ဂျာမန် လွှတ်တော်မှာ ယူရိုဇုံအတွက် အရေးကြီး ဆုံးဖြတ်ချက်တချို့ချမှတ်

Euro Crisis ဓာတ်ပုံ မူပိုင် Reuters
Image caption ယူရိုဇုံမှာ ကြွေးမြီ ပြဿနာ ဆက်လက် ရှိနေဆဲ

ယူရိုဇုန်ရဲ့ ငွေးကြေးပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့ ဂျာမန် ဘဏ္ဍာရေး၀န်ကြီး အန်ဂလာ မာခဲလ်ရဲ့ ဘဏ္ဍာငွေတိုးမြှင့်ရေး ဆိုင်ရာ အရေးကြီးမူဝါဒ ၂ ရပ်ကို ဂျာမန် အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။

ယူရိုငွေကြေးသုံးစွဲတဲ့နိုင်ငံတွေမှာ အလွန်အကျွံ အကြွေးတင်မှုတွေ မဖြစ်အောင် ဘတ်ဂျက်စည်းမျဉ်းတွေပါဝင်တဲ့ ဘဏ္ဍာရေး သဘောတူညီချက်တွေကို ဂျာမန်အောက်လွှတ်တော်က မဲပေးပြီးထောက်ခံခဲ့တာပါ။

ဒါ့အပြင် ယူရိုဇုန်မှာ အမြဲတမ်း ကယ်ဆယ်ရေး ရံပုံငွေထားရှိဖို့ကိုလည်း ဂျာမန်ပါလီမန်က သဘောတူခဲ့ပါတယ်။

အခက်အခဲ ကြုံတွေ့နေကြရတဲ့ ဘဏ်တွေဟာ ယူရိုဇုံကနေ ကယ်ဆယ်ကူညီငွေ တိုက်ရိုက်ရယူနိုင်ကြောင်း သဘောတူညီခဲ့ကြတဲ့ ဘရပ်ဆဲလ် မြို့ ဥရောပထိပ်သီး ညီလာခံကနေ မကြာခင်ကပဲ အန်ဂလာ မာခဲလ် ပြန်ရောက်ပြီးနောက် အခုလို လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။