အမေရိကန် ကျန်းမာရေး ဥပဒေသစ် ထွက်

obama ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် ဘဝ လုံခြုံရာ ရတဲ့ ပြည်သူ့ အောင်ပွဲ

အခြေခံ ဥပဒေ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင် နေရတဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကို အမေရိကန် တရား လွှတ်တော်ချုပ်က အတည်ပြု ခဲ့ပါတယ်။

ဒါဟာ အိုဘားမား အတွက် သမိုင်းဝင် နိုင်ငံရေး ဆောင်ရွက်ချက်လဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံသား အားလုံး ကျန်းမာရေး အာမခံ ရှိရမယ် ဆိုတဲ့ ဥပဒေ ပါ တောင်းဆိုချက်ဟာ မဖြစ်နိုင်ဘူး ဆိုတဲ့ စောဒက ထုတ်မှု တွေကို တရား ရုံးချုပ်က ပယ်ချ ခဲ့ပါတယ်။

ဒါဟာ အမေရိကန် တွေရဲ့ ဘဝကို ပိုမို လုံခြုံမှု ရှိအောင် လုပ်ပေး လိုက်တာပဲမို့ ဒီဆုံးဖြတ်ချက်ဟာ ပြည်သူ့ အောင်ပွဲ လို့ အိုဘားမားက ကြေညာ လိုက်ပါတယ်။

ရီပတ် ဘလစ်ကန် သမ္မတလောင်း မစ်တ် ရွန်နီကတော့ သူသာ သမ္မတ ဖြစ်ရင် ပြန်ပြင်ရမယ့် ဥပဒေဆိုးလို့ မှတ်ချက် ချပါတယ်။