ဒမတ်စကတ်စ် မြို့အနီး တိုက်ပွဲတွေဖြစ်

syria damascus ဓာတ်ပုံ မူပိုင် AFP
Image caption ဒမတ်စကတ်စ် မြို့အနားမှာလည်း တိုက်ပွဲတွေဖြစ်နေ

ဆီးရီးယား နိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်စ် အနားမှာတော့ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ သတင်းတွေ ရရှိပါတယ်။

သူပုန် ဆီးရီးယား လွတ်မြောက်ရေး တပ်မတော်က တပ်ဖွဲ့ဝင် တွေနဲ့ တိုက်ခိုက်ကြရာမှာ အစိုးရတပ်တွေ ဘက်က တင့်ကား တွေနဲ့ အမြောက်ကြီး တွေသုံးခဲ့တဲ့ အကြောင်း အတိုက်အခံတွေ ဘက်က ပြောပါတယ်။

မြို့ရဲ့ တောင်ဘက်စွန်းပိုင်းက ပါလက်စတိုင်း ဒုက္ခသည် စခန်း အနားမှာ အခုလို တိုက်ခိုက်မှု တွေဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရပ်ကွက်တွေက ဒေသခံ တွေလည်း ဘေးလွတ်ရာကို ထွက်ပြေး သွားကြပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကတော့ ဆီးရီးယား ဟာ ပြည်တွင်းစစ် ဖြစ်နေပြီ ဖြစ်ပြီး ဂျနီဗာ သဘောတူညီချက် ကိုချိုးဖောက်သူတွေ အကုန်လုံး အရေးယူ ခံရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ