အာဖဂန်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွား

nato_forces_in_afghanistan ဓာတ်ပုံ မူပိုင်
Image caption အာဖဂန်နစ္စတန်က နေတိုး တပ်ဖွဲ့ဝင်များ

အာဖဂန်နစ္စတန် နိုင်ငံ အနှံ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၃၅ ဉီးထက် မနည်း အသက် ဆုံးရှုံး ခဲ့ရပါတယ်။

နိုင်ငံရဲ့ အရှေ့ပိုင်းမှာ လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲ ခဲ့တဲ့ အတွက် အမေရိကန် စစ်သား ၆ ဉီး သေဆုံး ခဲ့ရပါတယ်။ နိုင်ငံ တောင်ဘက်မှာ ဖြစ်ပွား ခဲ့တဲ့ အလားတူ တိုက်ခိုက် မှုတွေ ကြောင့်လည်း နေတိုး တပ်ဖွဲ့ဝင် တဉီး သေဆုံး ခဲ့ရသလို အာဖဂန် ရဲ တပ်ဖွဲ့ဝင် တွေနဲ့ အရပ်သား တွေ အပါအဝင် ကျေးလက် ပြည်သူ ၁၈ ဉီးလည်း သေဆုံး ခဲ့ရပါတယ်။

တိုကျို မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံကနေ အာဖဂန် နစ္စတန် နိုင်ငံကို နိုင်ငံတကာ အလှူရှင် တွေက ဒေါ်လာ ၁၆ ဘီလီယံ လောက် အကူအညီ ပေးဖို့ အတွက် ကတိတွေ ပြုခဲ့ကြတဲ့ အချိန်မှာ အခုလို တိုက်ခိုက်မှု တွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ အလှူငွေ တွေက လည်း ၂၀၁၄ မှာ နေတိုး ဉီးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေ အာဖဂန်က ထွက်သွား ပြီးတဲ့ နောက်မှာ လိုအပ်လာမယ့် လုံခြုံရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေး တွေဘက်မှာ သုံးစွဲ နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ