါတယ်။