ကင်ညာမှာ ခရစ်ယာန် ဘုရားကျောင်း နှစ်ခု တိုက်ခိုက်ခံရ

ဓာတ်ပုံ မူပိုင် AP
Image caption ဘုရားကျောင်းစောင့် ရဲ ၂ ဦးလည်း သေဆုံးသွားခဲ့ ပါတယ်

ကင်ညာနိုင်ငံမှာ ခရစ်ယာန် ဘုရားကျောင်း ၂ ခု တိုက်ခိုက်ခံခဲ့ရပြီး၊ အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွားတယ်လို့ ကင်ညာ အရာရှိတွေက ပြောကြား လိုက်ပါတယ်။

နိုင်ငံ အရှေ့မြောက်ဘက် မြို့တော် နိုင်ရိုဘီကနေ ဆိုမာလီ နယ်ခြားကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့ ဂရစ်ဆာ ရပ်ကွက်က ချာ့စ်ကျောင်း ၂ ခုထဲကို လက်ပစ်ဗုံးတွေနဲ့ ပထမ ပစ်သွင်းပြီးနောက် သေနတ်သမားတွေက ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ချာ့စ်ကျောင်းတွေကို စောင့်ကြပ်နေတဲ့ ရဲ နှစ်ဦးလည်း သေဆုံး သွားခဲ့ပါတယ်။

မျက်မြင် တွေ့ရှိသူ တဦး ပြောတာကတော့ လမ်းတွေပေါ်မှာ အခုဆိုရင် လုံခြုံရေးတွေက လွဲလို့ ခြောက်ကပ် တိတ်ဆိတ် နေတယ်လို့ ပြောပါတယ်။

ကင်ညာ နိုင်ငံဟာ ပြီးခဲ့နှစ်က စလို့ ဆိုမာလီ နိုင်ငံထဲမှာ ရှိတဲ့ အစ္စလာမ်မစ် အဲလ်ရှာဘတ် အဖွဲ့ကို စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း သူ့နိုင်ငံထဲမှာလည်း တိုက်ခိုက်မှု အတော်များများ ဖြစ်ပွား နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ