ကမ္ဘာ့စီးပွားရေး နှေးကွေးလာနိုင်

IMF ဓာတ်ပုံ မူပိုင် AFP
Image caption တကမ္ဘာ လုံးမှာ စီးပွားရေး နှေးကွေး တဲ့ လက္ခဏာ တွေ တွေ့နေတယ် လို့ Ms Largarde ကဆို

ကမ္ဘာ့ စီးပွားရေး ရဲ့ အနာဂတ် အလားအလာ ဟာ တဖြည်းဖြည်းနဲ့ ပိုဆိုး လာနေတယ် လို့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ အကြီး အကဲ Christine Lagarde က ပြောပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ရင်းနှီးမြှုပ်နှံမှု၊ အလုပ် အကိုင်၊ ဖွံ့ဖြိုးမှု နဲ့ ထုတ်ကုန် ဆိုင်ရာ ညွှန်းကိန်း တွေဟာ ဥရောပနဲ့ အမေရိကန် မှာ သာမက တခြား ဒေသ တွေမှာပါ နှေးကွေး နေတာကို တွေ့ရ တယ်လို့ သူက ဆိုပါတယ်။

အရင်က ဖွံ့ဖြိုးမှုနှုန်း များတဲ့ ဘရာဇီး၊ တရုတ်နဲ့ အိန္ဒိယ လို နိုင်ငံတွေ မှာတောင် စီးပွားရေး နှေးကွေးမှု တွေကို ထင်ထင်ရှားရှား မြင်နေ ရတယ်လို့ လည်း မစ္စ Lagarde က ပြောပါတယ်။

လာမယ့် ဆယ်ရက် အတွင်း ထွက်လာဖို့ ရှိတဲ့ IMF ရဲ့ တရားဝင် ခန့်မှန်းချက် အသစ်နဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံမှာ ပြောကြား ခဲ့ရာမှာ လွန်ခဲ့တဲ့ သုံးလက ထုတ်ပြန် တဲ့ ခန့်မှန်းချက် ထက် ပိုဆိုး လိမ့်မယ်လို့ သူက သတိပေးခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ