ဗြိတိန် အထက်လွှတ်တော် ပြုပြင်ရေး အရေးနိမ့်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မျိုးရိုးနဲ့ ခန့်တဲ့ အမတ် တွေကို ရွေးကောက် ရတော့မယ်

ဗြိတိသျှ အစိုးရရဲ့ အထက် လွှတ်တော် ပြုပြင် ပြောင်းလဲရေး စီမံကိန်း တွေ နှောင့်နှေး ခဲ့ရပါတယ်။

ဥပဒေ အချိန်ဇယား ဆွဲရေး မဲမခွဲခင် မှာ ညွန့်ပေါင်း အဖွဲ့ထဲက ကွန်ဆာဗေးတစ် အမတ် တွေက အတိုက်အခံ လေဘာ ပါတီ အမတ် တွေနဲ့ ပေါင်းပြီး ကန့်ကွက် မဲပေးမယ်လို့ ခြိမ်းခြောက် ကြပါတယ်။

ဒီဥပဒေ ကြောင့် မျိုးရိုးနဲ့ ခန့်တဲ့ လက်ရှိ အမတ် နေရာ အများစုကို ရွေးကောက် တင်မြှောက် ရတော့မှာ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ကန့်ကွက်သူ မနည်း လှပေမယ့်လဲ ဥပဒေ ကို မူအားဖြင့် ထောက်ခံ ခဲ့ကြ ပါတယ်။

အထက် လွှတ်တော် ပြုပြင်ရေးဟာ ကွန်ဆာဗေးတစ် ပါတီရဲ့ ညွန့်ပေါင်း မဟာမိတ် လစ်ဘရယ် ဒီမိုကရက် တွေရဲ့ အဓိက မူဝါဒ ဖြစ်ပါတယ်။