ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်နေပြီလို့ ICRC ပြော

syria_red_cross ဓာတ်ပုံ မူပိုင် ICRC
Image caption ဆီးရီးယား နိုင်ငံအတွင်းက ကြက်ခြေနီများ

စစ်မက်ဆိုင်ရာ ဂျနီဗာ ကွန်ဗင်းရှင်းကို ကာကွယ် စောင့်ရှောက်သူတွေ ဖြစ်ကြတဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက ဆီးရီးယား မှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို ပြည်တွင်းစစ် အဖြစ် သတ်မှတ်လို့ ရနေပြီလို့ ယုံကြည် ကြောင်း ပြောကြား လိုက်ပါတယ်။

အဲဒီ အတွက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ အခုလို ဖော်ပြထားပါတယ်။

ဂျနီဗာ ကွန်ဗင်းရှင်းကို စောင့်ရှောက်တဲ့ အဖွဲ့ဖြစ်လို့ စစ်ဖြစ်လာရင် စစ်ပွဲဆင်နွဲမှုတွေကိုလည်း စောင့်ကြည့်လေ့လာ ရတဲ့ အကြောင်းနဲ့ စစ်ဆင်နွဲသူတွေကို လည်းလိုက်နာ ရမယ့် စည်းကမ်းတွေကို အသိပေးမှာ ဖြစ်ကြောင်း တွေကို ဖော်ပြထားပါတယ်။

ဆက်လက်ပြီး တိုက်ခိုက် နေကြသူတွေ အားလုံးဟာ ဂျနီဗာ သဘောတူညီချက် အရ တိုက်ခိုက်မှုတွေကို လိုအပ်တာထက် မပိုတဲ့ အင်အားသုံးနိုင်ပေမယ့် အရပ်သား ပြည်သူတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ နောက်ပြီး လူနေမှုအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို တိုက်ခိုက်မှု တွေမလုပ်ဖို့ကို တားဖြစ်ထားပါတယ်။

အဲဒီ တားမြစ်ချက် တွေကို ဖောက်ဖျက်ပြီး တိုက်ခိုက် ကြသူတွေဟာ တချိန်မှာ စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက် တင်ခံကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ