အာဖဂန်ကို နိုင်ငံတကာက ဆက်ကူညီသွားမယ်

afghanistans_ ဓာတ်ပုံ မူပိုင် bbc
Image caption အာဖဂန် တိုးတက်ဖို့ နိုင်ငံတကာက ဆက်ကူညီသွားမယ်

ဂျပန်နိုင်ငံ တိုကျိုမြို့တော် မှာ ကျင်းပနေတဲ့ အဆင့်မြင့် အစည်းအဝေးကို တက်ရောက် လာကြတဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေက အာဖဂန် နစ္စတန် နိုင်ငံအတွက် ကူညီရေး ရန်ပုံငွေ ဒေါ်လာ ၁၆ ဘီလီယံ လောက် ရနိုင်လိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။

ဒါကိုကြည့်ရင် အာဖဂန်က နေတိုး ဉီးဆောင်တဲ့ တပ်ဖွဲ့တွေ ထွက်သွားတော့မယ့် ၂၀၁၄ နောက်ပိုင်း အထိ ကာဘူးလ် အနေနဲ့ နိုင်ငံတကာရဲ့ အထောက်အပံ့တွေ ရနေဉီးမယ့် သဘောဖြစ်ပါတယ်။

ဒါပေမယ့် ဒီအကူငွေ တွေရရှိရေးမှာ ကြုံတွေနေရတဲ့ အခက်အခဲတွေထဲက တခုက အာဖဂန် နစ္စတန် နိုင်ငံအတွင်းက အဂတိ လိုက်စားမှုတွေ နဲ့ပတ်သက်လို့ အလှူရှင် နိုင်ငံတွေက စိုးရိမ် နေကြတာပဲ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးကို တက်လာကြတဲ့ ကိုယ်စားလှယ် အဖွဲ့တွေ က အာဖဂန် အစိုးရဆီက နိုင်ငံအတွင်း အဂတိ လိုက်စားမှု ပပျောက်ရေး အစီအစဉ် သစ် တွေနဲ့ ပတ်သက်လို့ အာမခံချက် တခုခု ရဖို့ကို မျှော်လင့် နေကြပါတယ်။